ရွေးကောက်ပွဲ

နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်မျိုးလုံးကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟုဆို

၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နှင့် အချိုးကျ ကိုယ်စားပြု (PR) စနစ် နှစ်မျိုးလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့်...

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကာလ ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များ သက်တမ်းကုန်ဆုံးချိန်ဖြစ် 

ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းသိမ်းယူထားသည့် စစ်ကောင်စီမှ ဦးစီးကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ လဆန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ မတ်လ (၉) ရက်နေ့တွင် ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လာသည့်...

စစ်အာဏာသိမ်း သက်တမ်းတိုးမှု ကြံ့ခိုင်ရေးပါတီ စိတ်ပျက်နေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် က စစ်တပ်အာဏာသိမ်းမှု (၇) ကြိမ်မြောက် သက်တမ်းတိုးလိုက်ပြီးနောက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး မရေမရာဖြစ်လာသဖြင့် ပါတီဝင်များ စိတ်ပျက်နေကြကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်) တွင် ပြောသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်)...

စစ်ဘေး၊ ရေဘေးဒဏ်ကြား ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း စကောက်နေ

စစ်ဘေး၊ ရေဘေးနှင့် ကြုံတွေ့နေရသည့် သျှမ်းပြည်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်အတွက် စစ်ကောင်စီက သန်းခေါင်စာရင်းစတင်ကောက်ခံနေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် တန့်ယန်းမြို့အပါအဝင် မိုင်းတုံ၊ မိုင်းဆတ်နှင့် ဟိုပုံးမြို့တွင် စစ်ကောင်စီက သန်းခေါင်းစာရင်းကောက်ခံနေသည်ဟု ဒေသခံများထံမှသိရသည်။ တိုက်ပွဲများနှင့်...

တိုင်းရင်သားနှင့် PDF များ လက်နက်စွန့်၍ ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီ ဖိတ်ခေါ်

လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင််းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) နေ့က...

လမ်းပျောက်နေသည့် စစ်ကောင်စီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ပြင်ဆင်ပြန်

နိုင်ငံတဝှမ်း စစ်ရှုံးပြီး နိုင်ငံရေးအရ လမ်းပျောက်နေသည့် စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ် အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း စစ်ကောင်စီ လက်အောက်ခံ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ အထွေထွေ ရွေးကောက်ပွဲ အခြေခံ...

မိုးနဲမြို့နယ်အတွင်း USDP က မဲဆွယ်စည်းရုံးရေး ကြိုတင်ဆင်းနေ

သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုထဲတွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကြိုတင်မဲဆွယ် စည်းရုံးရေး ဆင်းနေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် မေလမှစပြီး USDP ပါတီက မိုးနဲမြို့နယ် ကျေးရွာအုပ်စုအတွင်းသို့ USDP ပါတီဝင်များကို ကြိုတင်ပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ကြောင်း...

TNP ပါတီမှ သျှမ်းပြည် အခြေစိုက် ပါတီအဖြစ် နိုင်ငံရေး ပါတီ မှတ်ပုံတင်ဖို့ ပြင်ဆင်နေ

တအာင်း (ပလောင်) အမျိုးသား ပါတီ TNP ပါတီသည် သျှမ်းပြည် အခြေစိုက်ပါတီ အဖြစ် နိုင်ငံရေးပါတီ မှတ်ပုံတင် လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သတင်းသိရသည်။ သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) အမျိုးသားပါတီသည် စစ်ကောင်စီ၏ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံရေးပါတီ အဖြစ်...

ကျားဖြူပါတီ နာမည်ပြောင်းလဲပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်

ကျားဖြူပါတီသည် မူရင်း “ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” မှ “ ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” ဟု နာမည် ပြောင်းလဲကာ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ နာမည်ပြောင်းလဲခြင်း နှင့် ပတ်သက်ပြီး ကျားဖြူပါတီသည် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ပါဝင်...

PNO ပါတီမှ စစ်ကောင်စီထံ နိုင်ငံရေးပါတီ မှတ်ပုံတင် တင်သွင်းထား

သျှမ်းပြည် အခြေစိုက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO/PNA) မှ စစ်ကောင်စီတို့ လုပ်ဆောင်မည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး မှတ်ပုံတင် တင်သွင်းထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅...

Latest news