ကျားဖြူပါတီ နာမည်ပြောင်းလဲပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်

ကျားဖြူပါတီသည် မူရင်း “ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” မှ “ ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” ဟု နာမည် ပြောင်းလဲကာ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားကြောင်း သတင်းသိရသည်။

ကျားဖြူပါတီ

ယင်းကဲ့သို့ နာမည်ပြောင်းလဲခြင်း နှင့် ပတ်သက်ပြီး ကျားဖြူပါတီသည် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ပါဝင် ယှဥ်ပြိုင်မည် ဖြစ်ရာ သျှမ်းနှင့်ထပ်တူ တခြား တိုင်းရင်းသားများအတွက် ရည်ညွှန်းသည့် ပါတီ ဖြစ်စေရန် ရည်ရွည်ပြီး ပါတီနာမည်ကိုပြောင်းလဲခြင်းဖြစ်ကြောင်း ပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က တိုင်းဒေသကြီး ၆ နေရာ ၊ ပြီးတော့ သျှမ်းပြည် ဆိုတော့ စုစုပေါင်း ၇ နေရာကို ရွေးကောက်ပွဲဝင်မယ်ဖြစ်တယ်၊ ဒါကြောင့်မို့ သျှမ်းလူမျိုး တစ်ခုတည်းအတွက် မဟုတ်ပဲ တခြား တိုင်းရင်းသားတွေ အတွက် လည်း ဖြစ်စေတယ်လို့ ပြောချင်တာပေါ့။ အခုက ပါတီနာမည်ရော ပြီးတော့ ပါတီရဲ့ လိုဂိုအမှတ်တံဆိပ်မှာ နောက်ထပ် ဝါစိမ်းနီ လေးနဲ့ ဘောင်ခတ်ထားတယ်၊ အပြောင်းအလဲ အနည်းငယ်ပေါ့” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

လက်ရှိတွင် ကျားဖြူပါတီသည် လိုဂိုအမှတ်တံဆိပ် ပြောင်းလဲခြင်း မရှိဘဲ ယခင် လိုဂိုအတိုင်းသာ အသုံးပြုထားသော်လည်း ဘေးနားတွင် ဝါစိမ်းနီ ဘောင်ခတ်ထားမှု အပိုပါဝင်လာကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) သည် သျှမ်းပြည် နှင့်အတူ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း နှင့် နေပြည်တော်တို့ကို ဝင်ရောက်ယှက်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံရေး မှတ်ပုံတင် တင်ထားလျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အာဏာသိမ်း ၂ နှစ်ကျော်ကြာလာပြီးနောက် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော်လည်း မည်သည့်နေရာ မည်သည့်အချိန်တွင် ကျင်းပပြုလုပ်မည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

လက်ရှိ ၂၀၂၃ ရွေးကောက်ပွဲကို ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ကျားဖြူပါတီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မိုင်းပန်မြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် အမတ် တစ်နေရာတည်းသာ အနိုင်ရ ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...