ကျောက်မဲ စစ်ကောင်စီတပ် ခလရ- ၅၀၁ ကို TNLA နှင့် မန္တလေး- PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၅၀၁ ကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နံနက် ၉ နာရီကျော်အချိန်ခန့်က ကျောက်မဲမြို့ လွယ်ခွင်တောင်ဘက်ရှိ စစ်ကောင်စီ ခလရ-၅၀၁ တပ်ကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံများက ပြောသည်။

Photo-Credit

“ဒီနေ့ကျောက်မဲမြို့ထဲဘက်ထိတော့ ဘာမှမဖြစ်လိုက်ဘူး။ လက်နက်ကြီးနဲ့ မြို့ပြင်ဘက်တွေကို ပစ်သွားတာမျိုးရှိတယ်၊ နာရီခြားတစ်ခါ အဲ့လိုတော့ အသံကြားနေရတယ်။ မနက် ၉ နာရီလောက်က ၅၀၁ တပ် လွယ်ခွင်တောင်ဘက်မှာ ပစ်ခတ်သံ ကြားရတယ်။ အဲ့တပ်နားကို မဟာမိတ်တပ်တွေ ကပ်လာတော့ တိုက်ပွဲဖြစ်လာတဲ့သဘောထင်တယ်။ ၁၀ နာရီလောက်ကျတော့ ပြန်ဆုတ်သွားတာလား မသိဘူး၊ တပ်ထဲအထိတော့ မဝင်နိုင်သေးဘူး”ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇/၂၈ ရက်)က စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် နားခေါ်၊ လွယ်ခေါ်၊ ပန်ပေါင်း၊ ဇောတိကုန်း၊ နမ့်ဟူးတောင်းကျေးရွာများမှ ဒေသခံပြည်သူ ၁၀၀၀ ခန့်သည် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း ကျောက်မဲမြို့ ဒေသခံများထံမှ သိရသည်။

“ကျောက်မဲမှာ ဒီနှစ်ရက် သုံးရက်အတွင်း တိုက်ပွဲဖြစ်လို့ ဇောတိကုန်း၊ နမ့်ဟူးတောင်း၊ ပန်ပေါင်းဘက်က မြို့နားက ဒီရွာတွေ စစ်ရှောင်ကြရတယ်။ နောက်ပြီးတော့ နားခေါ်၊ လွယ်ခေါ်ရွာတွေဘက်မှာလဲ ဘုန်းကြီးကျောင်းကို ထွက်ပြေးရတာရှိတယ်။ ဒီနေ့အထိလဲ ထပ်ရှောင်နေရတုန်းဆိုတော့ စစ်ဘေးရှောင်ဦးရေက မငြိမ်သေးဘူး။ ခန့်မှန်းခြေကတော့ ၁၀၀၀ နီးပါးရှိမယ်”ဟု ကျောက်မဲမြို့မှ စစ်ဘေးရှောင်ကူညီသူတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo-Credit

ထို့အပြင် နိုဝင်ဘာ ဒုတိယပတ်က ကျောက်မဲမြို့နယ် နောင်ပိန်ဂုတ်တွင်းတွင် ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်ရှိ အောင်ဓမ္မာရုံ၊ ထန်းတပင်၊ လုပ်ပါ၊ ခေးနင်း‌ကျောင်းတိုက်နှင့် ရှမ်းစာပေယဉ်ကျေးမှုခန်းမတို့တွင် စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော် တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်ကလည်း ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်မဲအေးရှားဝေါလ် တိုးဂိတ်အနီးရှိ BOC ဓာတ်ဆီဆိုင်နှင့် အနီးရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ၎င်းပျက်စီးမှုကြားတွင် ကျား/မ ခွဲခြားမရနိုင်ဘဲ မီးလောင်သေဆုံးနေသော အလောင်း ၄ လောင်း တွေ့ရှိခဲ့သည်ဟု ကျောက်မဲဒေသခံများက ပြောသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် စကခ-(၁) ၊ ခမရ-(၅၀၁) (၅၀၂) နှင့် အမြောက်တပ်-၃၅၂ တို့ အခြေစိုက်ပြီး လက်ရှိတွင် ကျောက်မဲမြို့ စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်လျက် ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...