လက်နက်ကိုင် ပဋိပက္ခကြားက မြေစာပင်များ

“သူက ရင်ဘက်အောင့်တယ်လို့ တစ်ခွန်းပဲ ပြောပြီး ပါးစပ်ကနေ သွေးတွေ အန်ထွက်လာတယ်၊ ကျမလည်း အရမ်းထိတ်လန့်သွားတော့ ဘာလုပ်ရမယ် မသိတော့ဘူး၊ သူ့ကို တစ်ဖက်က ပွေ့ထားပြီး အော်ငိုတာပေါ့” လို့ အမျိုးသမီး တစ်ဦးက ရှိုက်ငိုသံနဲ့ ရင်ဖွင့်ပါတယ်။ 

မျက်စိရှေ့မှာတင် သူ့ရဲ့ အမျိုးသားကို သေနတ်နဲ့ အနီးကပ် ပစ်သတ်သွားတာကို မြင်ခဲ့ရသူ၊ ရင်ဘက်အောင့်တယ် လို့သာ တစ်ခွန်းတည်း ပြောပြီး သူမကို ထာဝရ နှုတ်ဆက်သွားခဲ့တယ်။ အဲဒီလူကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က သီပေါ မြို့မစျေးထဲမှာ လုပ်ကြံခံလိုက်ရတဲ့ စိုင်းနန်တောရဲ့ အမျိုးသမီး ဖြစ်ပါတယ်။ 

အဲ့ဒီနေ့က စိုင်းနန်တောနဲ့ သူ့ဇနီးဟာ သီပေါမြို့နယ် တာလုံကျေးရွာကနေ မြို့မစျေးကို အတူတူ ထွက်လာခဲ့ကြတာပါ။ 

“နှစ်သစ်လည်း ရောက်ပြီဆိုတော့ သျှမ်းဝတ်စုံသစ် ဝတ်ဖို့ အထည်ဝင်ဝယ်တယ်၊ ဝယ်ပြီး အဲ့ဒီဆိုင်ကနေ အထွက်၊ နောက်ကနေ လူတစ်ယောက် သူ့ ပုခုံးကို ဖက်လိုက်ပြီး သေနတ်နဲ့ ရင်ဘက်ကို တေ့ပြီး ပစ်လိုက်တာ၊ ကျမရှေ့မှာပဲ သူ့ကို သေနတ်နဲ့ ပစ်လိုက်တာရှင့်” လို့ စိုင်းနန်တော လုပ်ကြံခံရတဲ့ဖြစ်စဥ်ကို လေသံတိုးညှင်းစွာနဲ့ သူမ က ပြောပြပါတယ်။ 

စိုင်းနန်တော ဟာ သျှမ်းမြောက် သီပေါမြို့နယ် တာလုံကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်လာတာ တစ်လကျော်သာ ရှိပါသေးတယ်။ သူဟာ အသက် (၃၀)အရွယ်သာ ရှိသေးပြီး အသက် ၂ နှစ်အရွယ် သားလေးတစ်ယောက်ရှိထားပါတယ်။ 

ဒီလိုဖြစ်ရပ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြားက အညိုးအတေးတွေကြောင့်လို့ ဒေသခံတချို့ကတော့ ဆိုပါတယ်။ 

သျှမ်းပြည်အတွင်းမှာ မပြီးဆုံးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပေ။ 

အဲဒီလို နေရပ်စွန့်ခွာပြီး ပြေးနေရတဲ့သူတွေထဲမှာ မိမိနေထိုင်ရာ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်လို့ ထွက်ပြေးနေရသူတွေ ရှိသလို လက်နက်ကိုင်တွေရဲ့  အန္တရာယ်ကို စိုးရိမ်လို့ ထွက်ပြေးနေရတဲ့ ရပ်ရွာအကျိုး ဆောင်ရွက်သူတွေလည်း ပါပါတယ်။

အဲဒီအထဲမှာ တစ်ချိန်က ရပ်ရွာအကျိုးကို ဦးဆောင်ဦးရွက် လုပ်ကိုင်ခဲ့ဖူးတဲ့ လုံးမြင့် လို ရွာလူကြီးလည်း ပါဝင်နေပါတယ်။

သူဟာ ရွာလူကြီး လုပ်လာတာ ၁ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ သူ့ရဲ့ မိသားစုဝင်တွေက တိုက်ပွဲဖြစ်လို့ တိမ်းရှောင်ခဲ့ရပေမယ့် သူ့အနေနဲ့ကတော့ လက်နက်ကိုင်တပ်တွေရဲ့ ဖိအားပေးတဲ့ဒဏ်ကို မခံနိုင်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ဖြစ်ပါတယ်။ 

