Thursday, May 2, 2024

ကျောက်မဲ ကုန်းသာရွာသစ် အမျိုးသားတစ်ဦး မိုင်းထိ ဒဏ်ရာရ

Must read

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ကုန်းသာရွာသစ်တွင် ယခုလ (ဇန်နဝါရီ ၁ ရက်) နေ့လည် ၃ နာရီတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။

“တောင်ပလို့နဲ့ ကုန်းသာရွာသစ် ကြားမှာ ဖြစ်တာ၊ တောင်ပလို့နဲ့ ပိုနီးတယ်၊ အဲ့နေ့က ကျမတို့ လမ်းမှာ သန့်ရှင်းရေးလုပ်တာ၊ သူက ပေါက်ပြားနဲ့ သွားပေါက်မိတာလေ၊ ညနေ ၃ နာရီလောက်က ဖြစ်သွားတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းထိသူမှာ အသက် (၇၀)အရွယ်ရှိ ဦးအေး ဖြစ်ပြီး တောင်ပလို့ – ကုန်းသာရွာသစ် လမ်းဘေးတွင် မိုင်းထိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် လည်ပင်း၊ ဘယ်ဘက် ခြေသလုံး၊ လက်နှင့် ခါးတို့တွင် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ကျောက်မဲပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

မိုင်းကွဲသည့် နေရာသည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုဖြစ်သည့် TNLA ၊ SSPP/SSA တပ်တို့ လှုပ်ရှားသွားလာသည့် နေရာများ ဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာများတွင် ပြည်သူများ မိုင်းနင်းမိမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများ၊ ခြေထောက်ဖြတ်ခံသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article