Tuesday, January 27, 2026

မိုင်းငေါ့မြို့နယ်ခွဲတွင် သံဃာ ၃ပါး မိုင်းနင်းမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ပန်တမော့ ကျေးရွာတွင်  သီတင်းကျွတ်လပြည့်နေ့က သံဃာတော် ၃ ပါး မိုင်းနင်းမိကြောင်း သတင်းရရှိသည်။

Photo Credit to U Tin Maung Thein- ဒဏ်ရာရ သံဃာတော်များအား  ဆေးရုံသို့ပို့ဆောင်နေကြစဉ်

အောက်တိုဘာ ၁၃ ရက် ည ၇ နာရီ ဝန်းကျင်အချိန်က  သံဃာတော် ၃ ပါးသည် နမ့်ဆန်မြို့နယ် လွယ်ခလေးရွာ တွင် ပြုလုပ်မည့် သံဃာတော်များ ပူဇော်ပွဲအတွက်ကြွရာ လမ်းတွင် လက်လုပ်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ မနေ့ည ၇ နာရီမှာဖြစ်တာ။ ကျနော်တို့ဒီမနက် မှ သွားခေါ်နိုင်ခဲ့တယ်။ အခု သံဃာ ၃ပါး စလုံးက ကျောက်မဲပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်”  ဟု အိုမ်တမောဝ် လူမှု ကူညီရေး အသင်း မှ အဘမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသည့် သံဃာတော်များမှ သက်တော် ၂၈ နှစ် ဝါတော် ၈ ဝါ ရှိသည့် ဦးသောဘိတ သည် မျက်လုံး နှင့် ရင်ဘတ်ဒဏ်ရာရရှိကြောင်း၊ သက်တော် ၂၇ နှစ် ဝါတော် ၇ ဝါ ရှိသည့် ဦးစန္ဒိမာ သည် နာရွက်  ၊ ပေါင်  နှင့် လက်များ ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ သက်တော် ၂၆ နှစ် ဝါတော် ၆ ဝါ ရှိ ဦးခေမိန္ဒ သည် ညာဘက် ခြေဖမိုး၊ ပေါင် တို့တွင်ထိခိုက်ကာ ဒဏ်ရာ မစိုးရိမ်ရကြောင်း အဘမ်း ကပြောသည်။

Photo Credit to U Tin Maung Thein- ဒဏ်ရာရ သံဃာတော်များအား  ဆေးရုံသို့ပို့ဆောင်နေကြစဉ်

ယခုအောက်တိုဘာလအတွင်း ကျောက်မဲခရိုင်အတွင်း မြေမြုပ်မိုင်းနင်းမိသူများမှာ သံဃာတော် ၃ ပါးအပြင် အရပ်သား ၄ ဦး စုစုပေါင်း ၇ ဦး ရှိပြီး ၎င်းတို့အနက် အရပ်သား ၂ ဦး (အမျိုးသမီးများ) မှာသေဆုံးခဲ့ကြောင်းသိရသည်။

ကျောက်မဲခရိုင် အတွင်း စက်တင်ဘာ နှင့် အောက်တိုဘာ လဆန်း အတွင်း မြေမြုပ်မိုင်းနင်းမိသူ ၁၀ ဦးအထက် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...