ကျောက်မဲမြို့နယ်

ကျောက်မဲ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀ နီးပါး တိမ်းရှောင်နေရ

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်၊ နောင်ပစ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀နီးပါး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ “စစ်ဘေးရှောင် အရေအတွက်က မနေ့က ညနေအထိ ၁၂၀ ဝန်းကျင်ရှိတယ်။ ဒီနေ့ ထပ်တိုးတာနဲ့ဆိုရင် ၁၆၀ လောက် ရှိတယ်။...

နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်၊ အဝေးပြေးလမ်းမပေါ် ဖြတ်သန်းသွား၍ မရ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာအနီး စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ တော်လှန်ရေး ပူးပေါင်း PDF တို့အကြား တိုက်ပွဲဖြစ်ပွားနေသဖြင့် ပြည်သူများဖြတ်သန်းသွားလာ၍ မရသေးကြောင်း သတင်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၂၆) ရက် နံနက်အစောပိုင်းအချိန်တွင် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာအနီး...

ကျောက်မဲ နာမည်ကြီး“နတ်ဆေးရည်” သွားချိုးသည့် သက်ကြီးအဘွား ၁ ဦး ထပ်မံသေဆုံး

ကျောက်မဲမြို့နယ်တွင် “နတ်ဆေးရည်”ဟု နာမည်ကြီးနေသည့် တောင်ကျရေကို ဆွေမျိုးသွားလည်ရင်း ချိုးမိရာမှ မိုင်းတုံမြို့မှ သက်ကြီးအဘွား ၁ ဦး ထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၂ ရက် နေ့လည်ပိုင်းတွင် မိုင်းတုံမြို့မှလာသည့် အသက်(၆၄)နှစ်အရွယ် ဒေါ်ငင်းဆွယ်သည် ကျောက်မဲ-မိုင်းငေါ့ကားလမ်းရှိ တောင်ကျရေချိုးပြီး ဆွေမျိုးအိမ်အရောက်တွင် သေဆုံးသွားကြောင်း ကျောက်မဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ကျောက်မဲ နာမည်ကြီး “နတ်ဆေးရည်” သွားချိုး အမျိုးသမီးတစ်ဦး ချော်လဲသေဆုံး

သျှမ်းပြည် ကျောက်မဲ-မိုင်းငေါ့ကားလမ်းဘေးရှိ နမ့်မန်းရွာတွင် နာမည်ကြီးနေသည့် " နတ်ဆေးရည်" တောင်ကျချောင်းရေ ကို သွားရောက်ချိုးစဥ် အမျိုးသမီး တစ်ဦးချော်လဲပြီး သေဆုံးသွားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ကျောက်မဲ နာမည်ကြီး "နတ်ဆေးရည်" သွားချိုး အမျိုးသမီးတစ်ဦး ချော်လဲသေဆုံး အောက်တိုဘာ ၁၇ ရက်တွင် နမ့်ဆန်မြို့နယ် မြို့သစ်ရွာနေ အသက်(၄၀)ကျော်အရွယ်...

ကျောက်မဲမြို့ပေါ်သို့ ၂ နှစ်နီးပါး တိမ်းရှောင်သည့် စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်

ကျောက်မဲမြို့အတွင်းသို့ ၂ နှစ်နီးပါး စစ်ဘေးတိမ်းရှောင်လာသည့် စစ်ရှောင် (၅) ထောင်ကျော်မှ စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်သွားကြောင်း စုံစမ်း သိရသည်။ အဆိုပါ စစ်ရှောင်များသည် ပြီးခဲ့သည့် မေလမှ စတင်ပြီး လက်ရှိချိန်ထိ နေရပ်သို့ ပြန်သွားသည့် စစ်ရှောင် (၄၀၀) ကျော်၊ အိမ်ခြေ...

ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေကာတာ ၂၀၂၅ အပြီးသတ် ဆောင်ရွက်မည်ဟုဆို

သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်းရှိ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ် အကောင်အထည်ဖော်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၂၅ ခုနစ်တွင် အပြီးဖော်ဆောင်သွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် သျှမ်းပြည် ကျောက်မဲမြို့နယ် ကျောက်မဲမြို့ တောင်ဘက် မိုင် ၂၀ ခန့် အကွာ တောင်ခြေကျေးရွာအနီးတွင်...

သျှမ်းတပ်နှစ်တပ်၏ ပဋိပက္ခကြား ကျောက်မဲက ပြည်သူများ ဖမ်းဆီးမှုရှိ

သျှမ်းတပ်မတော်များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား ပဋိပက္ခများကြောင့် ကျောက်မဲမြို့က ပြည်သူများ ဖမ်းဆီး ခံနေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တွင်...

မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...

ကျောက်မဲမြိုန့ယ်အတွင်း TNLA တပ်ဖွဲ့ ပြည်သူပိုင် နေအိမ်သိမ်းယူပြီး စခန်းချ နေထိုင်

သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က ပြည်သူပိုင်အိမ်ကို သိမ်းယူပြီး စခန်းချ နေထိုင်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၆ ရက် ညနေပိုင်း အချိန်တွင် ကျောက်မဲမြို့နယ် မန်စံကျေးရွာအုပ်စု အုံးငန်းကျေးရွာရှိ ပြည်သူပိုင်...

ကျောက်မဲမြို့နယ်အတွင်း ဒေသခံများကို TNLA တပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု နမ့်ဟူးကျေးရွာ အတွင်းသို့...

Latest news