ကျောက်မဲ စစ်ရှောင်စခန်းတွင် မုန့်ဖုတ်သင်တန်း ပြုလုပ်

သျှမ်းမြောက် ကျောက်မဲမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုရှိ စစ်ရှောင်စခန်းတွင် မုန့်ဖုတ်သင်တန်း ပြုလုပ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ထို မုန့်ဖုတ်သင်တန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့မှစပြီး ယမန်နေ့အထိ သင်တန်း(၅)ရက် ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။

“အဆင့်မြင့် မုန့်ဖုတ်နည်းတွေ သင်ပေးတာပါ၊ ကိတ်မုန့်တွေ၊ ရိန်းဘိုးကိတ်၊ ဘက်တာကိတ်၊ ချောကလပ်ကိတ် အားလုံး (၁၂)မျိုးရှိတယ်၊ စစ်ရှောင်စခန်းမှာ ရှိတဲ့ စစ်ရှောင်လူငယ်တချို့နဲ့ အပြင်လူနဲ့ ပေါင်းပြီးတော့ သင်ပေးတာ၊ လာသင်ပေးတဲ့ အဖွဲ့က LTLG အဖွဲ့ပါ၊ သင်တန်းတက်တဲ့လူ အများစုကတော့ အမျိုးသမီးတွေပါပဲ” ဟု ကျောက်မဲ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မုန့်ဖုတ်သင်တန်းတွင် သင်တန်းသားတို့မှ အဆင့်မြင့် မုန့်မျိုးစုံ (၁၂)မျိုးကို သင်ယူခဲ့ရတာဖြစ်ပြီး သင်တန်းဆင်းပွဲကို ယနေ့ (ဇန်နဝါရီ ၁၁)ရက်တွင် ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။

“ပညာတစ်ခု တိုးလာတာပေါ့၊ နောက်ပြီး ဒီဟာကို လုပ်တတ်သွားရင် အပိုဝင်ငွေရမယ်၊ ပြီးတော့ အဖွဲ့ ကွန်ရက်တွေလည်း ချိတ်ဆက်ပေးထားတယ်၊ မုန့်ဖုတ်စက်တွေလည်း ပေးထားတယ်၊ ပစ္စည်း ကိရိယာတွေကိုလည်း ကူညီပေးထားတယ် ဆိုတော့ ဒါက သူတို့အတွက် ဝင်ငွေရလာနိုင်တာပေါ့၊ ဒါက တကယ့်ကို ကောင်းတဲ့ သင်တန်းတစ်ခုပါပဲ” ဟု လုံးလျန်းဟန်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းတွင်လည်း ထိုစစ်ရှောင်စခန်းမှ စစ်ရှောင် (၂၂)ဦးအား ဝါးလက်မှု အခြေခံပညာကို သင်ကြားပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ယခုလအတွင်း အဆင့်မြင့် ဝါးလက်မှုသင်တန်း၊ အခြား အသိပညာဆွေးနွေးရေးတို့ကိုလည်း ပြုလုပ်ပေးဖို့ အစီစဉ် ရှိထားကြောင်း သိရသည်။

ထို သျှမ်းစာပေနှင့်ယဉ်ကျေးမှု စစ်ရှောင်စခန်းတွင် စစ်ရှောင် (၃၀၀)ဝန်းကျင် ရှိနေပြီး အများစုမှာ ဟူးဆွန်၊ မြိုင်းဆိုင်း၊ တွန်ဟိတ်၊ ချုံးသစ်၊ ကျိန်ကိုင်နှင့် နားလဲင့် ကျေးရွာတို့မှ စစ်ရှောင်ပြည်သူများဖြစ်သည်။

ယနေ့ အချိန်ထိ ကျောက်မဲမြို့နယ်အတွင်း မိုင်းတင်းကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်း၊ ရပ်ကွက် (၈) ဓမ္မာရုံနှင့် မိုင်းငေါ့မြို့ စစ်ရှောင်စခန်းတို့ အပါအဝင် စစ်ရှောင်ပြည်သူ (၉၀၀)ကျော် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...