ကျောက်မဲမြို့နယ်

ကျောက်မဲ အမည်မသိလက်နက်ကိုင်အဖွဲ့ကြောင့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရပြီး ပရဟိတအသင်းမှ ကူညီသူအချို့ ဖမ်းဆီးခံရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ကြောင့် အရပ်သားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး ပရဟိတအသင်းမှ ကူညီသူအချို့လည်း ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက် ၇ နာရီခွဲအချိန်ခန့်က ကျောက်မဲမြို့ ရပ်ကွက်(၁)တွင် အသက် ၂၇ နှစ်အရွယ်ရှိ စိုင်းခွန်ချို ဆိုသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက...

ကျောက်မဲမြို့ အမျိုးသားကို ညီနောင်မဟာမိတ်တပ်အတွက် ရိက္ခာဝယ်ပေးသူဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်မှ အမျိုးသား တစ်ဦးကို မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ အတွက် ရိက္ခာဝယ်ယူပေးသူဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ်မှ အသက် (၃၀)...

ယာယီအပစ်ရပ်ကာလ စစ်ကောင်စီနှင့် TNLA ကျောက်မဲမြို့နယ်ျ တိုက်ပွဲ ဆက်ဖြစ်

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၉ နာရီခန့်မှ ၁၁ နာရီကျော်အထိ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ် ခမရ-၅၀၁/၅၀၂ နှင့် တအာင်း(ပလောင်)တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ...

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၅ လုံး မီးလောင်

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဘက်တိုက်ပွဲအကြား ပြည်သူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၃၁ ရက်) နံနက်ပိုင်းအချိန်တွင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဈေးတန်းရပ်ရှိ...

သီပေါမြို့နယ်၊ ကျင်သီရွာခံ စစ်ရှောင်များ စားသောက်ရေး နှင့် အနွေးထည် အကူအညီများလိုအပ်

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျင်သီကျေးရွာမှ စစ်ဘေး တိမ်းရှောင်ထွက်ပြေး နေရသည့် ဒေသခံ များသည် နေရပ်မပြန်နိုင်ကြသေးသည့်အတွက် စားသောက်ရေး နှင့် အနွေးအထည် အကူအညီများ လိုအပ်နေ ကြောင်းစုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား...

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့တင်ပို့ ဂတ်စ်ပိုက်လိုင်းတလျှောက် အဆောက်အဦး ၁၆၀ နီးပါး ပျက်စီး

သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့ တင်ပို့ရောင်းချနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက် အဆောက်အဦး ၁၆၀ နီးပါး ပျက်စီးသွားခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRFကထုတ်ပြန်လိုက်သည်။ အောက်တိုဘာလ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖော် ဦးဆောင်သည့် “၁၀၂၇ စစ်ဆင်ရေး”အပြီး...

ကျောက်မဲ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ၁၄ နှစ်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်) ညနေ ၅...

ကျောက်မဲမြို့ တိုင်းရင်းသားလက်နက်ကိုင်တံဆိပ်ပါ အလောင်းပေါင်း ၇၀ ကျော်တွေ့ သတင်းအမှား

သျှမ်းပြည် ကျောက်မဲမြို့ရှိ နတ်ရေကန်ဝိမုတ္တိ ဘုန်းကြီးကျောင်းနှင့် တရုတ်သချိုင်းအနီးတွင် ရှိသော ရှိုထဲတွင် သေဆုံးပွနေသော (TNLA၊ KIA၊ MNDAA၊ AA၊ PDF) တံဆိပ်များပါ အလောင်းပေါင်း ၇၀ ကျော်တွေ့ရှိသည် ဆိုသည့် သတင်းအမှား ဖြန့်ဝေနေသည်။ ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် “ ပွတ်ပွနေသာ အလောင်းများအား...

ကျောက်မဲ စစ်ကောင်စီတပ် ခလရ- ၅၀၁ ကို TNLA နှင့် မန္တလေး- PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၅၀၁ ကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နံနက် ၉ နာရီကျော်အချိန်ခန့်က ကျောက်မဲမြို့ လွယ်ခွင်တောင်ဘက်ရှိ စစ်ကောင်စီ ခလရ-၅၀၁ တပ်ကို TNLA နှင့်...

ကျောက်မဲ လေကြောင်းဗုံးကြဲမှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီးလောင်သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီး‌လောင်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) ည ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်မဲအေးရှားဝေါလ် တိုးဂိတ်အနီးရှိ BOC...

Latest news