“ရွာထဲကို လက်နက်ကိုင်တပ်တွေ ဝင်လာပြီး ဘုန်းကြီးကျောင်းမှာ စခန်းချတယ်၊ ပြီးတော့ ရွာက တာဝန်ရှိသူတွေကို ခေါ်တယ်၊ သူတို့ခိုင်းတာ လုပ်ရတယ်၊ ထမင်းဟင်းတွေချက်ပြီး သူတို့တပ်သားတွေကို လိုက်ဝေပေးရတယ်” လို့ မလွန်ဆန်နိုင်တဲ့အနေအထားကြောင့် ကြိတ်မိတ်ပြီး လုပ်ခဲ့ရတာကို လုံးမြင့် က ဝမ်းနည်းစွာ ပြန်ပြောပြပါတယ်။

အဲ့ဒီအချိန်ဟာ ကျောက်မဲမြို့နယ်ရဲ့ အနောက်ဘက်ရှိ ကျေးရွာတစ်ရွာအနီးမှာ RCSS/SSA တပ်ဖွဲ့ကို တပ်ပေါင်းစုဖြစ်တဲ့ SSPP/SSA နဲ့ TNLA ပူးပေါင်းတပ်က အပြင်းအထန် တိုက်ထုတ်နေတာဖြစ်ပြီး စစ်ကောင်စီကလည်းနိုင်ငံတော်အာဏာကို သိမ်းယူထိန်းချုပ်စ အချိန်ဖြစ်ပါတယ်။

လုံးမြင့် အနေနဲ့ အရင်ကတည်းက ရပ်ရွာအကျိုးကို ပါဝင်ဆောင်ရွက်နေကျဖြစ်ပြီး ဒေသခံတွေကိုယ်တိုင်ရွေးချယ်တင်မြှောက်ထားတဲ့ ရွာလူကြီး တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား စစ်ရေးတင်းမာပြီးနောက် ရွာနားမှာ လာရောက် စခန်းချချိန်ကစလို့ အခြေနေတွေက ပြောင်းလဲသွားခဲ့တယ်လို့ လုံးမြင့်က ပြောပြပါတယ်။

ဒါ့အပြင် တိုက်ပွဲပြင်းထန်ချိန်ဆိုရင် သူအပါအဝင် ရွာမှာရှိတဲ့ တာဝန်ရှိသူတွေက လက်နက်ကိုင်တွေရဲ့ ပစ်မှတ်တစ်ခုလို ဖြစ်လာပြီး ခြိမ်းခြောက်ခံရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။  

“ရွာမှာ တိုက်ပွဲ ပြင်းထန်တုန်းက အထိနာတဲ့ တပ်ဖွဲ့က တစ်ခြားတပ်ဖွဲ့ရဲ့ အနေအထားကို မပြောပြလို့ ဆိုပြီးအပြစ်လာရှာတယ်၊ ခြိမ်းခြောက်တယ်” လို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။

သူ့ရဲ့ ကျေးရွာကနေ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်လာရတာ ခုဆို (၁၀)လကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။ နေရပ်ကို ပြန်ချင်တဲ့ဆန္ဒ ပြင်းပြနေပေမယ့် သူ့အသက်အတွက် အာမခံချက်မရှိတော့ နေရပ်ကို မပြန်ရဲသေးပါ။ 

“ရွာက လက်ဖက်ပင်တွေ အရမ်းကို ရင့်နေပြီ၊ ဒီနှစ်ထဲ ပြန်ပြီး ပြုပြင်နိုင်မှ နောက်နှစ် အရွက်နုတွေ ပြန်ထွက်ပြီးခူးလို့ရမှာ၊ အခုတော့ နေရပ်ပြန်ရဖို့က မလွယ်တော့ဘူး” လို့ သက်ပြင်းရှည်ချရင်း ပြောပြပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသကို လက်ရှိစိုးမိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်က သူ့နေရာမှာ အခြားတစ်ယောက်ကို ရွေးချယ်ခန့်ထားပြီ ဖြစ်လို့ သူ့ရဲ့ အိမ်အပြန်လမ်းက ပိုပြီး ဝေဝါးသွားစေခဲ့ပါတော့တယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ဖိအားပေးမှုကြောင့် တချို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ ထွက်ပြေးတိမ်းရှောင်နေရပါ။ တချို့ကတော့ အမည်မသိ လက်နက်ကိုင်သူတွေရဲ့ လုပ်ကြံခြင်းခံရပြီး သေဆုံးခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် (၃)ဦးဟာ ရပ်ကွက်(၈)ရှိ စားသောက်ဆိုင် တစ်ဆိုင်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အဲ့ဒီဖြစ်စဥ်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့သူ မိုင်းတင်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးဟာလည်း ၂၀၂၀ ခုနှစ် ဇွန်လအတွင်း သူ့ရဲ့တောင်ယာထဲမှာပဲ လက်နက်ကိုင်လူတစ်စုရဲ့ ပစ်သတ်ခြင်းခံရပြီးအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

