Wednesday, January 28, 2026

ကိုဗစ်ထိန်းချုပ်နိုင်ရန် ဆေးရုံမှာ ကုသကြဖို့ ကျောက်မဲဆေးရုံအုပ် တိုက်တွန်း

သျှမ်းမြောက် ကျောက်မဲမြို့တွင် ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ဆေးရုံမှာ လာရောက်ကုသကြဖို့ ကျောက်မဲ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်က တိုက်တွန်းထားသည်။

ကျောက်မဲဆေးရုံ

ကျောက်မဲတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲ ဖြစ်ပြီး နေအိမ်တွင်း ကုသနေမှုများကြောင့် ကိုဗစ်ပိုး ပျံ့နှံ့မှု၊ သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

“ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းနည်းပေမယ့် ကြက်ခြေနီအဖွဲ့ကိုလည်း အကူညီတောင်းပြီး ဆေးရုံလာတက် နေတဲ့သူ တွေကို ကြည့်ကြပ်ပေးနေတယ်၊ အဲ့တော့ နေအိမ်မှာ ကြိတ်ကုတာထက် ဆေးရုံဆေးခန်းမှာ လာကုသင့်တယ်” ဟု ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်က တိုက်တွန်းလိုက်သည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း(၈)ဦးရှိပြီး ကြက်ခြေနီအဖွဲ့မှ (၃)ဦးကိုလည်း ခေါ်ယူထားကြောင်း၊ ကိုဗစ်လူနာများအပြင် အခြားရောဂါဖြင့်ဆေးရုံတက်ရောက်နေသူများလည်း ရှိပြီး လူနာ (၁၅၀)ခန့်အား ကြည့်ကြပ်ပေးနေတာဖြစ်ကြောင်း သိရသည်။

“လူနာတွေကို (၂)ပိုင်းခွဲထားတယ်၊ သာမန်ဖျားနာတဲ့လူနာတွေကိုတော့ နေ့တိုင်း သွားပြီး စစ်ဆေးတာတွေ မလုပ်ပေးနိုင်ဘူး၊ အရေးပေါ်လူနာတွေ၊ အောက်ဆီဂျင်ရှူနေရတဲ့ လူနာတွေကိုတော့ ဦးစားပေးအနေနဲ့ စောင့်ရှောက်ပေးနေတယ်” ဟု ဆေးရုံအုပ်က ပြောသည်။

ထိုဆေးရုံတွင် အောက်ဆီဂျင်ရှူနေရသည့် လူနာ (၃၀)ဦးခန့်ရှိနေပြီး တစ်နေ့လျှင် အောက်ဆီဂျင်အိုး (၉၀)လုံးခန့်ထိ အသုံးပြုနေရသည့်အတွက် အောက်ဆီဂျင်အခက်ခဲတော့ ရှိနေကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် သြဂုတ်လ (၂၅)ရက် ယနေ့မနက်ပိုင်းမှ စတင်ပြီး ဆေးရုံတွင်းရှိ မျက်စိဆောင်တွင် ရုံးပိတ်ရက်မှလွဲပြီး နေ့စဉ် Task Kit ဖြင့် ကိုဗစ် စစ်ဆေးပေးနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲတွင် ယမန်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၈၀၀)နီးပါး ရှိနေပြီး သေဆုံးသူ (၄၀)ကျော်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...