သီပေါ စစ်ရှောင် ၃၀၀ ကျော် အနွေးထည်၊ စောင်နှင့် စားနပ်ရိက္ခာများ လိုအပ်နေ

သျှမ်းမြောက် သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီးတွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင် ၃၀၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း သိရသည်။

ဘော်ကြိုရောက်စစ်ရှောင်

ထိုစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ရက်ပိုင်းက ကျောက်မဲနှင့် သီပေါမြို့နယ်ထိစပ်နေသည့် ကျေးရွာအနီးဖြစ်ပွားသည့် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသူများဖြစ်ကြောင်း သိရသည်။

“သူတို့တွေက အလောတကြီး ထွက်ပြေးလာရတဲ့သူတွေဆိုတော့ အနွေးထည်တွေ၊ စောင်တွေလိုတယ်၊ အခုက ဆောင်းရာသီဆိုတော့ အဲ့တာတွေလိုတယ်၊ စားသောက်ဖို့လည်း လိုတာပေါ့၊ အမျိုးသမီးတွေ ကလေးတွေလည်း များတယ်၊ ကလေးအဝတ်တွေလည်း လိုနေတယ်” ဟု စစ်ရှောင်များကို ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင်များသည် သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စုအတွင်းမှ ဒေသခံများဖြစ်ကြောင်း သိရသည်။


ထို့အပြင် ကျေးရွာအတွင်း ပိတ်မိနေသည့် ဒေသခံများလည်း ရှိနေသေးကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

ဘော်ကြိုရောက်စစ်ရှောင်

“ရွာမှာ ပိတ်မိနေတဲ့သူတွေ မထွက်လာနိုင်တဲ့ သူတွေလည်း ရှိသေးတယ်၊ ကျနော်တို့လည်း အဲ့ထိ မသွားကူနိုင်ဘူး၊ လမ်းတွေလည်း ပိတ်ထားတယ်၊ တချို့က ရွာကနေ ထွက်ပြေးသွားပေမယ့် ဒီစစ်ရှောင်စခန်းကို ရောက်မလာတဲ့သူတွေလည်း ရှိတယ်၊ တချို့က ရွာကနေ ထွက်လာနိုင်ပြီ၊ ဒီနေ့ မနက် ၃၀ ကျော် ထပ်ရောက်လာတယ်” ဟု ၄င်းက ပြောသည်။

သီပေါမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကလည်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့အပြင် သီပေါမြို့နယ် ချောင်းဆုံကျေးရွာမှ ဒေသခံပြည်သူများ၏ နေအိမ်(၆)အိမ်ခန့်လည်း လက်နက်ထိမှန်ပျက်စီးခဲ့ရပြီး နေရပ်မပြန်နိုင်သေးသည့် ဒေသခံများလည်း ရှိနေသေးကြောင်း သိရသည်။

သျှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု အမြန်ဆုံး အဆုံးသတ်ရန် ဒေသခံပြည်သူများ၊ သံဃာတော်များ တောင်ဆိုမှုပြုလုပ်နေသော်လည်း တိုက်ပွဲဖြစ်ပွားမှုမှာ ရပ်တန့်ခြင်း မရှိသေးပေ။

“ဖြစ်နိုင်ရင်တော့ တိုက်ပွဲကို မဖြစ်စေချင်တော့ဘူး၊ ထိုးစစ်ဆင်နေတာတွေ၊ ပစ်ခတ်နေတာတွေကို မလုပ်စေချင်တော့ပါဘူး၊ ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ကို စဉ်းစားပေးစေချင်တယ်၊ ပြည်သူကို စောင့်ရှောက်ပေးကြဖို့ လေးလေးနက်နက်တောင်းဆိုပါတယ်” ဟု သျှမ်းပြည် သံဃာနှင့်ပြည်သူ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ အရှင် ခေမိဿရ က မိန့်ကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...