ရွှေလီမြစ်ဝှမ်း ဆက်ကြေး (အခွန်) ကောက်မှု လျှော့ချရန် လက်နက်ကိုင်တပ်ဖွဲ့များ တိုင်ပင်ဆွေးနွေးနေ

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ကမ်းတစ်လျှောက် ထုန့်မောဝ်ဒေသကို ဆက်ကြေး (အခွန်) ကောက်မှု လျှော့ပေါ့ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့မှ တိုင်ပင်ဆွေးနွေးနေကြောင်း သတင်းသိရသည်။

ရွှေလီမြစ်ဝှမ်း

ထုန့်မောဝ်ဒေသ မူဆယ်မြို့၊ နမ့်ခမ်းမြို့ အပါအဝင် လားရှိုး – ကွတ်ခိုင် – မူဆယ် လမ်းပိုင်းမှ အခွန်ကောက်ယူ နေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် လက်ရှိ အခွန်ကောက်ယူမှုနှုန်းထက် လျှော့ယူကောက်ခံရန် ဆွေးနွေး တိုင်ပင်နေကြောင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အခု အခွန်ခတွေက များနေတော့ ဒီလုပ်ငန်းရှင်တွေ ပို့ကုန်သွင်းကုန် ကိစ္စတွေရော အများကြီး လျှော့နည်း လာတဲ့ အပိုင်းတွေ တွေ့ရတယ်၊ ဒါကြောင့် ဒီအခွန်ကိစ္စတွေက ပြည်သူအတွက် အကောင်းဆုံးဖြစ်အောင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကျနော်တို့တပ်ဖွဲ့ (TNLA) နဲ့ မဟာမိတ် ဖြစ်တဲ့ SSPP/SSA က ဆွေးနွေး ထားတယ်” ဟု TNLA တပ်ဖွဲ့၏ မူဆယ်မြို့ အုပ်ချုပ်ရေးပိုင်း ခရိုင်မှူးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိတွင် TNLA တပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့က ထုန့်မောဝ် ဒေသ နှင့် ကျင်စန်းကျော့ ဂိတ်ကို အခွန်လျှော့ချ ကောက်ယူရန်အတွက် မူအားဖြင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် သဘောတူညီချက်ရယူထားကြောင်း TNLA ၏ခရိုင်မှူးက ဆက်ပြောသည်။

ယင်းကဲ့သို့ ကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး လုပ်ငန်းလည်ပတ်မှု အဆင်ပြေရန်နှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်ရန် အဘက်ဘက်မှ တောင်းဆိုမှုကြောင့် TNLA တပ်ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းရခြင်းဖြစ်ကြောင်း ထုန့်မောဝ်ဒေသမှ အမည် မဖော်လိုသူ SSPP အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီကျင်စန်းကျော့ တရုတ်ပြည် ဝင်ပေါက်နဲ့ ထုန့်မောဝ်မှာ အခွန်ကောက်နေတဲ့အဖွဲ့က ၄ ဖွဲ့လောက်ရှိတယ်လေ၊ ဒါကြောင့် လုပ်ငန်းရှင်တွေ ကုန်သည်တွေက အခွန်လျှော့ပေါ့ပေးဖို့ မေတ္တာရပ်ခံလာတယ်၊ တရုတ်ပြည်ဘက်က လုပ်ငန်းရှင်တွေလည်း ကုန်သွယ်စီးဆင်းမှု မြန်ဆန်လာအောင်ဆိုပြီးတော့ အဘက်ဘက်က တောင်းဆိုလာတော့ ကျနော်တို့နဲ့ TNLA ကတော့ မြို့နယ်အခွန်၊ ခရိုင်အခွန် နဲ့ အချင်းချင်းတွေ့ဆုံပြီး အဆင်ပြေတဲ့ ပမာဏထိ လျှော့ချ ဖို့ သဘောတူထားတယ်” ဟု SSPP/SSA အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့်လည်း အခွန်လျှော့ကျဖို့အရေးအတွက် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း SSPP/SSA အရာရှိက ဆက်ပြောသည်။

လက်ရှိတွင် မူဆယ်မြို့တွင်း လုပ်ငန်းရှင်ပိုင်းများတွင် MNDAA ကိုးကန့်တပ်ဖွဲ့မှ အခွန်ကောက် တောင်းယူ နေလျက်ရှိပြီး၊ ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့မှ အခွန်ကောက်ယူနေကြောင်း သတင်းသိရသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့၏ အခွန်ကောက်ယူမှု နှင့် ပတ်သက်ပြီး ထုန့်မောဝ်ဒေသမှ အမည်မဖော် လိုသူ ဒေသခံအမျိုးသား တစ်ဦးက လက်ရှိ ပေးဆောင်ရသည့် အခွန်ပမာဏသည် များပြားသည့် အတွက် တချို့ ဒေသံများက မြို့နယ် ပြောင်းရွှေ့နေထိုင်ရသည့်အထိ ဖြစ်နေကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၂၀၂၂ ခုနှစ်အစမှာ တစ်နှစ် ၅ သိန်း ကောက်မယ်လို့ KIA ကပြောပေမဲ့ တကယ့်လာကောက်တဲ့ အချိန်မှာတော့ ၁၀ သိန်းတောင်းတယ်၊ ပြည်သူက တောင်းတောင်းပန်ပန်နဲ့ ၇ သိန်းတော့ ဆောင်ခဲ့ရတယ်၊ ပြီးတော့ MNDAA ရော၊ SSPP ရော၊ TNLA ရော ဒါတွေကလည်း လာတောင်းတော့ ပြည်သူက မခံနိုင်ဘူးလေ၊ ဒါကြောင့် တချို့က နေရပ် ပြောင်းကြတယ်၊ အခုလို အခွန်လျှော့ကောက်မယ်ဆိုတော့လည်းကောင်းပါတယ်။” ဟု ထုန့်မောဝ် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထုန့်မောဝ်ဒေသ နှင့် ကျင်စန်းကျော့ဂိတ်ကို အခွန်လျှော့ချကောက်ယူရေး နှင့် ပတ်သက်ပြီး KIA တပ်ဖွဲ့၏ ထုန့်မောဝ်ဒေသရှိ KIA ဆက်ဆံရေးရုံးကို ဆက်သွယ်မေးမြန်းရာ မဖြေနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီအကြောင်းက ကျနော်မဖြေနိုင်ဘူး၊ အထက်ကိုပဲ မေးပါဟု” ထုန့်မောဝ်ဒေသရှိ KIA ဆက်ဆံရေးရုံး တာဝန်ရှိသူက ပြောသည်။

ဆက်လက်ပြီး သျှမ်းသံတော်ဆင့်မှ KIA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပါ။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထုန့်မောဝ်ဒေသမှ နယ်စပ်ကုန်သွယ်ရေး အခွန်ခများ အပြင် မူဆယ်မြို့နယ်အတွင်းရှိ ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊တစ်ပိုင်တစ်နိုင် အိမ်ဆိုင် ဖွင့်လှစ်ထားသော ဈေးသည်များကိုလည်း တိုင်းရင်းသား လက်နက်ကိုင်များက အခွန်တိုးကောက် လာကြောင်းသိရသည်။

ထုန့်မောဝ်ဒေသသည် သျှမ်း လက်နက်ကိုင် (၂) ဖွဲ့ သာမက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အပြင် ပြည်သူ့စစ်များ ကြီးစိုးနေသည့် နေရာဒေသဖြစ်ကာ စီးပွားရေး အချက်အချာကျပြီး ဆက်ကြေးကောက်ရန်အတွက် ကောင်းသည့် ဒေသတခုလည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...