လားရှိုးမြို့နယ်အတွင်း လိုင်စင်မဲ့ ယာဉ်များကို စစ်ကောင်စီက စစ်ဆေးပြီး သိမ်းယူ

သျှမ်းပြည်တောင်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီမှ လိုင်စင်မဲ့ ယာဉ်(ဆိုင်ကယ်၊ ကား)များကို စစ်ဆေးပြီး သိမ်းယူနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီ တပ်သားတို့က နိုဝင်ဘာ ၃ ရက်မှစပြီး လိုင်စင်မဲ့ ယာဉ်များကို စစ်ဆေးပြီး ဆိုင်ကယ်သိမ်းယူမှုနှင့် ငွေကြေးတောင်းယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လိုင်စင်တွေ၊ ဆိုင်ကယ်ဦးထုပ်တွေစစ်တယ်။ ယာဉ်လိုင်စင်တွေလည်း စစ်တယ်။ မပါဘူးဆိုရင် တစ်ချို့က ငွေတောင်းတယ်။ ငွေတောင်းလို့ မပေးနိုင်ရင် သူတို့က ဆိုင်ကယ်ကိုယူသိမ်းလိုက်တာ” ဟု လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများက ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးသည့်အပြင် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးကြောင်းနှင့် အပြင်ထွက် သွားလာခွင့် ထောက်ခံစာ ရှိ၊ မရှိကိုပါ စစ်ဆေးပြီး မပါရှိပါက ဆိုင်ကယ်၊ ကားများကို လားရှိုးမြို့တော်ခန်းမတွင် (၁၇)ရက် သိမ်းယူထားကြောင်း သိရသည်။

“အကုန်စစ်တာပဲ။ တစ်ခုပြီးတစ်ခု ထုတ်ထုတ်စစ်တယ်။ ယာဉ်မောင်းလိုင်စင် စစ်တယ်။ အဲဒါတွေရှိလည်း ကိုဗစ် ကာကွယ်ဆေးထိုးပြီးလား။ အပြင်ထွက်စာပါလား။ အဲဒါတွေ အကုန်စစ်တယ်။ တစ်ခုမှမပါဘူးဆိုရင် သူတို့က ကား၊ ဆိုင်ကယ်တွေကို မြို့တော်ခန်းမမှာ ၁၇ ရက်သိမ်းထားမယ်လို့တော့ပြောတာပဲ” ဟု အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ စစ်ဆေးမှု တင်းကြပ်လာသောကြောင့် ဒေသခံပြည်သူများက နေအိမ်မှ အပြင်ထွက် သွားလာရန်အတွက် ခက်ခဲမှုနှင့် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“သူတို့ ဒီလိုစစ်တော့ အပြင်သွားလာရတာ ခက်တာပေါ့။ သူတို့နဲ့ သွားတွေ့မိမလား၊ တွေ့ရင် ကိုယ်တွေ ဆိုင်ကယ်သိမ်းသွားမလား စိုးရိမ်တာပေါ့။ တစ်ခါတစ်လေ အပြင်သွားဝယ်စရာရှိရင်လည်း ဆိုင်ကယ်နဲ့သွားဖို့က ခက်လာပြီးလေ” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

စစ်ကောင်စီ တပ်သားများသည် လားရှိုးမြို့ တွင် နေ့စဉ် စောင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...