သျှမ်းတပ်နှစ်တပ်၏ ပဋိပက္ခကြား ကျောက်မဲက ပြည်သူများ ဖမ်းဆီးမှုရှိ

သျှမ်းတပ်မတော်များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား ပဋိပက္ခများကြောင့် ကျောက်မဲမြို့က ပြည်သူများ ဖမ်းဆီး ခံနေရကြောင်း သိရသည်။

ပုံ – အဟောင်း /တိုက်ပွဲကြောင့် လူနေကင်းမဲ့သွားတဲ့ ကျောက်မဲမြို့နယ်ထဲက နေအိမ်များ

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တွင် သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် နောင်ပင် ကျေးရွာ အုပ်စုဘက်ရှိ ဒေသခံများ ဖမ်းဆီးခံရကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လာဖမ်းတဲ့ သူကတော့ SSPP တပ်ဖွဲ့က ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံသွားရတဲ့ သူတွေကျတော့ RSCC နဲ့ ပတ်သက်တဲ့ သူတွေ ဖြစ်တယ်၊ အခု သိရသလောက်တော့ ပိန်းထွမ်ကျေးရွာ (ဝၢၼ်ႈပဵင်းထွမ်ႇ) က သူကြီး အပါအဝင် ၃ ဦး ဖမ်းဆီးခံသွားရတယ်၊ တခြား ရွာကလည်း ဖမ်းခံရတာတွေရှိတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပိန်းထွမ်ရွာ (ဝၢၼ်ႈပဵင်းထွမ်ႇ) မှ ဖမ်းဆီးခံရသူများသည် ရွာသူကြီး အပါအဝင်၊ အသက် (၄၀) ဝန်းကျင် ရှိ ပါနန်းအိမ် နှင့် အမည်မသိရသေး နောက်ထပ် အမျိုးသား တစ်ဦးလည်း ဖမ်းဆီးခံသွားရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဝမ်ထမ် (ဝၢၼ်ႈထမ်ႈၵၢင်) ကျေးရွာနေ ပါနန်းခို၏ သားဖြစ်သူကိုလည်း လာရောက် ဖမ်းဆီးသွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံ – အဟောင်း /တိုက်ပွဲကြောင့် လူနေကင်းမဲ့သွားတဲ့ ကျောက်မဲမြို့နယ်ထဲက နေအိမ်များ

“ဖမ်းဆီးခံရသူတွေကို ဘယ်နေရာမှာ ခေါ်သွားလဲ ဆိုတာကိုတော့ မသိရသေးဘူး၊ ကျန်နေတဲ့ မိသားစုဝင်တွေရော ၊ တခြား ဒေသခံတွေရော သူတို့ကိုပါ ထပ်လာဖမ်းမှာ စိုးလို့ ထွက်ပြေးနေကြတာတွေလည်း ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်မှာ နောင်ပိန်ကျေးရွာ အုပ်စုရှိ ပိန်းထွမ်ကျေးရွာ(ဝၢၼ်ႈပဵင်းထွမ်ႇ)၊ တောင်ထိပ်ရွာ (ဝၢၼ်ႈတွင်ႇထိၵ်ႈ)၊ ခန့်ခိုင်းကျေးရွာ (ဝၢၼ်ႈၶၢင်ႈၶၢႆး)၊ နမ့်မက်ဟိန်ရွာ (ဝၢၼ်ႈၼမ့်မၢၵ်ႇႁိၼ်)၊ နားအော်ရွာ (ဝၢၼ်ႈၼႃးဢေႃႈ) ၊ နားချမ်ကျေးရွာ (ဝၢၼ်ႈၼႃးၶႅမ်) နှင့် ခိုင်းဆင် (ဝၢၼ်ႈၶၢႆးသိမ်ႇ) ကျေးရွာတို့အထိ SSPP/SSA တပ်သားများက ဝင်ရောက်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသခံများ ဖမ်းဆီးခံရခြင်း နှင့် ပတ်သက်ပြီး ဒေသအတွင်း SSPP/SSA တာဝန်ရှိသူကို ဆက်သွယ် မေးမြန်းရာ အင်တော – ရပ်စောက် လမ်းကြော တစ်လျှောက် SSPP/SSA ကို မိုင်းဆွဲတိုက်ခိုက်မှုတွင် ပါဝင် ပတ်သက်မှု ရှိမရှိကို စစ်ဆေးမေးမြန်းလိုသည့်အတွက် ခေါ်ယူခြင်း ဖြစ်ကြောင်း ဒေသအတွင်း SSPP/SSA မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု မြေပြင် အခြေအနေက တော်တော်ကို ရှုပ်ထွေးနေတယ်၊ ကျနော်တို့ တပ်သားတပ်ဖွဲ့တွေကို မိုင်းဆွဲ တိုက်ခိုက် မှုတွေလည်း ခပ်စိပ်စိပ် ရှိလာတယ်၊ သူတို့ကိုယ်တိုင်ကလည်း RCSS/SSA နဲ့ နီးစပ်ကြတယ်လို့ ကျနော်တို့ သတင်းရထားတယ်၊ အခုလည်း ဖမ်းဆီးလာတာ မဟုတ်ပါဘူး၊ စစ်ဆေး မေးမြန်းဖို့အတွက် ခေါ်ထားရုံပါ” ဟု ကျောက်မဲမြို့နယ် အတွင်း SSPP/SSA တာဝန်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် လက်ရှိ ဖမ်းဆီးခေါ်ဆောင်ခံထားရသူများသည် ၃/၄ ယောက်သာ ရှိနေကြောင်း နှင့် လူဦးရေ ဆယ်ချီ ခေါ်ဆောင် ဖမ်းဆီးထားခြင်း မဟုတ်ကြောင်း ဒေသအတွင်း SSPP/SSA တာဝန်ရှိသူက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းမှ စတင်ကာ SSPP/SSA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့သည် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ကို တိုက်ခဲ့သည်။

ထို့နောက်တွင် ရပ်စောက်မြို့မှ တစ်ဆင့် ဟိုပုံးမြို့နယ် နှင့် လဲချား၊ မိုင်းနောင် ၊ကျေးသီးတို့ဘက် အထိ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က RCSS/SSA ကို တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် တောင်ပိုင်း ရပ်စောက်မြို့ လမ်းကြောင်း၊ ကျေးသီး၊ မိုင်းနောင်၊ နမ့်လန် လမ်းကြောင်း တို့တွင် RCSS/SSA တပ်ဖွဲ့သည် SSPP ကို ဗုံးဆင် ၊ ဗုံးဆွဲ တိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း SSPP/SSA ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP Info မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...