ကျောက်မဲမြို့တွင်း TNLA လူဖမ်းဆီးပြီးနောက် ညမထွက်ရ အမိန့် ထုတ်ပြန်လာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ကျောက်မဲမြို့ အခွန်လွတ်ဈေးဘက်ရှိ လက်ဘက်ရည်ဆိုင်အတွင်း လူဝင်ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် စစ်ကောင်စီမှ ညမထွက်ရအမိန့် ထုတ်ပြန်လာကြောင်း သတင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၉) ရက် ည ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီ မှ အင်အားအပြည့်ရှိသည့် စစ်ကား ၈ စီး ဝန်းကျင်သည် ကျောက်မဲမြို့တော်ခန်းမသို့ရောက်ပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြည်သူများ သိရှိရခြင်းဖြစ်ကြောင်း ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက ၇ နာရီလောက်မှာ မြို့တော်ခန်းမအနီးမှာ စစ်ကား ၈ စီးလောက်က စစ်သားတွေ အပြည့်နဲ့ ရောက်လာတယ်။ အဲ့ကြောင့် ကျမတို့က ထူးဆန်းတယ်လို့ တွေးပြီးမကြာဘူး ရာအိမ်မှူး နဲ့ အုပ်မှူးတွေဆီကနေ ည ၇ နာရီနောက်ပိုင်း အပြင် မထွက်ရဘူးလို့ အကြောင်းကြားလာတယ်။ စာမထုတ်ဘူး လိုက်လည်း မကြေညာဘူး” ဟု ၎င်း အမျိုးသမီးက ပြောသည်။

ကျောက်မဲမြို့

လက်ရှိ ကျောက်မဲမြို့နယ်အတွင်း ည ၇ နာရီနောက်ပိုင်း အပြင်မထွက်ရဟု ထုတ်ပြန်တားမြစ်လာခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ ညတွင် TNLA တပ်ဖွဲ့မှ အခွန်လွတ်ဈေးဘက်ရှိ လက်ဘက်ရည်ဆိုင်အတွင်း လူဝင်ဖမ်းခြင်းနှင့် သက်ဆိုင်နိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။

“အဲ့လက်ဘက်ရည်ဆိုင်အတွင်းကို ဝင်ဖမ်းတဲ့အချိန်က ည ၈ နာရီလောက်ပဲ ရှိအုံးမယ်။ တပ်သားသစ် စုဆောင်းတဲ့ စာရင်းထဲ ပါတဲ့သူတွေကို ဝင်ဖမ်းတာတဲ့။ စာရင်းမပါတဲ့ သူလည်း ဖမ်းသွားတဲ့အထဲပါတော့ မဆိုင်တဲ့သူတွေကို မနေ့က (စက်တင်ဘာလ ၁၉) ရက် မွန်းလွဲပိုင်းမှာ ပြန်လွတ်ပေးတယ်လို့ ကြားတယ်။ အဲ့ဒါပြီး ညရောက်တော့ ၇ နာရီနောက်ပိုင်း ည မထွက်ရ အမိန့် ထွက်လာတာပဲ” ဟုအထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ယင်းကဲ့သို့ ညမထွက်ရ အမိန့်ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ အနေဖြင့် ဝမ်းစာရှာဖွေ စားသောက်ရေးအတွက် ပိုမိုခက်ခဲလာနိုင်ကြောင်း နှင့် သူခိုးဓါးပြများ ပိုမိုများပြားလာမည်ကို စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောသည်။

“တချို့က ညဈေးဆိုင်လေးဖွင့်ပြီး ဝမ်းစာအတွက် လုပ်ရတာရှိတယ်။ အခုလို လုပ်ရင် သူတို့အတွက် ခက်ခဲသွားမှာပေါ့။ နောက်တစ်ခုက သူခိုးတွေက လူခြေတိတ်ချိန် လှုပ်ရှားတာများတာလေ။ အခုလို ၇ နာရီနောက်ပိုင်း လမ်းပေါ် လူမရှိတော့ရင် သူခိုးတွေ ထင်သလို လှုပ်ရှားလို့ ရသွားမှာပေါ့” ဟု ကျောက်မဲမြို့နယ်မှ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး ကလည်း ပြောသည်။

ကျောက်မဲမြို့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းများ ပေါများစွာ ပေါ်ထွက်လာပြီး သက်ဆိုင်ရာ တာဝန်ရှိသူများလည်း ဖြေရှင်းနှိမ်နင်းခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့သည် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်ကြသော ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီ တပ်ဖွဲ့ လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...