စစ်အာဏာသိမ်း သက်တမ်းတိုးမှု ကြံ့ခိုင်ရေးပါတီ စိတ်ပျက်နေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် က စစ်တပ်အာဏာသိမ်းမှု (၇) ကြိမ်မြောက် သက်တမ်းတိုးလိုက်ပြီးနောက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး မရေမရာဖြစ်လာသဖြင့် ပါတီဝင်များ စိတ်ပျက်နေကြကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်) တွင် ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်) နံနက်ပိုင်း နေပြည်တော်၌ ကျင်းပသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ယာယီသမ္မတ ရာထူးရယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တည်ငြိမ်အေးချမ်းမှု လိုအပ်ဟု အကြောင်းပြကာ နိုင်ငံတော် အရေးပေါ် အခြေအနေ (၇) ကြိမ်မြောက် သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

“၂၀၂၅ နိုဝင်ဘာမှာ ရွေးကောက်ပွဲ လုပ်မယ် ပြင်ဆင်ကြပါ ဆိုပြီး အရင်နှစ်ကတည်းက ညွှန်ကြားထားတာ။ ပါတီတွင်း ကိုယ်စားလှယ်လောင်း စာရင်းတွေလည်း ဌာနချုပ်ကို အကုန်ပို့ထားပြီးပြီ။ ရွေးကောက်ပွဲ ဖြစ်ရင်တော့ သွားလာလှုပ်ရှားရတာ အခုလောက်ကြီး ဖိအားမများတော့ဘူး ဆိုပြီး ကလေးတွေက မျှော်လင့်ထားတာ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့ (၆) ကြိမ်မြောက် စစ်အာဏာသိမ်းမှု သက်တမ်းတိုးပြီးနောက် အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်၍ မြို့နယ်အလိုက် ပါတီကိုယ်စားလှယ်လောင်း စာရင်း တင်ပြရန်၊ မဲဆွယ်စည်းရုံးရေး စီမံချက် တင်ပြရန် နေပြည်တော် ပါတီဌာနချုပ်မှ ညွှန်ကြားသဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

USDP

“ကိုယ်စားလှယ်လောင်းက ပါတီဝင်တွေတင် မကဘူး အပြင်က လျှောက်ထားတာတွေလည်း အများကြီးရှိတယ်။ လူသိများတဲ့ လူတွေလည်း ပါတယ်။ စစ်တပ်ဘက်ကတော့ ဘယ်သူတွေလာမလဲ မသိသေးဘူး။ ဥက္ကဌကြီး (ဦးခင်ရီ) ကတော့ မြောင်းမြ မဟုတ်ဘူး၊ နေပြည်တော်ကပဲ ဝင်မယ် ကြားတယ်။ အခုကတော့ ရွေးကောက်ပွဲ ဖြစ်ဖို့တောင် မလွယ်တော့ဘူး ထင်တယ်” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပူးပေါင်း၍ လူထုကို ဒုက္ခပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကြံ့ခိုင်ရေးပါတီဝင် ရာပေါင်းများစွာ သုတ်သင်ခံထားရ သဖြင့် ပါတီဝင်များ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသည့် အခြေအနေ ကြုံတွေ့နေရရာ ရွေးကောက်ပွဲ ကျင်းပနိုင်ပါက ယင်းခြေအနေကို ကျော်လွှားနိုင်မည်ဟု ယူဆကြောင်း ဆိုသည်။

လက်ရှိ စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ် (၂) ခု အပါအဝင် မြို့ပေါင်း ၁၀၀ ဝန်းကျင် လက်လွှတ်ထားရပြီး မြို့များစွာ ဝိုင်းဝန်းပိတ်ဆို့ခံထားရသဖြင့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုပါကလည်း အပိုင်းလိုက် ခွဲ၍ ပြုလုပ်ရမည့် အခြေအနေ ဖြစ်သည်။

ယမန်နေ့ စစ်အာဏာသိမ်း သက်တမ်းတိုးပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က နိုင်ငံတဝှမ်း PDF အပါအတင် တော်လှန်ရေးတပ်များ ဝိုင်ဝန်းတိုက်ခိုက်နေသဖြင့် ရွေးကောက်ပွဲ ကျင်းပရေး အခြေအနေ မပေးသေးဟု ဝန်ခံခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည် ဆိုပါက ဝင်ရောက်ယှဥ်ပြိုင်ရန် စစ်တပ်ပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီ အပါအဝင် လူထုထောက်ခံမှုမရျိသည့် နိုင်ငံရေးပါတီ ၅၄ ခု ပါဝင်ယှဥ◌်ပြိုင်ရန် မှတ်ပုံတင်ထားကြောင်း စစ်တပ် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...