ကျောက်မဲ ကိုဗစ် လူနာသစ် မတွေ့ရှိ

သျှမ်းမြောက် ကျောက်မဲမြို့တွင် ကိုဗစ် -၁၉ ကူးစက်ခံရသည့် လူနာသစ် မတွေ့ရှိတော့ကြောင်း သတင်းသိရသည်။

ထို့အပြင် ကျောက်မဲ ခရိုင်ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ် – ၁၉ အတည်ပြုလူနာအားလုံး ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။

“မြို့မှာ ပိုးတွေ့လူနာသစ်ကို မနေ့ကလည်း မတွေ့ဘူး၊ ဒီနေ့လည်း မတွေ့ဘူး၊ ဒီရက်ပိုင်း လူနာသစ် မတွေ့တာ နည်းနည်းကြာပြီ၊ ဆေးရုံမှာလည်း ကိုဗစ်အတည်ပြုလူနာ မရှိတော့ဘူး၊ အားလုံး ဆင်းသွားပြီ” ဟု ကျောက်မဲ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်လူနာသစ် ထပ်မံမတွေ့ရှိရသော်လည်း ပြည်သူများ အနေဖြင့် ကိုဗစ်စည်းကမ်းလိုက်နာမှု၊ Mask စနစ်တကျ တပ်ဆင်မှု အားနည်းနေသေးကြောင်း သိရသည်။

တချို့ ရပ်ကွက်များတွင် ကျန်းမာရေးမကောင်းသည့် ကိုဗစ် သံသယလူနာများ ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

“ဆေးရုံစာရင်းတွေ အရတော့ ကိုဗစ် လူနာသစ်တွေ မရှိတော့ဘူး၊ ဒါပေမယ့်လည်း ရပ်ကွက်တွေထဲမှာ ကိုဗစ်လက္ခဏာနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေကိုတော့ တွေ့နေရသေးတယ်၊ သူတို့တွေက ဆေးရုံကို မသွားကြတော့ဘူး၊ နေအိမ်မှာပဲ ဆေးကုနေကြတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မြို့တွင်း တချို့နေရာများတွင် ရံဖန်ရံခါ Mask မတပ်သူများအား ဖမ်းဆီးကာ ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း သိရသည်။
ထို့အပြင် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ် ကာကွယ်ဆေးထိုးထားသည့် ရက်ချိန်းပြည့်သူများကို တနင်္ဂနွေနေ့မှလွဲပြီး မြို့တော်ခန်းမတွင် မနက် ၉ နာရီကျော်မှ နေ့လည် ၁၂ နာရီအထိ ထိုးနှံပေးနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ် မိုင်းလုံ၊ မိုင်းငေါ့မြို့တို့အပါအဝင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာ (၁၉၀၀)ဝန်းကျင် ရှိခဲ့ပြီး သေဆုံးသူ (၁၀၇)ဦး ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...