တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုဖြစ်သည့် (TNLA ၊ SSPP/SSA)နှင့် RCSS/SSA တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။

“လွယ်ဆာရွာအနီးမှာ လက်နက်ကြီး ကျတယ်လို့ ကြားတယ်၊ လွယ်ဆာရွာက ဒီနေ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာနဲ့ သိပ်မဝေးဘူး၊ လွယ်ဆာ၊ နောင်လျန်၊ ကောင်းဟုန်း၊ နားပြိန်းကျေးရွာတွေက တကြောထဲပဲ၊ ရွာကလူတွေ ထွက်ပြေးကြပြီ၊ ဘယ်သူမှ မရှိတော့ဘူး” ဟု ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့၏ တောင်ဘက် ၇ မိုင်ခန့် ကွာဝေးသည့် ကောင်းဟုန်းကျေးရွာတွင်လည်း ဒေသခံ ၃ ပုံ ၁ ပုံခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

“တိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့ သိပ်မဝေးဘူး၊ မပြောနိုင်ဘူးလေ၊ တိုက်ပွဲက ဒီဘက်ရောက်လာနိုင်တယ်ဆိုတော့ ကြောက်လို့ ထွက်ပြေးကြတာပေါ့၊ ရွာမှာ အိမ်စောင့်တဲ့သူပဲ ကျန်တော့တယ်၊ ကျွဲနွားတွေ စောင့်ကြည့်ဖို့ပေါ့” ဟု ကောင်းဟုန်းကျေးရွာမှ မြို့ပေါ်သို စစ်ရှောင်လာသည့် အသက် (၆၀)ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၂)ရက် နံနက် ၉ ဝန်းကျင်မှ စပြီး ကျောက်မဲမြို့နှင့် (၇)မိုင်ခန့် ဝေးသည့် ချောင်းချောက်၊ ပိန်းမ္မန နှင့် နောင်အန်းကျေးရွာ အနီးတို့တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင် တိုက်ပွဲငြိမ်သွားပြီးနောက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ကျောက်မဲအဝင် ခဲမွန်၊ ဗူးခါးနှင့် တိုးဂိတ်အနီးရှိ ပန်ဟုတ်ကျေးရွာအနီးတို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ခုက နှမ်းတွေ စိုက်ထားတာ မရိတ်သိမ်းရသေးဘူး၊ အဒေါ်တို့ သျှမ်းတွေကတော့ ထမင်းစားလိုက် ထွက်ပြေးလိုက်နဲ့ ဘာစီးပွားရေးမှကို မဖြစ်တော့ဘူး၊ တစ်နေရာပြီး တစ်နေရာ ပြေးနေရတယ်” ဟု နားပြိန်းကျေးရွာမှ မြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးလာသည့် သက်ကြီး အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီးတဝိုက်မှ ဒေသခံများသည့် ကျောက်မဲမြို့ပေါ်ရှိ ဆွေမျိုးအိမ်များနှင့် ရပ်ကွက်အချို့တွင် အိမ်ငှားနေထိုင်နေရကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းက ကျောက်မဲ – သီပေါကြား ကျင်သီကျေးရွာအုပ်စုအနီး ဖြစ်ပွားသည့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် သီပေါမြို့နယ် ဘော်ကြိုဘုန်းကြီးကျောင်းဝန်းတွင်လည်း စစ်ဘေးရှောင်ပြည်သူ (၃၀၀)ကျော် ရောက်ရှိခိုလှုံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...