ကျောက်မဲမြို့နယ်

ကျောက်မဲ ကိုဗစ် လူနာသစ် မတွေ့ရှိ

သျှမ်းမြောက် ကျောက်မဲမြို့တွင် ကိုဗစ် -၁၉ ကူးစက်ခံရသည့် လူနာသစ် မတွေ့ရှိတော့ကြောင်း သတင်းသိရသည်။ ထို့အပြင် ကျောက်မဲ ခရိုင်ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ် - ၁၉ အတည်ပြုလူနာအားလုံး ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။ “မြို့မှာ ပိုးတွေ့လူနာသစ်ကို မနေ့ကလည်း မတွေ့ဘူး၊ ဒီနေ့လည်း မတွေ့ဘူး၊ ဒီရက်ပိုင်း လူနာသစ်...

တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုဖြစ်သည့် (TNLA ၊ SSPP/SSA)နှင့် RCSS/SSA တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ “လွယ်ဆာရွာအနီးမှာ လက်နက်ကြီး ကျတယ်လို့ ကြားတယ်၊ လွယ်ဆာရွာက ဒီနေ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာနဲ့ သိပ်မဝေးဘူး၊...

ကျောက်မဲ -သီပေါကြား တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲ နေ့စဉ်ဖြစ်ပွား

သျှမ်းမြောက် ကျောက်မဲ နှင့် သီပေါမြို့နယ် အကြား မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးအနီးတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်နေကြောင်း သတင်းသိရသည်။ ကျောက်မဲနှင့် သီပေါမြို့နယ်အစပ် ဖြစ်သည့် ချောင်းချောက်၊ နောင်အန်း၊ ပိန်းမ္မန၊ ကြံခင်း၊ နမ့်အွမ်၊ ကျင်သီ ကျေးရွားအနီးနားတို့တွင်...

ကျောက်မဲ စစ်ရှောင်စခန်းတွင် မုန့်ဖုတ်သင်တန်း ပြုလုပ်

သျှမ်းမြောက် ကျောက်မဲမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုရှိ စစ်ရှောင်စခန်းတွင် မုန့်ဖုတ်သင်တန်း ပြုလုပ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ထို မုန့်ဖုတ်သင်တန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့မှစပြီး ယမန်နေ့အထိ သင်တန်း(၅)ရက် ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။ “အဆင့်မြင့် မုန့်ဖုတ်နည်းတွေ သင်ပေးတာပါ၊ ကိတ်မုန့်တွေ၊ ရိန်းဘိုးကိတ်၊ ဘက်တာကိတ်၊ ချောကလပ်ကိတ် အားလုံး (၁၂)မျိုးရှိတယ်၊...

သီပေါ စစ်ရှောင် ၃၀၀ ကျော် အနွေးထည်၊ စောင်နှင့် စားနပ်ရိက္ခာများ လိုအပ်နေ

သျှမ်းမြောက် သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီးတွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင် ၃၀၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း သိရသည်။ ထိုစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ရက်ပိုင်းက ကျောက်မဲနှင့် သီပေါမြို့နယ်ထိစပ်နေသည့် ကျေးရွာအနီးဖြစ်ပွားသည့် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသူများဖြစ်ကြောင်း သိရသည်။ “သူတို့တွေက အလောတကြီး ထွက်ပြေးလာရတဲ့သူတွေဆိုတော့...

တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ဒေသခံအများအပြား ကြိုတင်တိမ်းရှောင်နေ

သျှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့နယ် အကြားရှိ ဒေသခံ အများအပြားသည် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ကြိုတင်တိမ်းရှောင်နေကြကြောင်း သိရသည်။ “မနေ့က ထွက်လာကြတာ၊ တိုက်ပွဲဖြစ်မှာ ကြောက်လို့ ကြိုတင်ပြေးလာတာ၊ ရွာမှာ အိမ်စောင့်နဲ့ ကျွဲနွားကြည့်ဖို့ လူနည်းနည်းပဲ ရှိတော့တယ်၊ တစ်ရွာလုံး ဆိုရင် ၃ ပုံ ၁...

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကျောက်မဲ မူးယစ်ပြဿနာ ပိုဆိုးလာ

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးပြဿနာသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။ “အာဏာမသိမ်းခင်ကာလကတည်းက မူးယစ်ဆေးသုံးစွဲတာတွေ များတယ်၊ အာဏာလည်း သိမ်းပြီးရော မူးယစ်ဆေးပြဿနာက ပိုဆိုးသွားတယ်၊ ရဲတွေလည်း လုံခြုံရေးမလုပ်နိုင်တော့ဘူး၊ မြို့ပတ်ချာလည်တောင် ကင်းမလှည့်နိုင်တော့ဘူး၊ သူတို့လုံခြုံရေးအတွက် အကာအရံတွေ လုပ်နေရတယ်၊ ဒါလည်း အားလုံးအသိပဲ၊ အဲ့တော့ မူးယစ်ဆေး...

ကျောက်မဲစစ်ရှောင် (၄၀၀)ကျော် ရပ်စောက်မြို့နယ်သို့ ပြောင်းရွှေ့

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် စစ်ရှောင်(၄၀၀) ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ်သို့ ထပ်မံပြောင်းရွှေ့ တိမ်းရှောင်သွားကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ ၂ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင် (၄၀၀)ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းသို့ ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “တချို့က ရပ်စောက်ဘက်ကို ပြောင်းသွားတယ်၊...

ကျောက်မဲ ကုန်းသာရွာသစ် အမျိုးသားတစ်ဦး မိုင်းထိ ဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ကုန်းသာရွာသစ်တွင် ယခုလ (ဇန်နဝါရီ ၁ ရက်) နေ့လည် ၃ နာရီတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ “တောင်ပလို့နဲ့ ကုန်းသာရွာသစ် ကြားမှာ ဖြစ်တာ၊ တောင်ပလို့နဲ့ ပိုနီးတယ်၊ အဲ့နေ့က ကျမတို့ လမ်းမှာ...

လက်နက်ကိုင် ပဋိပက္ခကြားက မြေစာပင်များ

“သူက ရင်ဘက်အောင့်တယ်လို့ တစ်ခွန်းပဲ ပြောပြီး ပါးစပ်ကနေ သွေးတွေ အန်ထွက်လာတယ်၊ ကျမလည်း အရမ်းထိတ်လန့်သွားတော့ ဘာလုပ်ရမယ် မသိတော့ဘူး၊ သူ့ကို တစ်ဖက်က ပွေ့ထားပြီး အော်ငိုတာပေါ့” လို့ အမျိုးသမီး တစ်ဦးက ရှိုက်ငိုသံနဲ့ ရင်ဖွင့်ပါတယ်။  မျက်စိရှေ့မှာတင် သူ့ရဲ့ အမျိုးသားကို သေနတ်နဲ့ အနီးကပ် ပစ်သတ်သွားတာကို...

Latest news