မိုင်းငေါ့မြို့နယ်ခွဲတွင် သံဃာ ၃ပါး မိုင်းနင်းမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ပန်တမော့ ကျေးရွာတွင်  သီတင်းကျွတ်လပြည့်နေ့က သံဃာတော် ၃ ပါး မိုင်းနင်းမိကြောင်း သတင်းရရှိသည်။

Photo Credit to U Tin Maung Thein- ဒဏ်ရာရ သံဃာတော်များအား  ဆေးရုံသို့ပို့ဆောင်နေကြစဉ်

အောက်တိုဘာ ၁၃ ရက် ည ၇ နာရီ ဝန်းကျင်အချိန်က  သံဃာတော် ၃ ပါးသည် နမ့်ဆန်မြို့နယ် လွယ်ခလေးရွာ တွင် ပြုလုပ်မည့် သံဃာတော်များ ပူဇော်ပွဲအတွက်ကြွရာ လမ်းတွင် လက်လုပ်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ မနေ့ည ၇ နာရီမှာဖြစ်တာ။ ကျနော်တို့ဒီမနက် မှ သွားခေါ်နိုင်ခဲ့တယ်။ အခု သံဃာ ၃ပါး စလုံးက ကျောက်မဲပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်”  ဟု အိုမ်တမောဝ် လူမှု ကူညီရေး အသင်း မှ အဘမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသည့် သံဃာတော်များမှ သက်တော် ၂၈ နှစ် ဝါတော် ၈ ဝါ ရှိသည့် ဦးသောဘိတ သည် မျက်လုံး နှင့် ရင်ဘတ်ဒဏ်ရာရရှိကြောင်း၊ သက်တော် ၂၇ နှစ် ဝါတော် ၇ ဝါ ရှိသည့် ဦးစန္ဒိမာ သည် နာရွက်  ၊ ပေါင်  နှင့် လက်များ ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ သက်တော် ၂၆ နှစ် ဝါတော် ၆ ဝါ ရှိ ဦးခေမိန္ဒ သည် ညာဘက် ခြေဖမိုး၊ ပေါင် တို့တွင်ထိခိုက်ကာ ဒဏ်ရာ မစိုးရိမ်ရကြောင်း အဘမ်း ကပြောသည်။

Photo Credit to U Tin Maung Thein- ဒဏ်ရာရ သံဃာတော်များအား  ဆေးရုံသို့ပို့ဆောင်နေကြစဉ်

ယခုအောက်တိုဘာလအတွင်း ကျောက်မဲခရိုင်အတွင်း မြေမြုပ်မိုင်းနင်းမိသူများမှာ သံဃာတော် ၃ ပါးအပြင် အရပ်သား ၄ ဦး စုစုပေါင်း ၇ ဦး ရှိပြီး ၎င်းတို့အနက် အရပ်သား ၂ ဦး (အမျိုးသမီးများ) မှာသေဆုံးခဲ့ကြောင်းသိရသည်။

ကျောက်မဲခရိုင် အတွင်း စက်တင်ဘာ နှင့် အောက်တိုဘာ လဆန်း အတွင်း မြေမြုပ်မိုင်းနင်းမိသူ ၁၀ ဦးအထက် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...