လားရှိုးရေကြီးမှု လူတစ်ဦးမျောပါသေဆုံး၊ နေအိမ်ပျက်စီးမှုများပြား

သျှမ်းမြောက် လာရှိုးမြို့တွင် စက်တင်ဘာလ (၂၀)ရက် ယမန့်နေ့ မွန်းလွဲ (၄)နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူတစ်ဦး ရေချောင်းအတွင်း မျောပါသေဆုံးခဲ့ပြီး နေအိမ်ပျက်စီးမှုလည်း ရှိခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ ရပ်ကွက်(၆)၊ နယ်မြေ (၄)အတွင်း ချောင်းထဲတွင် ယမန်နေ့ မွန်းလွဲ (၄)နာရီဝန်းကျင် က မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးနှင့်အတူ အမျိုးသားအလောင်းတလောင်း မျှောပါသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရေထဲ မျောလာတဲ့သူက ဘယ်နားနေလဲ မသိဘူး၊ ရပ်ကွက် (၆)ထဲကတော့ မဟုတ်ဘူး၊ သူက စိတ်သိပ်မနှံ့ဘူး၊ ချောင်းထဲကို ခုန်ချတာ လို့တော့ တစ်ချို့ကပြောတယ်၊ ကျွန်တော်တော့ သေခြား မသိဘူး” ဟု ရက်ကွက် (၆)ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း အိမ်စီးကားတစ်စီး ရေစီးနှင့်အတူ မျှောပါသွားခဲ့ ပြီး ယာဉ်ပေါ်ပါသူ သေဆုံးခဲ့ဖူးကြောင်း သိရှိရသည်။

ထို့အပြင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့ အထက်မန်အိုင်ကျေးရွာရှိ နေအိမ်တစ်အိမ် အုတ်တံတိုင်းပြိုပိပြီး ပျက်စီးခဲ့ရကြောင်း၊ လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

“မိုးက အရမ်းသည်းပြီး ခြံထဲထိရေဝင်တာပေါ့၊ ပြီးတော့ အုတ်တံတိုင်းနားမှာ ရေသွားစုပြီး အုတ်တံတိုင်း ပြိုကျသွားတာ၊ အိမ်ပေါ်ကို ပိကျသွားတယ်၊ အိမ်ကလည်း ထံရံအိမ်ပဲ၊ လူထိခိုက်တာတော့မရှိပေမယ့် အိမ်တော့ တော်တော်ပျက်စီးသွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် ယခင်က မိုးသည်းထန်စွာ ရွာသွန်းသော်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ မရှိကြောင်း သို့သော် လွန်ခဲ့သည့် (၃)နှစ်ဝန်းကျင်မှ စပြီး ချောင်းရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...