Wednesday, January 28, 2026

လဲချားမြို့နယ် မိုးကြိုးစက်ကွင်းထိမှန် နွား (၁၀) ကောင်ကျော် သေဆုံး

သျှမ်းပြည် လဲချားမြို့နယ် နားပွဲကျေးရွာအုပ်စု နမ့်ဟူးကျေးရွာမှာ မိုးကြိုးစက်ကွင်း ထိမှန်သဖြင့် နွား (၁၀) ကောင်ကျော် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လဲချားမြို့

ပြီးခဲ့သည့် ဇွန် (၂၉) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် နွား (၁၀) ကောင်ကျော် တောင်ယာထဲ ကျက်စားနေစဥ် မိုးကြိုးစက်ကွင်းနှင့်မလွတ်ကင်းသဖြင့် မိုးကြိုးထိမှန် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ တောင်ယာထဲ သွားကြည့်လိုက်တော့ နွား (၁၀) ကောင်ကျော်က သေဆုံးနေပြီ။ သူတို့ ကိုယ်ပေါ်မှာလည်း ယင်ကောင်တွေ အုံနေပြီ။ ဒီလို သေဆုံးသွားတာတော့ စိတ်မကောင်းဘူး” ဟု နွားပိုင်ရှင် က ပြောသည်။

ယခုလို မိုးဦးကာလမှာ မိုးသည်းထန်စွာ ရွာသွန်းချိန် အဆောက်အဦးမြင့်တွေမှာ မိုးကြိုးပစ်နိုင်ကြောင်း၊ ကွင်းပြင်နေရာ နှင့် သစ်ပင်အောက်များတွင် မိုးကြိုးပစ်နိုင်ကြောင်း ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ထပ်မံ သတိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လတွင်လည်း ကျိုင်းတုံမြို့နယ်မှ ပင်တောက်ကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦး နေအိမ်ခြံဝန်းထဲ ရှိနေစဥ် မိုးကြိုးစက်ကွင်းထိမှန်ပြီး အသက်ဆုံးသွားရသည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ဖူးသည်။

ယခုလို မိုးရာသီကာလအတွင်းတွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း ၊ မိုးသီး ကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့်အတွက် အသိပညာပေးများ လိုအပ်အကြောင်းလည်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့ စိုက်ပျိုးရေးပစ္စည်းရောင်းသူ နေအိမ်ကို  ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။   ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် (...

ဆီဆိုင် အမျိုးသမီးငယ်တစ်ဦး ဖုန်းကြည့်စဉ် မိုးကြိုးပစ်ခံရ သေဆုံး

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကုန်းဆွတ်ကျေးရွာအုပ်စု ဟံနျားကျေးရွာတွင် အမျိုးသမီးငယ်တစ်ဦး ဖုန်းကြည့်နေစဉ် မိုးကြိုးပစ်ပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သြဂုတ်လ ၅ရက်တွင် မိုးကြိုးပစ်ပြီး သေဆုံးခဲ့သူသည် အသက်၁၈နှစ်အရွယ် နန်းရှန်နောင်းဖြစ်ကြောင်း သိရသည်။ "သူက ဖုန်းကြည့်နေချိန်မှာ မိုးကြိုးပစ်တာ ပွဲချင်းပဲ သေသွားတယ်။ ငယ်ငယ်ရွယ်ရွယ်ပဲရှိတော့ စိတ်လည်း မကောင်းဘူး"ဟု နီးစပ်သူ တစ်ဦးကသျှမ်းသံတောင်ဆင့်ကိုပြောသည်။ ထို့ကြောင်း မိုးကြီးပြီး...

လဲချားမြို့ ဈေးအတွင်းရှိ “ခမ်းလီ”ရွှေဆိုင် ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ရှိ ဈေးအတွင်း၌ ဖွင့်လှစ်ထားသော "ခမ်းလီ"ရွှေဆိုင်အား အမည်မသိ အမျိုးသားတစ်ဦး၏ သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခြင်းခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်က လဲချားမြို့ ရပ်ကွက်(၁)မှ ဈေးအရှေ့ဘက်တွင် လာရောက်ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး...

လဲချားမြို့နယ် စစ်ကောင်စီက အရပ်သား ၂ ဦးကို သေနတ်နဲ့ ပစ်၊ ၁ ဦးသေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ (သြဂုတ် ၁၆) ရက် နံနက်ပိုင်းတွင် ဆိုင်ကယ် စီးနင်းလာသည့် အရပ်သား နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် တစ်ဦးသေ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ယနေ့ (သြဂုတ်လ ၁၆) ရက် နံနက်ပိုင်း ၁၁...

လဲချားမြို့နယ် စစ်ကောင်စီ ဂျက်လေယာဥ် ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက်ပျံဝဲ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ သည် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲကြောင်း စုံစမ်း သိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က စတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယမန်နေ့ သြဂုတ်...