လားရှိုးမြို့ တအောင်းလူငယ် (၆)ဦး ကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို စစ်ကောင်စီ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

လာရှိုးမြို့ အခြေစိုက် TSYU မှ ရုံးဝန်ထမ်း တစ်ဦး နှင့် TEC မှ ဆရာ (၅)ဦးကို စက်တင်ဘာ ၂၅ရက် ည (၁)နာရီတွင် စစ်ကောင်စီ တပ်ဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ သူတို့ (၆) ယောက်ကို တခါထဲဖမ်းမိတာမဟုတ်ဘူး။ မိုင်းအောင်သက်ဦးက သူငယ်ချင်းအိမ်လိုက်သွားတာ။ သူကို အဲ့အိမ်မှာ နာမည်တပ်ခေါ်ပြီးတော့ ဖမ်းသွားတာ။ သေနတ်နဲ့ချိန်ပြီးတော့ ဖမ်းဆီးသွားတယ်လို့ပြောတယ်။ သူကို ဘာကြောင့်ဖမ်းဆီးသွားလဲ တော့ ကျနော်တို့ မသိရသေးဘူး” ဟု တအောင်းဥပဒေ အထောက်ကူပြုအဖွဲ့ဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။


အဆိုပါ တအောင်းပရဟိတ ပညာရေးဘော်ဒါဆောင် ဆရာ (၅) ဦးကို စရဖ၊ ဆယ်အိမ်မှူး၊ရာအိမ်မှူး တို့မှ ကား(၅)စီးဖြင့် ကျောင်းသို့လာပြီး ဖမ်းဆီးခံရကြောင်း၊ ဖမ်းဆီးခံရ ပြီးနောက် ကျောင်းတွင်းရှိ ဆိုင်ကယ်များပါ ပျောက်ဆုံးသွားကြောင်း သိရသည်။

“ သူတို့ (၅) ယောက်ကို ကျောင်းစောင့်အဖြစ်ထားထားတာ။ သူတို့ကိုဖမ်းပြီးသွားတဲ့နောက် ကျနော်ကျောင်းမှ ာသွားကြည့်တာ ဆိုင်ကယ်တွေတော့ မရှိတော့ဘူး။ ပြီးတော့ ကျောင်းတံခါးတွေလည်း အကုန်ဖွင့်ထားတယ်။ ဆိုင်ကယ်ကို ဘယ်သူတွေ ယူသွားလဲ ဆိုတော့ ကျနော်တို့လည်း အတိကျမပြောနိုင်ဘူး။ စရဖ အဖွဲ့က လာဖမ်းသွားတာ။ စစ်တပ်တွေလည်း ပါမှာပေါ့။ ။ကား (၅) စီးလောက်ပါလာတယ်” ဟု ဖမ်းဆီးခံရသည့် ကျောင်းဆရာ(၅)ဦး နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ထို တအောင်းလူငယ် (၆) ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက်ပိုင်း အဆက်သွယ်ပြန်မရရှိသေးကြောင်း၊ မည့်သည် အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားကြောင်း ကို လည်း ယနေ့ အချိန်ထိ မသိရှိရသေးကြောင်း အထက်ပါ လူက ပြောသည်။

ဖမ်းဆီးခံရသော တအောင်းပရဟိတ ကျောင်းဆရာ (၅) ဦးသည် မိုင်းကျော်ဝင်၊ မိုင်းနိုင်ဝင်း၊ မိုင်းညီလွယ်၊ မိုင်းအောင်သန်းဌေး၊ မိုင်းဘဦးတို့ ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူများကို အကြောင်းမဲ့ နေ့စဉ်ဖမ်းဆီးနေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...