လဲချားမြို့နယ်အတွင်း စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ ကြိမ် လာရောက်ပျံဝဲ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ ယနေ့ (သြဂုတ် ၉) ရက် နံနက်ပိုင်းတွင် ဂျက်ဖိုက်တာ ဖြင့် ၂ ကြိမ် လာရောက် ပျံဝဲခဲ့ကြောင်း သတင်းရရှိသည်။

.

ယနေ့ (သြဂုတ် ၉) ရက်တွင် လဲချားမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီ ကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ နံနက်ပိုင်းတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် လာရောက်လှည့်ပတ်သွားကြောင်း SSPP/SSA ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP Info က ထုတ်ပြန်ထားသည်။

“ဒီကနေ့ ၀၉ -၀၈-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီခွဲမှာ တကြိမ်၊ နံနက် ၁၁:၅၃ နာရီမှာတကြိမ် ရှမ်း နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ ကျေးရွာတွေဘက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ တစီး နဲ့ နှစ်ကြိမ်တိုင် လာရောက် ပျံသန်းသွားတာ ဖြစ်ပါတယ်” ဟု SSPP/SSA ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP Info က ထုတ်ပြန်ထားသည်။

ယနေ့ သြဂုတ် ၉ ရက် စစ်ကောင်စီ ဂျက်ဖိုက်တာ လာရောက်ပျံသန်း

ယမန်နေ့ သြဂုတ်လ ၈ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီ၏ စစ်လေယာဥ် တစ်စီးသည် လဲချားမြို့ အနီးတစ်ဝိုက်သို့ လာရောက် ပျံသန်းသွားကြောင်းလည်း ဒေသခံများထံမှ သတင်း သိရသည်။

လက်ရှိ စစ်ရေးတင်းမာနေသည့် လဲချားမြို့နယ်အတွင်း ည ၆ နာရီမှ မနက် ၆ နာရီအထိကို ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး ဒေသခံများ အပြင်ထွက်သွားလာခြင်း မပြုလုပ်ရန် တားမြစ်ထားကြောင်း လည်းသိရသည်။

“အဲ့ဒီ ညမထွက်ရအမိန့်က လဲချားမြို့အပြင်၊ ပင်လုံ၊ လဲချား၊ မိုင်းနောင်၊ မိုင်းကိုင်မြို့တို့လည်း ပါဝင်တယ် လို့ သိရတယ်။ ည ၆ နာရီကနေ မနက် ၆ နာရီအထိလို့ ပြောပါတယ်။ တစ်ဖက်ကလည်း သူတို့စစ်အင်အားတွေ ဖြည့်လာနေတုန်းပဲ၊ လဲချားအနီးတစ်ဝိုက်မှာက စစ်ရေးတင်းမာမှု မကျသေးဘူး” ဟု အမည်မဖော်လိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည့် သြဂုတ် ၆ ရက်မှစပြီး လက်ရှိအချိန်ထိ လဲချားမြို့ တောင်ဘက်ရှိ မန်ပုံကျေးရွာမှ နမ့်စန်ဘက်သွားသည့် လမ်းကြောင်း နှင့် မက်လန်းကျေးရွာမှ လမ်းတို့ကို စစ်ကောင်စီက ပိတ်ထားပြီး ဒေသခံများကို စစ်ရှောင်ခွင့် ပိတ်ထားကြောင်းလည်း သိရသည်။

လဲချားမြို့နယ်အတွင်း SSPP/SSA တပ် နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြား၌ စစ်ကောင်စီဘက်မှ တပ်သား ၁၀ ဦး ကျော် သေဆုံးသည့်အပြင် အရှင်ဖမ်းမိသူ ၂ ဦး၊ သေနတ် ၂ လက် နှင့် ကားတစ်စီးကိုလည်း ဖမ်းဆီးရမိကြောင်း SSPP/SSA မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...