Wednesday, January 28, 2026

အခွန်ကောက်

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...

နမ့်ခမ်းမြို့ကို TNLA လက်လွတ်ရမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ၂၀၂၆ အတွက် အခွန်ကြိုတင်ကောက်နေ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းမျိုးစုံထံ အခွန်ကြိုတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့် လုပ်ငန်းအမျိုးမျိုးကို...

မန္တလေး – မူဆယ် သွားလာနေသော ကုန်တင်ကားများကို ရွှေဘို PDF က အခွန်ကောက်

မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားလာသည့် လမ်းခရီးတလျှောက် စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာသည့် ကုန်တင်ကားကြီးများကို ရွှေဘို PDF က အခွန်ကောက်ခံနေကြောင်း သတင်းရရှိသည်။ မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားလာနေသည့် ကုန်တင်ကားကြီးများကို ရွှေဘို PDF က ပြီးခဲ့သည့် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး တင်ဆောင်လာသည့် ကုန်ပစ္စည်းပေါ်...

နမ့်ခမ်း TNLA မှ ဆေးဆိုင်ဆေးခန်းများကို အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲဖြစ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးဆိုင်ဆေးခန်းများကို TNLA မှ အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းနှင့် ဆေးပစ္စည်းဆိုင်များကို အခွန်ကောက်ခံခဲ့ရာ...

စားဝတ်နေရေး ကြပ်တည်းမှုကြား TNLA အခွန်ကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း အမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် လားရှိုးမြို့ ဒေသခံများသည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်ပေးဆောင်နေရသဖြင့် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလဆန်းမှ စတင်ပြီး လားရှိုးမြို့ အီနိုင်းကျေးရွာတွင်ရှိသည့် TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်တွင် HIJET...

မိုးကုတ်၊ မိုးမိတ်ရှိ TNLA မြို့အုပ်ချုပ်ရေးအဖွဲ့မှ အခွန်စကောက်၊ ရွှေလုပ်ကွက်များ တစ်နှစ်စာ ရွှေ(၁၀)ပိဿာ တောင်းခံဟုဆို

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့် မြို့အုပ်ချုပ်ရေးအဖွဲ့များမှ အခွန် စတင်ကောက်ခံနေပြီး ရွှေမျှောလုပ်ကွက်များကို တစ်နှစ်စာအတွက် ရွှေ(၁၀)ပိဿာ တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်တွင် မိုးကုတ်မြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က...

နမ့်ခမ်း လူနေအိမ်ပေါ် TNLA တပ်သားများ ဝင်ရောက်နေထိုင်၊ ဆက်ကြေးကောက်

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့နယ် စယ်ဟိုင်းရွာအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA )တပ်သားများသည် အရပ်သားနေအိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ပြီး ဆက်ကြေး (အခွန်ကောက်)ခံပြုလုပ်နေကြောင်း ဒေသခံ၏ သတင်းပေးပို့ချက်အရ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှပြီး စယ်ဟိုင်းရွာအတွင်းသို့ ဝင်ရောက်လာသည့် TNLA တပ်သား အင်အား ၂၀...

မူဆယ်မြို့နယ် တီးမရွှေတွင်း TNLA ငွေလာကောက်သည့်အပေါ် KIA ကို စိန်ခေါ်နေသည်ဟုဆို

သျှမ်းပြည် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ ရွှေမှော်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) မှ လုံခြုံရေး ယူပေးထားသောနေရာကို TNLA အခွန်လာရောက်ကောက်ယူမှုသည် စိန်ခေါ်နေသည့်ပုံစံဖြစ်သည်ဟု ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ ရွှေတူးဖော်သည့်နေရာကို...

ရွှေလီမြစ်ဝှမ်း ဆက်ကြေး (အခွန်) ကောက်မှု လျှော့ချရန် လက်နက်ကိုင်တပ်ဖွဲ့များ တိုင်ပင်ဆွေးနွေးနေ

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ကမ်းတစ်လျှောက် ထုန့်မောဝ်ဒေသကို ဆက်ကြေး (အခွန်) ကောက်မှု လျှော့ပေါ့ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့မှ တိုင်ပင်ဆွေးနွေးနေကြောင်း သတင်းသိရသည်။ ထုန့်မောဝ်ဒေသ မူဆယ်မြို့၊ နမ့်ခမ်းမြို့ အပါအဝင် လားရှိုး - ကွတ်ခိုင် - မူဆယ် လမ်းပိုင်းမှ အခွန်ကောက်ယူ နေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည်...

ခရီးသွားပြည်သူများထံ TNLA အခွန်ကောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ် - နမ့်ခမ်း ခရီးသွားပြည်သူများကို တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့မှ အခွန်ကောက် နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇူလိုင် (၁၉) ရက် မနက် ၇ နာရီ ၄၀ မိနစ်က မူဆယ်...

Latest news