Wednesday, March 22, 2023

လဲချားမြို့

လဲချားမြို့ အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့ ရပ်ကွက် (၅) ဟိုရင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံနေရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၅ ရက်) မနက် ၈ နာရီ အချိန်မှစပြီး ၎င်း အမျိုးသမီးငယ်တစ်ဦး နေထိုင်သည့် ဟိုရင်ရွာ နေအိမ်အနီးရှိ ဟိုနောင်လုံကန်တွင်...

စဝ်ဆုစန္ဒီဆု လဲချားမြို့ CBY ကျောင်းမှ ဆရာတော် ရရှိ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) မှ သျှမ်းလူငယ်ခေါင်းဆောင်ဆုရှင် (Sao Thusandi Leadership Award) (၁၅) ဦးမြောက်ကို ဆရာတော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဆုလက်ခံရရှိသည့် ဆရာတော်သည် လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) မှ ခေါင်းဆောင်ဖြစ်သည့် ဆရာတော်သြဇေယျ ဓမ္မဘိပါလ (M.A Sri...

သျှမ်းပြည်အတွင်း ဒေသတချို့ PDF ဟု နာမည်တပ်ပြီး အလှူခံနေ

သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဟု နာမည်တပ်ပြီး အလှူခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်အတွင်း PDF ဟု ဟန်ဆောင်ပြီး ပြည်သူများထံ အလှူငွေကောက်ခံ နေကြသလို တပ်သားများ နေမကောင်း ဖြစ်နေသည့်အတွက် အလှူခံ တောင်းလာခြင်း နှင့် စစ်ကောင်စီကို တိုက်ရန် လက်နက်လိုအပ်သည်ဟုဆိုပြီး...

PDF ဟု အမည်ခံပြီး မိုင်းရယ်မြို့ နှင့် လဲချားမြို့ တို့တွင် ငွေကြေးတောင်းဆိုမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ လဲချားမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ဟု အမည်ခံပြီး ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ် ၃၀) ရက်တွင် မိုင်းရယ် PDF အမည်ခံအဖွဲ့သည် မိုင်းရယ်မြို့နယ် အတွင်းရှိ ရေသန့်စက်ရုံတခုကို...

လဲချားမြို့တွင် ယခုရက်ပိုင်း သူခိုးများ ပိုမိုသောင်းကျန်းလာ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့တွင် ယခုရက်ပိုင်းအတွင်း သူခိုး၊ ဓားပြများ ပိုမိုသောင်းကျန်း လာသဖြင့် ပြည်သူများက လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။ လဲချားမြို့ရှိ နောင်ပန်ကျေးရွာတွင် ယခု ရက်ပိုင်းအတွင်း ပြည်သူနေအိမ်များ မကြာခဏ ဖောက်ထွင်းခိုးခံနေရကြောင်း သူခိုး၊ ဓားပြသည် အဖွဲ့လိုက်ဖြင့် လိုက်လံခိုးယူနေသဖြင့် ပြည်သူများက...

လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီမှ စစ်ဆေး ပိုက်ဆံတောင်းမှုပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ကားလမ်းမကြီးတစ်လျောက် ရှောင်တခင် စစ်ဆေးပြုလုပ်ပြီး ပြည်သူများထံ ပိုက်ဆံတောင်းယူမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယခုလ ဒုတိယပတ်အတွင်း ကျေးသီး နှင့် မိုင်းနောင်ကြား ကားလမ်းမ ဘေးတစ်နေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလာသည့် မော်တော်ယာဥ်များကို တားမြစ်စစ်ဆေးပြီး ပိုက်ဆံတောင်းမှု...

လဲချားရောက်စစ်ရှောင် ကိုယ်ဝန်သည်များ ကလေးအနှီးနှင့် ကလေးအဟာရမှုန့် လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင် ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားရန်အတွက် အနှီး နှင့် ကလေးအာဟာရမှုန့်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ လဲချားမြို့ စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၆) လအောက် ကလေးငယ် (၂၀) ဦးကျော် ရှိနေပြီး ကလေး အာဟာရမှုန့် နှင့်...

လဲချားမြို့သို့ ဆန်နှင့် စားနပ်ရိက္ခာ သယ်လာသည့် ယာဥ်များထံ စစ်ကောင်စီ ငွေကြေး ကောက်ခံ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကြိုတင်တိမ်းရှောင်သည့် အနေဖြင့် မြို့ပေါ်သို့ ဆန်နှင့် စားနပ်ရိက္ခာတချို့ သယ်လာသည့် ပြည်သူ့ယာဥ်များထံ စစ်ကောင်စီတပ်သားများက ငွေကြေးကောက်ခံနေကြောင်း သတင်းသိရသည်။ တိုင်ရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည့် မိုင်းကိုင်မြို့နှင့် နီးစပ်သည့် လဲချားမြို့ နယ်မှ တက်မောက်ကျေးရွာ၊ ဟိုလုမ်းကျေးရွာ၊ နမ့်လေကျေးရွာမှ ပြည်သူများသည်...

လဲချားမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုရောက်နေသည့် သတင်းထွက်ပေါ်နေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် “ဝ” တပ်ဖွဲ့ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ (တပ်ပေါင်းစု)များရောက်ရှိနေရာယူကြောင်း သတင်းများ ထွက်ပေါ်နေသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။ လဲချားမြို့နယ် အတွင်းရှိ ပန်ဖွန်းကျေးရွာနှင့်အနီးတစ်ဝိုက်ရှိကျေးရွာများအနီးတွင် တပ်ပေါင်းစုအဖွဲ့ဟု ယူဆ ရသည့် စစ်ကြောင်း တစ်ခုသည် လာရောက်နေရာယူထားသည့်အတွက် ဒေသခံ ရွာသားများက...

လဲချား ရွာသစ်ထောင်သည့် စစ်ရှောင်ကလေးများ သင်ထောက်ကူလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် စစ်ရှောင်လာသည့် ဒေသခံ တစ်ချို့ ရွာသစ်ပြန်လည်ထူထောင်ရာမှာ ကလေးငယ်များကို စာပေသင်ကြားရေးအတွက် ပညာရေးသုံး သင်ထောက်ကူပစ္စည်းများလိုအပ်ကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံများ လဲချားမြို့နယ် သို့ စစ်ရှောင်လာပြီး၊ ထိုနေရာတွင် ရွာသစ်ပြန်လည် ထူထောင်ခဲ့သ်။ ထို့ကြောင့် ရွာသစ်တွင် ရှိသည့် ကလေးငယ်များအတွက် ရပ်ရွာတာဝန်ရှိ...

Latest news