နမ့်ခမ်း လူနေအိမ်ပေါ် TNLA တပ်သားများ ဝင်ရောက်နေထိုင်၊ ဆက်ကြေးကောက်

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့နယ် စယ်ဟိုင်းရွာအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA )တပ်သားများသည် အရပ်သားနေအိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ပြီး ဆက်ကြေး (အခွန်ကောက်)ခံပြုလုပ်နေကြောင်း ဒေသခံ၏ သတင်းပေးပို့ချက်အရ သိရသည်။

Photo CJ- ၂၀၂၃ အစောပိုင်းက စယ်လန့်ရှိ ကုန်စုံဆိုင်များကို TNLA တပ်သားများ ဝင်ရောက်စစ်ဆေးသည့် ပုံ

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှပြီး စယ်ဟိုင်းရွာအတွင်းသို့ ဝင်ရောက်လာသည့် TNLA တပ်သား အင်အား ၂၀ ခန့်သည် လက်ရှိအချိန်ထိ အရပ်သားနေအိမ်၊ တောင်ယာစိုက်ခင်းနှင့် မူလကြိုကျောင်းဝိုင်းအတွင်း တပ်စွဲနေထိုင်လျက်ရှိပြီး ဒေသခံများထံ အခွန်ကောက်ခံနေကြောင်း တိကျသည့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ရွာထဲမှာလာနေတာ ၁ လနီးပါးလောက်ရှိပြီ။ ကျနော်တို့ရွာသားတွေတော့ လာမနေဖို့ပြောတယ်၊ ဒါပေမယ့် မရဘူး။ မူကြိုကျောင်းတွေမှာ နေတယ်။ လူမရှိတဲ့အိမ်မှာနေတယ်။ လမ်းဘေးမှာတွေလည်း သဲအိတ်တွေချပြီး နေတယ်။ ပြီးတော့ အရက်ရောင်းဆိုင်၊ ကုန်စုံဆိုင်တွေ ဘယ်မှာရှိလဲ လမ်းသွားလမ်းလာ ဒေသခံတွေမေးတယ်။ နေရာတွေ့ပြီဆိုတာနဲ့ နောက်ရက်အခွန်ဆောင်ဖို့ စာသွားပေးတယ်။ တစ်ဆိုင်ကို ကျပ် ၂ သိန်းလောက် ဆောင်ရတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

TNLA တပ်သားများသည် ကုန်စုံဆိုင်ဖွင့်လှစ်သူများထံ ကျပ် ၂ သိန်းမှ ၅ သိန်းအထိ အခွန်ကောက်ခံယူ နေကြောင်း ၎င်းကဆက်ပြောသည်။

Photo Google- စယ်ဟိုင်းရွာပြမြေပုံ

ထို့အပြင် ကျေးရွာအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်နေထိုင်သောကြောင့် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားလာမည်ကို ဒေသခံများက လုံခြုံရေးအရ စိုးရိမ်နေကြသည်။

“ မန်ခမ်းရွာမှာလည်း စစ်ကောင်စီဂိတ်တွေ ရှိတယ်။ ကုန်းဆာရွာ ဘက်မှာလည်း SSPP တွေ လှုပ်ရှားနေတယ်။ သူတို့က တိုက်ပွဲဖြစ်မလာနိုင်ဘူးလို့ ပြောမရဘူး။ အချိန်မရွှေး တိုက်ပွဲဖြစ်ပွားလာနိုင်တယ်။ ကျနော်တို့လည်း တိုက်ပွဲဖြစ်မှာကို စိုးရိမ်တယ် “ ဟု ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

မူဆယ်-နမ့်ခမ်းကြားရှိ နမ်ခမ်းမြို့နယ်၊ စယ်ဟိုင်းရွာ နှင့် ကုန်းဆာရွာတို့သည် ရွာချင်းကပ်လျက်ရှိပြီး တစ်ရွာမှ တစ်ရွာသို့ ဆိုင်ကယ်ဖြင့်သွားပါက ၅ မိနစ်ကြာ အကွားအဝေးရှိသည်။

အလားတူ ကျေးရွာအတွင်းသို့ ဝင်ရောက်နေထိုင်သည့် TNLA တပ်သားများ အနေဖြင့် ကျေးရွာနှင့်ဝေးရာဒေသ၌ ပြောင်းရွှေ့ပေးစေလိုကြောင်း၊ အခြားလက်နက်ကိုင်တပ်ဖွဲ့များကလည်း ဒေသအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်း မပြုကြရန် ဒေသခံများက တောင်းဆိုထားသည်။

ယင်းကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များ၊ စစ်သားများ သာသနာ့နယ်မြေ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲပစ်ခတ်မှု ဖြစ်ပွားခြင်း ၊ ကျေးရွာအတွင်း လူထု နှင့် အတူ ရောနှော နေထိုင်ခြင်း တို့သည် ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...