ကျောက်မဲ အမည်မသိလက်နက်ကိုင်အဖွဲ့ကြောင့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရပြီး ပရဟိတအသင်းမှ ကူညီသူအချို့ ဖမ်းဆီးခံရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ကြောင့် အရပ်သားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး ပရဟိတအသင်းမှ ကူညီသူအချို့လည်း ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့

ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက် ၇ နာရီခွဲအချိန်ခန့်က ကျောက်မဲမြို့ ရပ်ကွက်(၁)တွင် အသက် ၂၇ နှစ်အရွယ်ရှိ စိုင်းခွန်ချို ဆိုသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံများက ပြောသည်။

“မနက် ၇ နာရီခွဲ အချိန်လောက်က ဘယ်ကမှန်းမသိတဲ့ လက်နက်ကိုင်အဖွဲ့က လာပြီးတော့ ပြည်သူတစ်ယောက်ကို သေနတ်နဲ့ ပစ်သွားတယ်။ ကမ္ဘောဇသျှမ်းကျောင်း အနောက်ဘက်မှာ ပစ်ခံရတာ၊ တစ်ယောက်ထဲ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူကိုဗျာ။ ကျောကုန်းကနေ သေနတ်ပစ်ခံရတာ ကျည်က ဗိုက်ကနေ ပြန်ထွက်လာတော့ အူတွေကော ထွက်ကျလာတယ်”ဟု ကျောက်မဲမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်တွင်လည်း ကျောက်မဲမြို့ရှိ “အိုမ်တမာဝ်း” လူမှုကူညီရေးအသင်းမှ ကူညီလှုပ်ရှားသူများကိုလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့မှ အရပ်ဝတ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

“အရင်က အိုမ်တမာဝ်းအဖွဲ့ထဲမှာ လှုပ်ရှားတဲ့သူတချို့ အဖမ်းခံရတာ။ မသန်းနု အပါအဝင် လေးငါးယောက် အဖမ်းခံရတယ်လို့တော့ ကြားတယ်။ ဘာကြောင့် ဖမ်းခံရလဲဆိုတာတော့ သေချာမသိဘူး။ ဖမ်းခံရတာကတော့ ၈ ရက်လောက် ရှိတော့မယ်၊ စစ်ဝတ်စုံနဲ့မဟုတ်ဘဲ သေနတ်ကိုင်ပြီး အရပ်ဝတ်နဲ့ ဝင်ဖမ်းသွားတာ။ ဘယ်အဖွဲ့က ဖမ်းခေါ်သွားမှန်း သေချာမသိရဘူး”ဟု ကျောက်မဲမြို့မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ ကျောက်မဲမြို့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့များက သေနတ်ကိုင်ဆောင်ပြီး မြို့ပေါ်၌ ပေါ်ပေါ်ထင်ထင် သွားလာနေကြခြင်းကြောင့် ပြည်သူများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများက ပြောသည်။

“အခုက မြို့ထဲမှာဆိုရင် သူတို့သေနတ်ပဲတွေ့ရတယ်၊ အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်အဖွဲ့ကမှန်း မသိဘူး။ အဲ့လိုပဲ လူတွေကို လာဖမ်းသွားရင်လည်း ဘယ်အဖွဲ့က လာခေါ်သွားတယ် ဖမ်းသွားတယ်ဆိုတာ သေချာမပြောနိုင်ဘူး။ အဲ့တာကြောင့် လူတွေက လွတ်လွတ်လပ်လပ် ရှာစားဖို့တောင်မှ ကျီးလန့်စာစား ဖြစ်နေကြတယ်”ဟု ကျောက်မဲမြို့မှ ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင်လည်း ကျောက်မဲမြို့နယ်မှ အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးကို ညီနောင်မဟာမိတ်တပ်များအတွက် ရိက္ခာဝယ်ပေးသူဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်မဲဒေသခံများမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...