ကျောက်မဲ နာမည်ကြီး “နတ်ဆေးရည်” သွားချိုး အမျိုးသမီးတစ်ဦး ချော်လဲသေဆုံး

သျှမ်းပြည် ကျောက်မဲ-မိုင်းငေါ့ကားလမ်းဘေးရှိ နမ့်မန်းရွာတွင် နာမည်ကြီးနေသည့် ” နတ်ဆေးရည်” တောင်ကျချောင်းရေ ကို သွားရောက်ချိုးစဥ် အမျိုးသမီး တစ်ဦးချော်လဲပြီး သေဆုံးသွားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ကျောက်မဲ နာမည်ကြီး “နတ်ဆေးရည်” သွားချိုး အမျိုးသမီးတစ်ဦး ချော်လဲသေဆုံး

အောက်တိုဘာ ၁၇ ရက်တွင် နမ့်ဆန်မြို့နယ် မြို့သစ်ရွာနေ အသက်(၄၀)ကျော်အရွယ် ဒေါ်မြထွန်း ဆိုသူ အမျိုးသမီးသည် ကျောက်မဲ-မိုင်းငေါ့ကားလမ်းဘေးရှိ နမ့်မန်းရွာတွင် တောင်ကျချောင်းရေ သွားချိုးရာ ဗွက်ထဲ၌ ချော်လဲပြီး သေဆုံးသွားသည်ဟု မိုင်းငေါ့မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်။ ရေချိုးတဲ့နေရာမှာ ချော်လဲတာ။ အဲ့မှာက လုပြီး ရေချိုးကြတာ၊ ဗွက်တွေနဲ့ဆိုတော့ အချင်းချင်း တိုက်မိကြရင်း တစ်ယောက်က ချော်လဲပြီး သေသွားတာ၊ နောက်တစ်ယောက်ကတော့ လေဖြတ်သွားတယ်၊ နတ်ကိုင်တာတော့ မဟုတ်ဘူး”ဟု မိုင်းငေါ့မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကျောက်မဲ နာမည်ကြီး “နတ်ဆေးရည်” သွားချိုး အမျိုးသမီးတစ်ဦး ချော်လဲသေဆုံး

သဘာဝအတိုင်း တောင်ကျရေထွက်သည့် ထိုနေရာသည် ယခင်ကတည်းက ကျောက်မဲ-မိုင်းငေါ့သို့ ပြေးဆွဲသည့်ကားများ ခရီးတစ်ထောက် ရပ်နားကြပြီး တောင်ပေါ်ရွာများမှ လက်ဖက်ကုန်သည်များ ကုန်ပစ္စည်းဖလှယ်သည့် နေရာဖြစ်သည်။

ယခုအခါ နတ်ဆေးရည်ဟု နာမည်ကြီးပြီးနောက် ၎င်းနေရာသို့ ကျောက်မဲ၊ မိုင်းငေါ့၊ နမ့်ဆန်၊ သီပေါ၊ နမ့်လန်မြို့တို့မှ ပြည်သူများ တစ်ရက်လျှင် ရာနှင့်ချီ လာရောက်ကြကြောင်း သိရသည်။

“အခုလူတွေ ကျိတ်ကျိတ်တိုးပြီး ရေသွားချိုးကြတဲ့ နတ်ဆေးရည် ဆိုတာ တကယ်မဟုတ်ဘူး။ အရင်တုန်းက နတ်ဆေးရည် ဆိုပြီးတော့လဲ မကြားဖူးဘူး။ သောက်ဖို့ သုံးဖို့ တောင်ကျရေကတော့ တကယ်ရှိပါတယ်။ ဒီရေချိုးပြီး လေဖြတ်တာပျောက်တယ်တို့၊ အကြောလွဲတာ ပျောက်တယ်လို့တော့ မွေးကတည်းက အခုအသက် ၃၀ ကျော်အထိ တခါမှ အဲ့လိုမျိုး မကြားဖူးဘူး”ဟု နမ့်မန်းရွာတွင် နေထိုင်ခဲ့ဖူးသည့် နန်းလှက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့မှ မိုင်းငေါ့မြို့သွားရာလမ်းရှိ နမ့်မန်းရွာသည် ယခင်က အိမ်ခြေ ၁၅ အိမ်ခန့် ရှိပြီး ၂၀၂၀ ခုနှစ် ဝန်းကျင်က RCSS နှင့် TNLA တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ရွာပျက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

သံလွင်တံတား တာကော်ဂိတ်တွင် ခရီးသွားအမျိုးသမီးများကို သွားလာခွင့်ပိတ်ပင်ပြီး ငွေညှစ်တောင်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင်း၊ မှတ်ပုံတင် သိမ်းဆည်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ယမန်နေ့ (မေလ ၃ ရက်) တွင် ကာလိမြို့နှင့် မိုင်းပျဉ်းမြို့ကြား သံလွင်မြစ်ကူး...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...