ကျောက်မဲမြို့ အမျိုးသားကို ညီနောင်မဟာမိတ်တပ်အတွက် ရိက္ခာဝယ်ပေးသူဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်မှ အမျိုးသား တစ်ဦးကို မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ အတွက် ရိက္ခာဝယ်ယူပေးသူဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ်မှ အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦးသည် ကားတစ်စီးဖြင့် မြို့တက်ပြီး စားသောက်ကုန်ခြောက် ပစ္စည်းများ ဆန်၊ ဆီ၊ ဆား နှင့် ခေါက်ဆွဲခြောက်များ ဝယ်ယူပြီး ပြန်လာစဥ် စစ်ကောင်စီ တပ်မှ ၎င်း၏ ကားကို တားပြီး စစ်ဆေးမေးမြန်းရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“သူဝယ်လာတဲ့ ဆန်တွေ၊ ခေါက်ဆွဲခြောက်တွေ ဆိုတာကလည်း အိမ်မှာစားဖို့ပဲ၊ ရွာက သူတွေက အခြေ အနေ အရရော၊ ငွေကြေးအရရော မြို့တခါတက်ရင် အဲ့လိုတွေပဲ အများကြီးဝယ်ပြီး ပြန်သွားကြတာ။ အဲ့တာကို စစ်ကောင်စီက ဘယ်သူ့ အတွက်ဝယ်ပေးတာလဲ၊ မဟာမိတ်တပ်တွေအတွက်လား စစ်မေးတာ။ မဟုတ်ဘူး ဖြေလည်း နောက်ထပ် စစ်မေးဖို့ရှိတယ် ဆိုပြီး သူ့ကို ဖမ်းခေါ်သွားတာ” ဟု ဖြစ်စဥ်ကို သိရှိသည့် လုံခြုံရေး အရ အမည်မဖော်လိုသူ အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲရဲစခန်း

လက်ရှိအချိန်တွင် အဆိုပါ အမျိုးသားကို စစ်ကောင်စီတပ်ဖွဲ့မှ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည် ကို မသိရသည့် အကြောင်း နှင့် မိသားစုဝင်များထံသို့လည်း ဆက်သွယ်အကြောင်းကြားမှု မရှိသေးပေ။

စစ်ကောင်စီ၏ စွပ်စွဲမှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသားသည် မိသားစုအတွက် ဝင်ငွေရှာဖွေနေသူ ဖြစ်သည့်အတွက် အမျိုးသမီး ဖြစ်သူ နှင့် ကလေးကျန်ရစ်နေပြီး မိသားစုဝင်နှင့် ဆွေမျိုးများက ၎င်းအတွက် စိုးရိမ်ပူပန်နေကြကြောင်းလည်း သိရသည်။

“စိတ်ပူတာကတော့ ပူတာပေါ့၊ ဒါပေမဲ့ ဘယ်ကနေ လိုက်ရမှန်း မသိဘူးဖြစ်နေလို့ သူ့မိသားစုဝင်တွေလည်း ဘာမှ မလုပ်နိုင်ကြသေးဘူး။ အခုလို အခြေအနေမျိုးက ဘာမှဆို ဖြစ်သွားနိုင်တာမို့ အားလုံးက စိတ်ပူနေကြတာ။ အနည်းဆုံးတော့ ဘယ်နေရာမှရှိလဲဆိုတာ မိသားစုဝင်တွေကို အသိပေးသင့်ပါတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကိုဗစ် နောက်ဆက်တွဲ နှင့် စစ်တပ်အာဏာသိမ်းမှု၊ ၁၀၂၇ စစ်ဆင်ရေးကြောင့် နိုင်ငံရေး ရှုပ်ထွေးမှု စသည့် ပြဿနာ များကြောင့် ကုန်ဈေးနှုန်းသည် တစ်စထက်တစ်ထက် မြင့်တက်လာသည့်အတွက် ဒေသခံပြည်သူ များသည် အခြေအနေ နှင့် ငွေကြေးပေါ် မူတည်ကာ ရိက္ခာခြောက်၊ ကုန်ပစ္စည်းခြောက်များကို ဝယ်ယူ စုဆောင်းလေ့ရှိ ကြောင်းလည်း သိရသည်။

အလားတူပင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် နမ့်ဆန်မြို့ ဒေသခံ အမျိုးသား (၄) ဦးသည်လည်း ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...