Wednesday, January 28, 2026

ရွှေဖီမြေ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း ဖမ်းခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်( ၂၀) နှစ်သည့် လွန်ခဲ့သည့် စက်တင်ဘာ ၂၆ ရက်အကူး မနက် ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။

ရွှေဖီမြေ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း ဖမ်းခံရ

လွေးအမ်ဖောင်ကို စစ်ကောင်စီ က စက်တင်ဘာ ၂၆ ရက်တွင် လာရှိုးမြို့ ရပ်ကွက် (၁) နယ်မြေ (၃)ရှိ နေအိမ်ထဲသို့ စစ်အင်အား (၃၀) ခန့်က ခြံစည်းရိုးကို ကျော်တက်ပြီး လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“ ရွှေဖီမြေသတင်းဌာနဟောင်းကို ဖမ်းသွားတယ်။ အင်းအားကတော့ (၃၀) လောက်တော့ ရှိတယ်။ ည အချိန်မှာလာဖမ်းသွားတာ။ ဘာကြောင့်လာဖမ်းသွားလဲတော့ ကျနော်တို့လည်း မသိရဘူး” ဟု တအာင်း ဥပဒေ အထောက်ကူပြု အဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းခံရပြီးနောက်ပိုင်း လွေးအမ်ဖောင်သည် စက်တင်ဘာ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ စစ်ကြောရေးစစ်ခန်းတွင် ရှိနေပြီး အောက်တိုဘာ ၁ရက်နေ့မှစပြီး လာရှိုးမြို့ အမှတ် (၂) ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်းသိရသည်။

လွေးအမ်ဖောင်ကို ရွှေဖီမြေ သတင်းအေဂျင်စီမှ မတ်လ ၁ ရက်နေ့မှ စတင်ပြီး သတင်းလုပ်ငန်း တာဝန်မှ ရပ်စဲခိုင်းခဲ့ ကြောင်းသိရသည်။

ထိုသို့ ရွှေဖီမြေ ရုပ်သံသတင်းထောက်ဟောင်းကို ဖမ်းဆီးမှုမပြုပ်လုပ်ခင်က စစ်ကောင်စီ တပ်ဖွဲ့မှ ရွှေဖီမြေ သတင်းခန်းကို ဖျတ်ဆီးရန်အတွက် ကြိုးပမ်းခဲ့ကြောင်း ရွှေဖီမြေသတင်းအေဂျင်စီအယ်ဒီတာ အဖွဲ့ဝင်တဦး က သျှမ်းသံတော်ဆင့် ကို‌ ပြောသည်။

“ ရွှေဖီမြေသတင်းအေဂျင်စီကို စစ်ကောင်စီက ဖျတ်ဆီးချင်နေတာကြာပါပြီ။ အခ ရုပ်သံအမျိုးသမီး သတင်းထောက်ဟောင်း မဖမ်းခံရခင် မေလကတည်းက ရုံးသော့ ဖျက်ပြီး ဝင်မွှေခံရဖူးပါတယ်” ဟု ရွှေဖီမြေ သတင်းအေဂျင်စီ အယ်ဒီတာ အဖွဲ့ဝင်တဦး က ပြောသည်။


စစ်ကောင်စီ ၏ အကြမ်းဖက်မှုကို ဆက်တိုက်ထုတ်လွှင့်မှုကြောင့် စစ်ကောင်စီမှ ရွှေဖီမြေ သတင်းခန်းကို ဝင်ရောက် မွှေနှောက်ပြီး သတင်းထောက်များကို လိုက်လံဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ရွှေဖီမြေအေဂျင်စီ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦး က ပြောသည်။

“ အဓိကတော့ သတင်းဌာန အနေနဲ့ လူထုတွေအပေါ် စစ်ကောင်စီ ရဲ့ အကြမ်းဖက်မှု မတရားမှု ညှင်းပန်းနှိပ်စက်မှုကို တောက်လျှောက်ရေးတာကြောင့် လိုက်ဖမ်း၊ ဖျက်ဆီးနေတယ်လို့ မြင်ပါတယ်။” ဟု ရွှေဖီမြေအယ်ဒီတာ အဖွဲ့ဝင်တဦးက ပြောသည်။

မေလ (၅) ရက် ည ၁၀ နာရီ ဝန်းကျင်အချိန် လာရှိုးမြို့ အခြေစိုက် ရွှေဖီမြေအေဂျင်စီ သတင်းခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ဝင်ရောက်မွှေနှောက်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...