Wednesday, January 28, 2026

လားရှိုးမြို့ ဖမ်းဆီးခံရသည့် တအာင်းလူငယ် (၆) ဦးကို အဆက်သွယ်မရရှိသေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို ယနေ့ အောက်တိုဘာ ၆ ရက်နေ့ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ထိုဖမ်းဆီးခံထားရသည့် သူများကို လက်ရှိတွင် စစ်ကြောရေးစခန်းတွင် တည်ရှိနေပြီး မည်သည် စစ်ကြောရေးစခန်းတွင် ရှိနေသည်ကို မသိရှိသေးကာ ယနေ့ချိန်ထိ အဆက်သွယ်မရရှိသေးကြောင်းကို (TEC) မှ ကျောင်းဆရာတဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ခုချိန်ထိ အဆက်သွယ်မရသေးဘူး။ ဘယ်နားရှိနေလဲမသိရဘူး။ စစ်ကြောရေးစခန်းမှာ ရှိနေတာတော့ သိတယ်။ ဘယ်စစ်ကြောရေးစခန်း ရှိနေလဲဆိုတာမသိဘူး။ အဆက်သွယ် လည်းမရဘူး။ ဘာအမှုနဲ့ ဖမ်းထားလည်းမသိရဘူး။” ဟု (TEC)မှ ကျောင်းဆရာတဦး က ပြောသည်။

ထိုအပြင် ဖမ်းဆီးခံထားရသည့် လူငယ် (၆) ဦးကို လာရှိုးမြို့ ရဲစခန်းများ စသည့်နေရာများတွင် စုံစမ်းကြည့်သော်လည်း မည်သည်နေရာတွင် ရှိနေကြောင်းကိုမသိရသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များသည် စစ်ကောင်စီ၊ နွေဦးတော်လှန်ရေးနှင့် ပတ်သတ်သည့် သူများမဟုတ်ကြောင်း၊ ပညာရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် သူများသာ ဖြစ်ကြောင်း သိရသည်။

“ သူတို့က စစ်ကောင်စီတွေနဲ့ ဒီတော်လှန်ရေးတွေနဲ့ ဘာမှ ပတ်သတ်တာမရှိဘူး။ ဘာကြောင့်ဖမ်းသွားတာလဲ ခုချိန်ထိမသိရသေးဘူး။ သူတို့က ပညာရေးနဲ့ ပတ်သတ်ပြီးတော့ဘဲ လုပ်တာ။ သူတို့ကို အမြန်ဆုံး ပြန်လွှတ်လာပေး စေချင်တယ်” ဟု အထက်ပါ ကျောင်းဆရာက ဆိုသည်။

ထိုလူငယ်များကို ဖမ်းဆီးသွားသောကြောင့် ကျေးလက်ဒေသ ပညာရေးအတွက် ထိခိုက်လာနိုင်သောကြောင့် အမြန်ဆုံးပြန်လွတ်လာပေးရန် အတွက် (TEC) ကျောင်းသားအဖွဲ့က တောင်းဆိုလိုက်သည်။

“ ကျနော်တို့ လူက ဘာအပြစ်မှ မရှိဘူး။ သန့်သန့်ရှင်းရှင်းနေတဲ့သူတွေဖြစ်တယ်။ ပညာရေးပိုင်းကိုပဲလုပ်တာ။ သူတို့ဒီလို ဖမ်းသွားတာ ကကျနော်တို့ ကျေးလက်ဒေသတွေမှာ အတွက် ပညာရေးက ထိခိုက်လာနိုင်တယ်။ အမြန်ဆုံး ပြန်လွှတ်ပးဖို့ လိုအပ်တယ်” ဟု (TEC) ကျောင်းသား အဖွဲ့က ပြောသည်။

အလားတူ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TEC) ကလည်း ထိုဖမ်းဆီးထားသည့် တအာင်း ကျောင်းသား နှင့် လူငယ်များအဖွဲ့ (TSYU) ရုံးဝန်ထမ်း တဦး၊ တအာင်းပရဟိတပညာရေးဘော်ဒါဆောင် (TEC) ကျောင်းဆရာ (၅) ဦး နှင့်အတူ ရွှေဖီမြေသတင်း အေဂျင်စီ ရုပ်သံသတင်းထောက်တို့ကို ချွင်းချက် မရှိ အမြန်ဆုံးပြန်လွှတ်လာပေးရန်အတွက် အောက်တိုဘာ (၅) ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...