Tuesday, January 27, 2026

လဲချားမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်း သိရသည်။

.

ယနေ့ သြဂုတ် ၆ ရက် နံနက် ၆ နာရီကျော် အချိန်တွင် လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု နှင့် မန်ဆေအုပ်စုအတွင်း စစ်ကောင်စီတပ် နှင့် SSPP/ SSA တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ကျေးရွာရှိ ပြည်သူများသည် လဲချားမြို့ပေါ်ရှိ ဆွေမျိုးများ အသိမိတ်ဆွေ နေအိမ်များထံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထွက်ပြေးတိမ်းရှောင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမ တို့တော့ လဲချားမြို့မှာရှိတဲ့ ဆွေမျိုးဆီကို ပြေးလာရတာပေါ့။ တချို့ ဆိုင်ကယ်၊ ထော်လာဂျီ မရှိတဲ့သူတွေ တော့ ရွာမှာ ကျန်နေသေးတယ်။ ဒီလိုမျိုး တိုက်ပွဲဖြစ်တာ တစ်ခါမှ မကြုံဖူးတော့ တချို့လည်း ခြေတွေ၊ လက်တွေ တုန်ပြီး မပြေးနိုင်တဲ့ သူလည်းရှိတယ်။ တချို့ သွေးတိုးသမားဖြစ်တဲ့သူတွေလည်း မပြေးနိုင်ဘဲ ရွာမှာကျန် နေသေးတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဟိုင်းဆိုင်အုပ်စု နှင့် မန်ဆေအုပ်စုရှိ ကျေးရွာနေ ပြည်သူများသည် မြို့ပေါ်ရှိ ဆွေမျိုး၊ မိတ်ဆွေထံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသော်လည်း ထွက်ပြေးတိမ်းရှောင်ရသည့် လူဦးရေစာရင်းကိုတော့ မရှိရသေးပေ။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA ၏ ထုတ်ပြန်ချက်အရ ဟိုင်းဆိုင်အုပ်စု ခိုင်းဖက်နမ် နမ့်ပေါက်ကျေးရွာ အနီးရှိ SSPP/SSA ၏ တပ်စခန်းကို အာဏာသိမ်း စစ်ကောင်စီတပ်မှ အင်အား ၇၀ ဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

အလားတူ လဲချားမြို့နယ် မန်ဆေအုပ်စု မက်လန်းရွာအတွင်း တပ်ဆွဲထားသည့် စစ်ကောင်စီတပ် ခမရ (၅၇၃) ကို ပြန်လည် ခုံခံစစ်ဆင်ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပိုမို ပြင်းထန်နေလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲသည် စစ်ကောင်စီဘက်မှ SSPP ၏ တပ်စခန်း ၁၀ နေရာကို အကြိမ်ကြိမ်ဆုတ်ခွာခိုင်းခဲ့ရာ SSPP အနေဖြင့် ဌာနချုပ် လုံခြုံရေးအတွက် တပ်မဆုတ်ပေးနိုင်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...