အရပ်သားပစ်ခံရ
ကျောက်မဲ အမည်မသိလက်နက်ကိုင်အဖွဲ့ကြောင့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရပြီး ပရဟိတအသင်းမှ ကူညီသူအချို့ ဖမ်းဆီးခံရ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ကြောင့် အရပ်သားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး ပရဟိတအသင်းမှ ကူညီသူအချို့လည်း ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက် ၇ နာရီခွဲအချိန်ခန့်က ကျောက်မဲမြို့ ရပ်ကွက်(၁)တွင် အသက် ၂၇ နှစ်အရွယ်ရှိ စိုင်းခွန်ချို ဆိုသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက...





