Wednesday, January 28, 2026

ကျောက်မဲ အမည်မသိလက်နက်ကိုင်အဖွဲ့ကြောင့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရပြီး ပရဟိတအသင်းမှ ကူညီသူအချို့ ဖမ်းဆီးခံရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ကြောင့် အရပ်သားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး ပရဟိတအသင်းမှ ကူညီသူအချို့လည်း ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့

ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက် ၇ နာရီခွဲအချိန်ခန့်က ကျောက်မဲမြို့ ရပ်ကွက်(၁)တွင် အသက် ၂၇ နှစ်အရွယ်ရှိ စိုင်းခွန်ချို ဆိုသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံများက ပြောသည်။

“မနက် ၇ နာရီခွဲ အချိန်လောက်က ဘယ်ကမှန်းမသိတဲ့ လက်နက်ကိုင်အဖွဲ့က လာပြီးတော့ ပြည်သူတစ်ယောက်ကို သေနတ်နဲ့ ပစ်သွားတယ်။ ကမ္ဘောဇသျှမ်းကျောင်း အနောက်ဘက်မှာ ပစ်ခံရတာ၊ တစ်ယောက်ထဲ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူကိုဗျာ။ ကျောကုန်းကနေ သေနတ်ပစ်ခံရတာ ကျည်က ဗိုက်ကနေ ပြန်ထွက်လာတော့ အူတွေကော ထွက်ကျလာတယ်”ဟု ကျောက်မဲမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်တွင်လည်း ကျောက်မဲမြို့ရှိ “အိုမ်တမာဝ်း” လူမှုကူညီရေးအသင်းမှ ကူညီလှုပ်ရှားသူများကိုလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့မှ အရပ်ဝတ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

“အရင်က အိုမ်တမာဝ်းအဖွဲ့ထဲမှာ လှုပ်ရှားတဲ့သူတချို့ အဖမ်းခံရတာ။ မသန်းနု အပါအဝင် လေးငါးယောက် အဖမ်းခံရတယ်လို့တော့ ကြားတယ်။ ဘာကြောင့် ဖမ်းခံရလဲဆိုတာတော့ သေချာမသိဘူး။ ဖမ်းခံရတာကတော့ ၈ ရက်လောက် ရှိတော့မယ်၊ စစ်ဝတ်စုံနဲ့မဟုတ်ဘဲ သေနတ်ကိုင်ပြီး အရပ်ဝတ်နဲ့ ဝင်ဖမ်းသွားတာ။ ဘယ်အဖွဲ့က ဖမ်းခေါ်သွားမှန်း သေချာမသိရဘူး”ဟု ကျောက်မဲမြို့မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ ကျောက်မဲမြို့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့များက သေနတ်ကိုင်ဆောင်ပြီး မြို့ပေါ်၌ ပေါ်ပေါ်ထင်ထင် သွားလာနေကြခြင်းကြောင့် ပြည်သူများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများက ပြောသည်။

“အခုက မြို့ထဲမှာဆိုရင် သူတို့သေနတ်ပဲတွေ့ရတယ်၊ အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်အဖွဲ့ကမှန်း မသိဘူး။ အဲ့လိုပဲ လူတွေကို လာဖမ်းသွားရင်လည်း ဘယ်အဖွဲ့က လာခေါ်သွားတယ် ဖမ်းသွားတယ်ဆိုတာ သေချာမပြောနိုင်ဘူး။ အဲ့တာကြောင့် လူတွေက လွတ်လွတ်လပ်လပ် ရှာစားဖို့တောင်မှ ကျီးလန့်စာစား ဖြစ်နေကြတယ်”ဟု ကျောက်မဲမြို့မှ ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင်လည်း ကျောက်မဲမြို့နယ်မှ အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးကို ညီနောင်မဟာမိတ်တပ်များအတွက် ရိက္ခာဝယ်ပေးသူဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်မဲဒေသခံများမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...