လဲချားမြို့နယ်အတွင်း စစ်ကောင်စီက အင်အားဖြည့်၊ စစ်ဆေးရေးဂိတ်များထပ် ဖွင့်လှစ်

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး စစ်ဆေးရေးဂိတ်များထပ်မံ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်

သျှမ်းတပ်နှစ်တပ်မှ လဲချားမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးသည့်နောက်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် လဲချားမြို့နယ် ဟဲဆိုင် (ဝၢၼ်ႈႁၢႆးသႅင်) ကျေးရွာဘက်တို့၌ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ပြီး လမ်းသွားလမ်းလာ များကို တားမြစ် စစ်ဆေးနေလျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

“တာဆန်းရွာ၊ ဟဲဆိုင်ရွာ တို့ဘက်မှာ ဝါးတားဂိတ်နဲ့ စစ်ကောင်စီက စစ်ဆေးရေးဂိတ် ဖွင့်ထားတယ်၊ ရွာကလူ တွေ မြို့ပေါ်သွားရင် ခွင့်ပြုပေမယ့် မြို့ပေါ်ဘက်ကနေ ရွာထဲ လာမယ်ဆိုရင် စစ်ဆေးမေးမြန်းမှု ကြမ်းတယ်၊ သူတို့က သျှမ်းတပ်နှစ်တပ် အင်အားဖြည့်တင်းမှုတွေကို တားမြစ်ချင်တယ်လို့ သိရတယ်” ဟု ဒေသခံ အမျိုးသားက ဆက်ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီ တပ်ဖွဲ့မှ လဲချားမြို့နယ် အတွင်း စစ်ဆေးရေးဂိတ် လာရောက်ဖွင့်လှစ်နိုင်ဖို့အတွက် စစ်အင်အားကို ပြည်သူ့စစ်တပ်ဖွဲ့များက တာဝန်ယူ သယ်ဆောင်ပေးရကြောင်းလည်း သိရသည်။

လက်ရှိတွင် လဲချားမြို့နယ် အတွင်း၌ စစ်ရေးများ ငြိမ်သက်သော်လည်း စစ်ကောင်စီ တပ်ဖွဲ့သည် မြေပြင် စစ်ဆေးရေးဂိတ်များ အပြင် စစ်လေယာဥ်ဖြင့်ပါ လဲချားမြို့ပေါ်သို့ ပျံသန်းနေကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“စစ်ကောင်စီတို့ တားထားတဲ့ လမ်းကြောင်းက လဲချားကနေ ခိုလမ်ကို တိုက်ရိုက်ရောက်တယ်၊ အဲ့လမ်းပိုင်း တစ်လျောက် စစ်ကောင်စီတပ်ရောက်ဖို့ SSS ပြည်သူ့ စစ်တပ်က ပို့ပေးရတယ်၊ ပြီးတော့ မက်ကျန်း ပြည်သူ့ စစ်တပ်၊ နားယိုင်းပြည်သူ့စစ်တပ် ၊ မန်ပန်ပြည်သူ့စစ်တပ် နဲ့ SSPP တပ်ပေါင်းစုလည်း ရောက်နေတယ်၊ ပြီးတော့ လေယာဥ်တွေ လာဝဲပြတာလည်း နှစ်ရက်နဲ့ နှစ်ညရှိပြီ” ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လဲချားမြို့နယ် အတွင်း သျှမ်းတပ် နှစ်တပ် တိုက်ပွဲ မဖြစ်ရန် တားမြစ် ပြောဆိုခဲ့ပြီးသည့်နောက် မေလ ၂၉ ရက် နှင့် ၃၀ ရက်တို့တွင် စစ်လေယာဥ် နှစ်စီးဖြင့် လဲချားမြို့ကို နှစ်ရက်၊ နှစ်ည ဆက်တိုက် ပျံသန်းပြခဲ့ကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လဲချားမြို့ပေါ် စစ်လေယာဥ် နှစ်ရက် နှင့် နှစ်ည ဆက်တိုက် ပျံသန်းမှုကြောင့် လဲချားဒေသခံများ အနေဖြင့် စစ်ကောင်စီ နှင့် သျှမ်းတပ်နှစ်တပ်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

သျှမ်းတပ်နှစ်တပ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့၏ လဲချားမြို့နယ် အတွင်း တိုက်ပွဲကြောင့် ရွာသုံးရွာက ရွာပျက်သည် အထိ ဖြစ်လာသည်။

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း သျှမ်းတပ်နှစ်တပ် တိုက်ပွဲ မဖြစ်ရန် ခိုလမ်တိုင်းမှူးက တားမြစ်ပြောဆို အပြီး စစ်လေယာဥ်များဖြင့် လဲချားမြို့နယ် အနီးတစ်ဝိုက်တွင် ပျံဝဲမှု နှစ်ရက်ဆက်တိုက် ပြုလုပ်လာကြောင်း စုံစမ်း သိရသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ လဲချားမြို့နယ် အနီးတစ်ဝိုက်တွင် သျှမ်းတပ်နှစ်တပ် ဖြစ်သည့် SSPP/SSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တိုက်ပွဲသည် မိုင်းနောင် နှင့် ကွန်ဟိန်းဘက်အထိ တိုက်ပွဲများ ကူးစက် သွားကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...