စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကျောက်မဲ မူးယစ်ပြဿနာ ပိုဆိုးလာ

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးပြဿနာသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။

“အာဏာမသိမ်းခင်ကာလကတည်းက မူးယစ်ဆေးသုံးစွဲတာတွေ များတယ်၊ အာဏာလည်း သိမ်းပြီးရော မူးယစ်ဆေးပြဿနာက ပိုဆိုးသွားတယ်၊ ရဲတွေလည်း လုံခြုံရေးမလုပ်နိုင်တော့ဘူး၊ မြို့ပတ်ချာလည်တောင် ကင်းမလှည့်နိုင်တော့ဘူး၊ သူတို့လုံခြုံရေးအတွက် အကာအရံတွေ လုပ်နေရတယ်၊ ဒါလည်း အားလုံးအသိပဲ၊ အဲ့တော့ မူးယစ်ဆေး သယ်တာတွေ၊ ရောင်းဝယ်တာတွေက အရမ်းကို များလာတယ်” ဟု ကျောက်မဲခရိုင် မာနာအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ်သူများထဲတွင် အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်များလည်း ပါဝင်ပြီး အမျိုးသမီးများလည်း ပိုမိုသုံးစွဲလာကြောင်း သိရသည်။

“ကျနော်တို့ မြို့မှာက ကလေးတွေ လူမမယ်လေးတွေ မူးယစ်ဆေးသုံးတာများလာတယ်၊ မိန်းကလေးတွေ ပျက်စီးတာ များလာတယ်၊ ကျနော်တို့ တွေ့နေရတာက အသက် ၁၀ နှစ် ၁၂ နှစ်ဝန်းကျင်တွေလည်း ပါတယ်၊ အသက် အငယ်ဆုံးလို့ ပြောလို့ရတဲ့ ၈ နှစ်အရွယ်ဝန်းကျင် ကလေးတွေတောင် တွေ့နေရတယ်၊ အမျိုးသမီးကြီးတွေလည်း ပါတာပဲ” ဟု ဦးတင်မောင်သိန်းက ဆက်ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း ကျောက်မဲမြို့ ရပ်ကွက်(၉) နှင့် တောင်နောက်ကြားရှိ လယ်ကွင်း (ဒေသအခေါ် သဖန်းဆိပ်)တွင် မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် သုံးစွဲလာကြောင်း သိရသည်။

ထိုသဖန်းဆိပ်နေရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူ၊ ဝင်ထွက်သွားလာနေသူ နေ့စဉ် ရာနှင့်ချီရှိနေကြောင်း ဒေသခံများက ပြောသည်။

“အရင်ကတော့ ဒီ အင်ကျင်းတောင်ဘက်တွေမှာ များတယ်၊ တိုက်ပွဲတွေဖြစ်တော့ မြို့ပေါ်ကို ပြောင်းလာတဲ့သူများတယ်၊ အိမ်သစ်တွေလာဆောက်တယ်၊ အဲ့တောင်ပေါ်မှာ နေရာလွတ်သိပ်မရှိတော့ဘူး၊ ခုက တောင်နောက်ဘက်မှာ သွားစုနေကြတာ၊ ပြီးတော့ သင်္ဂြိုင်းကုန်းအဟောင်းဘက်တွေမှာ များတယ်၊ ကျနော်တို့မြို့ကတော့ မူးယစ်ဆေးဝါးက အခြေနေ အရမ်းကို ဆိုးနေပြီ” ဟု ရပ်ကွက် (၈)နေ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် စစ်ရှောင်လာရသည့် ပြည်သူ ထောင်ချီရှိခဲ့ပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးသူ ရာချီကျန်ရှိနေဆဲဖြစ်သည်။

ထို့အပြင် ကျောက်မဲမြို့တွင် အိမ်ရာမဲ့များလည်း ပိုမိုများပြားလာပြီး ပစ္စည်းခိုးယူခံရမှုလည်း များပြားလာ ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...