ရွှေဖီမြေ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း ဖမ်းခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်( ၂၀) နှစ်သည့် လွန်ခဲ့သည့် စက်တင်ဘာ ၂၆ ရက်အကူး မနက် ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။

ရွှေဖီမြေ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း ဖမ်းခံရ

လွေးအမ်ဖောင်ကို စစ်ကောင်စီ က စက်တင်ဘာ ၂၆ ရက်တွင် လာရှိုးမြို့ ရပ်ကွက် (၁) နယ်မြေ (၃)ရှိ နေအိမ်ထဲသို့ စစ်အင်အား (၃၀) ခန့်က ခြံစည်းရိုးကို ကျော်တက်ပြီး လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“ ရွှေဖီမြေသတင်းဌာနဟောင်းကို ဖမ်းသွားတယ်။ အင်းအားကတော့ (၃၀) လောက်တော့ ရှိတယ်။ ည အချိန်မှာလာဖမ်းသွားတာ။ ဘာကြောင့်လာဖမ်းသွားလဲတော့ ကျနော်တို့လည်း မသိရဘူး” ဟု တအာင်း ဥပဒေ အထောက်ကူပြု အဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းခံရပြီးနောက်ပိုင်း လွေးအမ်ဖောင်သည် စက်တင်ဘာ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ စစ်ကြောရေးစစ်ခန်းတွင် ရှိနေပြီး အောက်တိုဘာ ၁ရက်နေ့မှစပြီး လာရှိုးမြို့ အမှတ် (၂) ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်းသိရသည်။

လွေးအမ်ဖောင်ကို ရွှေဖီမြေ သတင်းအေဂျင်စီမှ မတ်လ ၁ ရက်နေ့မှ စတင်ပြီး သတင်းလုပ်ငန်း တာဝန်မှ ရပ်စဲခိုင်းခဲ့ ကြောင်းသိရသည်။

ထိုသို့ ရွှေဖီမြေ ရုပ်သံသတင်းထောက်ဟောင်းကို ဖမ်းဆီးမှုမပြုပ်လုပ်ခင်က စစ်ကောင်စီ တပ်ဖွဲ့မှ ရွှေဖီမြေ သတင်းခန်းကို ဖျတ်ဆီးရန်အတွက် ကြိုးပမ်းခဲ့ကြောင်း ရွှေဖီမြေသတင်းအေဂျင်စီအယ်ဒီတာ အဖွဲ့ဝင်တဦး က သျှမ်းသံတော်ဆင့် ကို‌ ပြောသည်။

“ ရွှေဖီမြေသတင်းအေဂျင်စီကို စစ်ကောင်စီက ဖျတ်ဆီးချင်နေတာကြာပါပြီ။ အခ ရုပ်သံအမျိုးသမီး သတင်းထောက်ဟောင်း မဖမ်းခံရခင် မေလကတည်းက ရုံးသော့ ဖျက်ပြီး ဝင်မွှေခံရဖူးပါတယ်” ဟု ရွှေဖီမြေ သတင်းအေဂျင်စီ အယ်ဒီတာ အဖွဲ့ဝင်တဦး က ပြောသည်။


စစ်ကောင်စီ ၏ အကြမ်းဖက်မှုကို ဆက်တိုက်ထုတ်လွှင့်မှုကြောင့် စစ်ကောင်စီမှ ရွှေဖီမြေ သတင်းခန်းကို ဝင်ရောက် မွှေနှောက်ပြီး သတင်းထောက်များကို လိုက်လံဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ရွှေဖီမြေအေဂျင်စီ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦး က ပြောသည်။

“ အဓိကတော့ သတင်းဌာန အနေနဲ့ လူထုတွေအပေါ် စစ်ကောင်စီ ရဲ့ အကြမ်းဖက်မှု မတရားမှု ညှင်းပန်းနှိပ်စက်မှုကို တောက်လျှောက်ရေးတာကြောင့် လိုက်ဖမ်း၊ ဖျက်ဆီးနေတယ်လို့ မြင်ပါတယ်။” ဟု ရွှေဖီမြေအယ်ဒီတာ အဖွဲ့ဝင်တဦးက ပြောသည်။

မေလ (၅) ရက် ည ၁၀ နာရီ ဝန်းကျင်အချိန် လာရှိုးမြို့ အခြေစိုက် ရွှေဖီမြေအေဂျင်စီ သတင်းခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ဝင်ရောက်မွှေနှောက်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...