ကျောက်မဲ နာမည်ကြီး“နတ်ဆေးရည်” သွားချိုးသည့် သက်ကြီးအဘွား ၁ ဦး ထပ်မံသေဆုံး

ကျောက်မဲမြို့နယ်တွင် “နတ်ဆေးရည်”ဟု နာမည်ကြီးနေသည့် တောင်ကျရေကို ဆွေမျိုးသွားလည်ရင်း ချိုးမိရာမှ မိုင်းတုံမြို့မှ သက်ကြီးအဘွား ၁ ဦး ထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ နတ်ဆေးရည် ရေချိုး အဘွားတစ်ဦးသေ

အောက်တိုဘာလ ၂၂ ရက် နေ့လည်ပိုင်းတွင် မိုင်းတုံမြို့မှလာသည့် အသက်(၆၄)နှစ်အရွယ် ဒေါ်ငင်းဆွယ်သည် ကျောက်မဲ-မိုင်းငေါ့ကားလမ်းရှိ တောင်ကျရေချိုးပြီး ဆွေမျိုးအိမ်အရောက်တွင် သေဆုံးသွားကြောင်း ကျောက်မဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တကယ်တော့ သူက မိုင်းတုံကနေ အမျိုးတွေရှိတဲ့ လွယ်ခေါ်ရွာကို အလည်လာတာ။ ဒီဘက်ရောက်တော့ သူများတွေ ရေချိုးကြတာဆိုတော့ သူကလည်း အညောင်းအညာဖြစ်တယ်ပေါ့ အသက်ကလဲ ကြီးပြီဆိုတော့။ ရေကတော့ တောင်ကျရေဆိုတော့ စိမ့်ပြီး အေးမှာ၊ သူစီးလာတဲ့ ကားကလည်း နောက်ဖက် အမိုးပွင့်ဆိုတော့ အပြန်မှာ လေတိုက်တယ် ပြောရမယ်။ ဆွေမျိုးအိမ်ရောက်တော့ ညဘက်မှာ ဆုံးသွားတယ်၊ အခြေအနေကြည့်ရတာ သွေးတိုးဖြစ်ဟန်တူတယ်”ဟု နာရေးကူညီခဲ့ရသည့် နမ့်ခုံး ပရဟိတ ကျောက်မဲအသင်းခွဲမှတာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သဘာဝအတိုင်း တောင်ကျရေထွက်သည့် ကျောက်မဲ-မိုင်းငေါ့ကားလမ်းရှိ ထိုနေရာတွင် ယခင်က ရေဇလောက် တစ်ခုသာ ရှိရာမှ ယခုအခါတွင် ၅ ခု၊ ၆ ခု အထိ တိုးလာသည်ဟု ရေသွားချိုးသူများထံမှ သိရသည်။

ကျောက်မဲ နတ်ဆေးရည် ရေချိုး အဘွားတစ်ဦးသေ

“ရေကတော့ ဘေးဖြစ်တာမဟုတ်ဘူး။ ဒါပေမယ့် ဖျားနာပျောက်ခါစလူတွေ သွားချိုးရင်တော့ မသင့်တော်ဘူးလို့ မြင်တယ်။ ရေကတော့ လူကို အန္တရာယ်မဖြစ်စေပါဘူး။ အကယ်၍ အအေးမိထားတာ၊ ဖျားနေတာကိုမှ သွားချိုးရင်တော့ မသင့်တော်ဘူး၊ ဘာလို့လဲဆိုရင် ရေက တောင်ကြောထဲက ကျောက်နံရံတွေကနေ ထွက်လာဆိုတော့ ပိုဆိုးနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးလည်း ၎င်းတောင်ကျရေ သွားချိုးရင်း ထိုနေရာတွင် သေဆုံးခဲ့သည်။

“အဝေးက မရောက်ဖူးသေးတဲ့လူတွေတော့ လာနေကြသေးတယ်။ ရေလာမချိုးရတော့ဘူး၊ ပိုက်ဆံမကောက်ရတော့ဘူးဆိုပြီး တားမြစ်လိုက်ပြီလို့ ဒေသခံတွေဆီက ကြားရတယ်။ ရေမချိုးဖို့ လာတားတဲ့ အဖွဲ့တော့ ရှိပြီပြောတယ်”ဟု ကျောက်မဲ-မိုင်းငေါ့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့မှ မိုင်းငေါ့မြို့သွားရာလမ်းရှိ နမ့်မန်းရွာသည် ယခင်က အိမ်ခြေ ၁၅ အိမ်ခန့် ရှိပြီး ၂၀၂၀ ခုနှစ် ဝန်းကျင်က RCSS နှင့် TNLA တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ရွာပျက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...