Wednesday, January 28, 2026

ကျောက်မဲမြို့နယ်

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် အရပ်သား ၂ ဦးထိမှန်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ယနေ့ မနက်ပိုင်းက တိုက်ပွဲကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ နို၀င်ဘာလ ၁၄ ရက် ယနေ့မနက် ရ နာရီ ဝန်းကျင်က တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့...

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ခရီးသွားလူထု  လမ်းခရီးနှောင့်နှေးကြန့်ကြာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း  TNLA တပ်တို့ကြားတိုက်ပွဲဖြစ်ပွါးသဖြင့် ဒေသခံလူထု လမ်းခရီးပြတ်တောက်ကြန့်ကြာခဲ့ရကြောင်း သိရသည်။ နိုဝင်ဘာလ ၁၁ ရက် ယမန်နေ့က ည ၇ နာရီအချိန်ကစပြီး ကျောက်မဲမြို့နယ် ကွန်ကောက်အုပ်စု တော့ဖယ်ရွာအနီး အစိုးရတပ်နှင့် TNLA ကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးခဲ့သည့်အပြင် မိုင်းငေါ့မြို့နယ်ခွဲဘက်မှနေ၍ အစိုးရတပ်မှ...

မိုင်းငေါ့မြို့နယ်ခွဲတွင် သံဃာ ၃ပါး မိုင်းနင်းမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ပန်တမော့ ကျေးရွာတွင်  သီတင်းကျွတ်လပြည့်နေ့က သံဃာတော် ၃ ပါး မိုင်းနင်းမိကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၃ ရက် ည ၇ နာရီ ဝန်းကျင်အချိန်က  သံဃာတော် ၃ ပါးသည် နမ့်ဆန်မြို့နယ် လွယ်ခလေးရွာ တွင် ပြုလုပ်မည့်...

ကျောက်မဲမြို့နယ် အတွင်း ဆိုင်ကယ်ဈေးသည်များပစ်သတ်ခံနေရ လုံခြုံရေးအတွက် စိုးရိမ်နေ

သျှမ်းပြည်နယ် မြောက်ပိုင်း မိုင်းငေါ့မြို့နယ် အတွင်း ဆိုင်ကယ် ဈေးသည် တဦး သေနတ် ပစ်ခံ ရပြီးနောက် ဈေးသည်များ စိုးရိမ်ထိတ်လန့်မှုဖြင့် ဈေးရောင်းနေရကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၂ ရက်နေ့က ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ဟဲခမ်းနှင့် နားယ ကျေးရွာ ကြား အသက် ၃၂...

ကျောက်မဲ နောင်ပိန်တွင် အမျိုးသမီးတဦး သတ်ခံရ ၊အလောင်း ပိုင်ရှင်မဲ့ဖြစ်နေ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ အနီးတွင် အမျိုးသမီး တဦး အသတ်ခံရပြီး၊ ယနေ့အချိန်ထိ အလောင်းမှာ ပိုင်ရှင်မဲ့ ဖြစ်နေကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၅  ရက်နေ့က အသက် ၃၀ ဝန်းကျင် အမျိုးသမီး တဦးသည် ကျောက်မဲမြို့နယ် နောင်ပိန်ရဲစခန်းအပိုင် လွိုင်လန်း...

ကျောက်မဲမြို့အမြှောက်တပ်ဘက်တွင် ပစ်ခတ်သံ လက်နက်ကြီးသံများကြောင့်လူထုထိတ်လှန့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အမြှောက်တပ်ဘက်တွင် ပစ်ခတ်သံများကြားရသဖြင့် ဒေသခံလူထု ထိတ်လှန့်မှုရှိနေကြောင်းသိရသည်။ သြဂုတ်လ ၁၆ ရက် ည ၁၀ နာရီခန့်က သေနတ်ပစ်ခတ်သံ လက်နက်ကြီးငယ်ပစ်ခတ်သံများကြား ရခြင်းဖြစ်ကြောင်း ကျောက်မဲဒေသခံများကပြောသည်။ “ကနေ့ည ၁၀ နာရီအချိန်လောက်မှာပေါ့ ၃၅၂ အမြှောက်တပ်နားမှာ ပစ်ခတ်သံလက်နက်ကြီးသံကြားတယ်။ ဘယ်သူ့လက်ချက်၊ ဘယ်လိုဖြစ်လဲဆိုတာတော့မသိရသေးဘူခင်ဗျ။ ညလည်းနက်ပြီဆိုတော့ ဘယ်သူမှနေအိမ်ကနေမထွက်ရဲကြဘူးလေ။...

ကျောက်မဲမြို့ နယ်အတွင်း နွားကား ပစ်ခတ်ခံရ ယာဉ်မောင်းသေ နောက်လိုက်ဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေအားလျှပ်စစ် လမ်းခွဲတွင် နွားများတင်ဆောင်လာသည့် ကားတစီး သေနတ်ပစ်ခံရပြီး ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၇ ရက် ည ၁၀ နာရီခန့်က ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ၊ အထက်ရဲရွာ...

ကျောက်မဲ နမ့်ဟူးတောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၇ (၁) မှ ပြန်လွှတ်ရန် ဒေသခံ ၅၀၀ ကျော် တောင်းဆို

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးတောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချို ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) မှ ပြန်လွှတ်ရန် ဒေသခံ ၅၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။ ဦးစိုင်းတင်ချို ကို သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ...

ပြောင်းဆန် ရောင်းဝယ်မှု အငြင်းပွားရာမှ ကျောက်မဲမြို့နယ် တောင်သူ တဦးသေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုမုန်း အုပ်စု နမ့်ဟူးကျေးရွာတွင် ပြောင်းဆန် ရောင်းဝယ်ရာမှ အချင်းချင်း အငြင်းပွားကာ အသက် ၄၆ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မေလ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က ဦးထိန်ဝင်း အသက်...

အစိုးရတပ်အား TNLA ချောင်းပစ် မိုင်းငေါ့မြို့ခံတဦးထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ အတွင်း အစိုးရတပ်မတော် စစ်ကြောင်း တခုအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကစောင့်ကြပ်ပစ်ခတ်ရာ စျေးရောင်းဖို့သွားသည့် ဒေသ ခံ အမျိုးသမီး တဦးအားထိမှန်ကြောင်း သတင်းရရှိသည်။ မတ်လ ၉ ရက် နံနက် ၁၀ နာရီကျော်အချိန် မိုင်းငေါ့မြို့ အနောက်ဘက် ရန်ကင်းတောင်ဘုရားကုန်းပေါ်တွင်...

Latest news