ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေကာတာ ၂၀၂၅ အပြီးသတ် ဆောင်ရွက်မည်ဟုဆို

သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်းရှိ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ် အကောင်အထည်ဖော်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၂၅ ခုနစ်တွင် အပြီးဖော်ဆောင်သွားမည်ဟု စုံစမ်းသိရသည်။

အထက်ရဲရွာရေအားလျှပ်စစ်

အဆိုပါ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် သျှမ်းပြည် ကျောက်မဲမြို့နယ် ကျောက်မဲမြို့ တောင်ဘက် မိုင် ၂၀ ခန့် အကွာ တောင်ခြေကျေးရွာအနီးတွင် တည်ဆောက်ထားသည်။

ရေအားလျှပ်စစ်စီမံကိန်းကို သျှမ်းပြည် လူထုအသိုင်းအဝန်းများက တောက်လျှောက် ဆန့်ကျင် ကန့်ကွက်ခဲ့သော်လည်း စစ်ကောင်စီ ဦးဆောင်ပြီး တည်ဆောက်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၂၅ ခုနစ်အပြီး ဖော်ဆောင်သွားမည်ဟု စစ်ကောင်စီ၏ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၀ – ၂၀၁၁ ခုနစ် ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စီမံကိန်းလုပ်ငန်းသည် ၅၃ ဒသမ ၂၁ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။

ထိုရေအားလျှပ်စစ် စီမံကိန်း ပြီးစီးသွားပါက ၂၈၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ နှစ်စဥ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၄၀၉ သန်းကို ဓာတ်အား ကွန်ရက်စနစ်မှ တဆင့် နိုင်ငံတဝန်းလုံးသို့ ထုတ်လုပ် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။

အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်း

“ စီမံကိန်း အကောင်အထည်ဖော်ရာမှာ ရေဝပ်ဧရိယာ အတွင်း ကျရောက်တဲ့ ကျေးရွာတွေ အတွက်လည်း ထိခိုက်မှု အနည်းဆုံး ဖြစ်စေဖို့ နဲ့ လူမှု စီးပွားရေး အခြေအနေ နဲ့ ပတ်သက်ပြီးတော့ မူလထက်သာလွန်ကောင်းမွန်တဲ့ အခြေအနေ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း မှ ဦးစီးအရာရှိ ဦးသိန်းဇော် က ပြောဆိုထားသည်။

သို့သော် ယနေ့ အချိန်ထိ စီမံကိန်း အကောင်အထည်ဖော်ရာတွင် ရေဝပ်ဧရိယာအတွင်း ကျရောက်သည့် ကျေးရွာများကို ရွှေ့ပြောင်းပေးခြင်း၊ လျော်ကြေးငွေပေးခြင်းကို သက်ဆိုင်ရာ အာဏာပိုင်ဘက်မှ ပေးဆောင်မှု မရှိသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ အဓိကတော့ ရေကာတာ ဖောက်ချလိုက်ရင် ကျနော်တို့ အောက်ပိုင်းနေတဲ့သူတွေက ရေကြီးတာတွေ ရေလွှမ်းမိုးတာတွေ ဖြစ်လာနိုင်တယ်။ အခု စစ်တပ်က ဦးစီးပြီးလုပ်တော့ ကျနော်တို့ ဘယ်လောက် တားတားမရဘူးလေ” လို့ ကျောက်မဲမြို့နယ် စီမံကိန်းအနီးရှိ ကျေးရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။

ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ဆောင်ရွက်ပြီး ရဲရွာ ရေအားလျှပ်စစ် စီမံကိန်မှ (၇၉၀) မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိပြီး ၊ နမ္မတူ (သီပေါ) စီမံကိန်း (၂၁၀) မဂ္ဂါဝပ် အားလည်းကောင်း၊ အလယ်ရဲရွာ စီမံကိန်း (၇၃၅) မဂ္ဂါဝပ်အားလည်းကောင်း၊ ဒီးဒုတ်စီမံကိန်း (၆၀) မဂ္ဂါဝပ်အားလည်းကောင်း ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေကာတာ တည်ဆောက်သည့်နေရာသည် စစ်အာဏာသိမ်း စစ်ကောင်စီ တပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များလှုပ်ရှားသည့် နေရာဖြစ်ပြီး စစ်ရေးပဋိပက္ခ အချိန်မရွေးဖြစ်နိုင်သည့် ဒေသလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...