စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့တင်ပို့ ဂတ်စ်ပိုက်လိုင်းတလျှောက် အဆောက်အဦး ၁၆၀ နီးပါး ပျက်စီး

သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့ တင်ပို့ရောင်းချနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက် အဆောက်အဦး ၁၆၀ နီးပါး ပျက်စီးသွားခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRFကထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖော် ဦးဆောင်သည့် “၁၀၂၇ စစ်ဆင်ရေး”အပြီး သျှမ်းမြောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်ရှိ မြို့နယ်များကို စစ်ကောင်စီက လေကြောင်းမှလည်းကောင်း၊ ကုန်းကြောင်းမှလည်းကောင်း အဆင်အခြင်မဲ့ တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၇ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ မြို့နယ်များမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် နမ့်ခမ်း မြို့နယ် ၅ ခုတို့ ဖြစ်သည်။

လက်ရှိ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်နေသည့် ကျေးရွာများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် နီးစပ်နေသဖြင့် အဆင်အခြင်မဲ့တိုက်ခိုက်မှုများကြောင့် အန္တရာယ်ကြီး မားလွန်းသော ပိုက်လိုင်းပေါက်ကွဲမှု များဖြစ်ပေါ်လာမည်ကိုစိုးရိမ်မှုများ မြင့်တက်နေလျက်ရှိကြောင်း ဆိုသည်။

“ပိုက်လိုင်းထိခိုက်တာတော့ မရှိပေမယ့် ပိုက်လိုင်းနဲ့အနီးစပ်ဆုံးကတော့ ကျောက်မဲမှာဖြစ်ခဲ့တဲ့ ပန်တိန် ကျေးရွာမှာဆိုရင် မြေပြင်အဆောက်အဦးကတော့ ပျက်စီးမှုရှိတယ်။ ပိုက်လိုင်း ပျက်စီးမှုတော့ မရှိဘူး။ ဒါပေမယ့် ပိုက်လိုင်းနဲ့အနီးဆုံး ရောက်နေတယ်” ဟု SHRFမှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်တွင်လည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နောင်ချိုမြို့ အနောက်ဖက် ၆ ကီလိုမီတာဝေးကွာသည့် ကျောက်ကြမ်းရွာသည် ပိုက်လိုင်းနှင့် မီတာ ၁၀၀ သာဝေးကွာသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်က စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ကျောက်မဲမြို့ အရှေ့ဖက် မူဆယ်-မန္တလေးအဝေးပြေးလမ်းပေါ်ရှိ ဗူးခါးရွာသည်လည်း ပိုက်လိုင်းနှင့် မီတာ ၅၀၀ သာကွာဝေးနေလျက်ရှိသည်။

လက်ရှိ ညီနောင်မဟာမိတ်သုံးဖော် အလုံးစုံထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကလည်း ၎င်းတို့မထိန်းချုပ်နိုင်ခင် ဒီဇင်ဘာလ ၁၆ ရက်က စစ်ကောင်စီသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် မီသာ ၄၀ သာကွာဝေးတဲ့ နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...