ဒေသခံ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများ၊ ဥက္ကဌများအပြင် သံဃာတော်တွေလည်း ပစ်ခတ်လုပ်ကြံခံရပြီးပျံလွန်တော်မူခဲ့ရပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ကျောက်မဲမြို့ပေါ် ရပ်ကွက် (၇)မှာရှိတဲ့ ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက်မှကျောင်းထိုင်ဆရာတော်ကို လက်နက်ကိုင်လူတစ်စုက လာရောက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် ပျံလွန်တော်မူခဲ့ရတာဖြစ်ပါတယ်။

“ဆရာတော်ဟာ သူ့ကျောင်းထဲ ရှိနေတဲ့အချိန်မှာ ပစ်ခတ်ခံခဲ့ရတာ၊ ဒါကို ဘယ်သူတွေလာပြီး ပစ်ခတ်သွားတာပါ ဆိုပြီး ဖွင့်ပြောလိုက်ရင် အဲ့ဒီလူအတွက် လုံခြုံမှုက မရှိဘူး၊ ပြောချင်တာက လူ့အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၊ ၆၀) ကတည်းကပဲ ဆိုတော့ နောင်အနာဂတ်အတွက်လည်း ရင်လေးစရာပါပဲ” ဆိုပြီး ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ဆိုထားပါတယ်။

အဲ့ဒီ လုပ်ကြံမှု ဖြစ်ပြီး တစ်နှစ်အကြာမှာပဲ လားရှိုးမြို့နယ် ခေးနင်း ပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ထပ်မံ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြန်ပါတယ်။ 

“သျှမ်းပြည်အတွင်း တောင်ပေါ်ဒေသတွေမှာ လက်နက်နဲ့ အာဏာပြပြီး ဒီလိုဆက်လုပ်သွားမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာဖို့၊ ပညာရေးတွေ မြင့်မားလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီအချက်တွေကို ဆွေးနွေးအဖြေရှာမှုမရှိရင်၊ဦးဆောင်ပြီး ဖြေရှင်းပေးမယ့်သူမရှိရင် ကျနော်တို့လို ပြည်သူတွေရဲ့ လုံခြုံရေးဆိုတာလည်း မျှော်လင့်လို့ ရမှာမဟုတ်ဘူး” လို့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။ 

သျှမ်းပြည် အတွင်းမှာ ခုလို ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေအပြင် သံဃာတော်တွေပါ သတ်ဖြတ်ခံရတာဟာ မကြာခဏကို ကြားနေရပါတယ်။ ဒါပေမယ့် အဖြေမရှိတဲ့ ပုစ္ဆာလိုပါပဲ။ သတ်ဖြတ်ခံရသူ ဦးရေသာ တိုးလာတယ်။ လုပ်ကြံတဲ့သူကိုတော့ ဖမ်းဆီးအရေးယူ အပစ်ပေးနိုင်ခြင်း မရှိသေးပေ။ 

“ကျနော်တို့ သျှမ်းပြည်သူတွေ စည်းစည်းလုံးလုံးရှိဖို့လိုပါတယ်၊ ပြီးတော့ ဒီလိုပြဿနာတွေကို သံဃာတော်တွေ၊ ပြည်သူတွေအပြင် လက်နက်ကိုင်နေတဲ့ အဖွဲ့တွေအားလုံး ပြန်ပြီးစဉ်းစားသင့်တယ်၊ ဆွေးနွေးတိုင်ပင်ပြီး အမြန်ဆုံးအဖြေရှာသင့်ပြီ” ဆိုပြီး ကျောက်မဲမြို့မှ နိုင်ငံရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက တောင်းဆိုထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...