လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီနှင့် တပ်ပေါင်းစု ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်းရှိ လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်ပေါင်းစုတို့ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်းသတင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၀)ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တပ်ပေါင်းစုဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)တို့သည် သျှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး – သိန္နီကြား တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိန္နီမြို့နေ ကားမောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထိပ်တိုက်တွေ့ကြလို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ယူဆပါတယ်၊ ပစ်တာကလည်း ခဏလေးပဲ အသံကြားရတယ်၊ နာရီဝက်လောက်ပေါ့၊ လမ်းမှာကားတွေရပ်စောင့်ရပြီး အသံတွေငြိမ်သွားတော့ ပုံမှန်အတိုင်းပဲ ဆက် ပြီးသွားလာနိုင်ပါတယ်၊ ထိခိုက်မှုတွေ ရှိတယ်လို့လည်း မကြားမိဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် ညနေပိုင်း ၄ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်မှုအသံများ စကြားရခြင်းဖြစ်ပြီး ၄ နာရီ ကျော်အချိန်တွင် ပစ်ခတ်သံများ ငြိမ်သွားကြောင်း နှင့် အဆိုပါ ပစ်ခတ်မှုများသည် စစ်ကောင်စီနှင့်တပ်ပေါင်း စု တို့ ထိပ်တိုက်ထိတွေ့မှုကြောင့်ဟု ကြားသိရသော်လည်း အတည်ပြုချက်များ မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။

“တပ်ပေါင်းစုနဲ့ စစ်ကောင်စီတွေရဲ့ ပစ်ခတ်မှုလို့တော့ ကြားရတယ်၊ ဒါပေမဲ့ အတည်ပြုချက်တော့ မရသေး ဘူး၊ ဒီနေ့ဆို မြို့ထဲမှာ ပုံမှန်အတိုင်းသွားလာနေကြပါပြီ” ဟု သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် MNDAA, TNLA, KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး ပန်ဆိုင်း၊ မုံးကိုး ဒေသများမှာလည်း ဒေသခံ ကျေးရွာ ပြည်သူ နှစ်ထောင်ကျော်တို့က နေရပ်ကို စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...