Wednesday, January 28, 2026

လားရှိုးမြို့

လားရှိုး လက်နက်ကြီး ပေါက်ကွဲသံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

သျှမ်းမြောက် လားရှိုးမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) ည (၇)နာရီဝန်းကျင်က လက်နက်ကြီး ပေါက်ကွဲသံကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ညတွင် လားရှိုးမြို့ အထက်မန်အိုင်ကျေးရွာအနီးရှိ ပြောင်းဖူးခင်းအတွင်း လက်နက်ကြီး ကျပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသံကျယ်လောင်လွန်းသဖြင့် စိုးရိမ်ထိတ်လန့်ရကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ကတော့ အသံ အရမ်းကျယ်တော့...

လားရှိုးမြို့ ဖမ်းဆီးခံရသည့် တအာင်းလူငယ် (၆) ဦးကို အဆက်သွယ်မရရှိသေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို ယနေ့ အောက်တိုဘာ ၆ ရက်နေ့ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ထိုဖမ်းဆီးခံထားရသည့် သူများကို လက်ရှိတွင် စစ်ကြောရေးစခန်းတွင် တည်ရှိနေပြီး မည်သည် စစ်ကြောရေးစခန်းတွင်...

ရွှေဖီမြေ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း ဖမ်းခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်( ၂၀) နှစ်သည့် လွန်ခဲ့သည့် စက်တင်ဘာ ၂၆ ရက်အကူး မနက် ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။ လွေးအမ်ဖောင်ကို စစ်ကောင်စီ က စက်တင်ဘာ...

လားရှိုးမြို့ တအောင်းလူငယ် (၆)ဦး ကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ လာရှိုးမြို့ အခြေစိုက် TSYU မှ ရုံးဝန်ထမ်း တစ်ဦး နှင့် TEC မှ ဆရာ (၅)ဦးကို စက်တင်ဘာ...

လားရှိုးရေကြီးမှု လူတစ်ဦးမျောပါသေဆုံး၊ နေအိမ်ပျက်စီးမှုများပြား

သျှမ်းမြောက် လာရှိုးမြို့တွင် စက်တင်ဘာလ (၂၀)ရက် ယမန့်နေ့ မွန်းလွဲ (၄)နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူတစ်ဦး ရေချောင်းအတွင်း မျောပါသေဆုံးခဲ့ပြီး နေအိမ်ပျက်စီးမှုလည်း ရှိခဲ့ကြောင်း သတင်းရရှိသည်။ လားရှိုးမြို့ ရပ်ကွက်(၆)၊ နယ်မြေ (၄)အတွင်း ချောင်းထဲတွင် ယမန်နေ့ မွန်းလွဲ (၄)နာရီဝန်းကျင် က မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးနှင့်အတူ...

လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီနှင့် တပ်ပေါင်းစု ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်းရှိ လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်ပေါင်းစုတို့ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်းသတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀)ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တပ်ပေါင်းစုဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)တို့သည် သျှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး - သိန္နီကြား...

လားရှိုးမြို့ဟိတကာရီကျောင်းရှိ မယ်သီလရှင် အပါး (၅၀) ကိုဗစ် ပိုးတွေ့

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၈ ရပ်ကွက် ဟိတကာရီ မယ်သီလရှင် စာသင်တိုက်တွင် မယ်သီလရှင်အပါး (၅၀) ပါး ကိုဗစ် - ၁၉ ပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။ ဟိတကာရီမယ်သီလရှင် စာသင်တိုက်တွင် သီတင်းသုံးနေသည့် မယ်သီလရှင် ၂ပါး ဖျားနာနေကြောင်း ကျန်းမာရေးရေးဆိုင်ရာတာဝန်ရှိသူများကို အကြောင်းကြားပြီးနောက်...

လားရှိုးတွင် သူခိုး၊ အကြမ်းဖက်လုယက်မှု ပိုများလာ

သျှမ်းမြောက် လားရှိုးမြို့နယ်တွင် အုပ်စုဖွဲ့ အကြမ်းဖက်လုယက်မှုများ၊ ပစ္စည်းခိုးယူခံရမှု ပိုများလာကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ လားရှိုးတွင် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာများထံမှ တန်ဖိုးရှိပစ္စည်းများလုယူခြင်း၊ ဆိုင်ကယ်နှင့် ဖုန်းများအား လုယူခြင်း၊ နေအိမ်အတွင်း ဝင်ရောက်ခိုးယူမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများအတွက် လုံခြုံမှုအားနည်းနေကြောင်း သိရသည်။ “တစ်ယောက်ထဲဆိုရင် အပြင်ကို မထွက်ရဲတော့ဘူး၊ မိန်းကလေးဆိုတော့...

လားရှိုးဈေးများ ပိတ်ထားရသည့်အတွက် စားသောက်ကုန် နှင့်ဆေးဝါးအခက်အခဲရှိ

သျှမ်းမြောက် လားရှိုးမြို့ရှိ မြို့မဈေးကြီးအပါအဝင် မြို့တွင်းရပ်ကွက်ရှိ အခြားဈေးများကိုလည်း ယာယီပိတ်ထားရသည့်အတွက် အစားအသောက်များ ဝယ်ယူရရှိရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ “အစားအသောက်ကို ဈေးသည်တွေဆီကပဲ ဝယ်စားရတယ်၊ အလုပ်မလုပ်ရတော့ ဝင်ငွေလည်းမရှိတော့ဘူး၊ အပြင်လည်းထွက်လို့မရဘူးဆိုတော့ အစားအသောက်အတွက် ခက်ခဲတယ်” ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ယခင်က ရပ်ကွက်ထောက်ခံချက်ပါလျှင် အခြားကျေးရွာသို့...

တစ်လကျော် ပိတ်ထားသည့် လားရှိုးမြို့တွင်းစျေးများကို အကန့်အသတ်နဲ့ ပြန်ဖွင့်မည်

ကိုဗစ် တတိယလှိုင်း ပျံ့နှံကူးစက်မှု မြင့်မားမှုကြောင့် တစ်လကျော် ပိတ်ထားသည့် လားရှိုးမြို့တွင်းမှ စျေးများကို အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လွတ်မည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၃ လ တွင် ပိတ်ခဲ့ရသည့် လားရှိုးမြို့တွင်း စျေးများအနက် ဆန်ဆိုင်၊ ဆီဆိုင်၊ သား/ငါး ဆိုင်များ နှင့်...

Latest news