TNP ပါတီမှ သျှမ်းပြည် အခြေစိုက် ပါတီအဖြစ် နိုင်ငံရေး ပါတီ မှတ်ပုံတင်ဖို့ ပြင်ဆင်နေ

တအာင်း (ပလောင်) အမျိုးသား ပါတီ TNP ပါတီသည် သျှမ်းပြည် အခြေစိုက်ပါတီ အဖြစ် နိုင်ငံရေးပါတီ မှတ်ပုံတင် လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သတင်းသိရသည်။

TNP ပါတီ

သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) အမျိုးသားပါတီသည် စစ်ကောင်စီ၏ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင် တင်သွင်းရန်အတွက် ပြင်ဆင်နေလျက်ရှိကြောင်း ပါတီ၏ ဗဟို အထွေထွေ အတွင်းရေးမှူး ဦးကျော်အောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိမှာက ကျနော်တို့ ပါတီ မှတ်ပုံတင် လုပ်ဖို့ ပြင်ဆင်နေတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဘယ်အချိန်မှာ တင်မလဲ ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး၊ အခုချိန်ကလည်း စိန်ခေါ်မှုတွေလည်း အရမ်းများနေတယ်” ဟု TNP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်အောင် က ပြောသည်။

လက်ရှိ အချိန်၌ TNP ပါတီသည် အာဏာသိမ်း စစ်ကောင်စီထံ နိုင်ငံရေး မှတ်ပုံတင်ရန် ပြင်ဆင်ထားသော်လည်း မြေပြင်ကွင်းဆင်း စည်းရုံးမှုများအတွက် စိန်ခေါ်မှုလည်း ရှိနေကြောင်း ဦးကျော်အောင် က ဆက်ပြောသည်။

“အခုက သျှမ်းပြည်ကိုပဲ ထားပြီး မှတ်ပုံတင် လုပ်မယ်ဆိုပေမဲ့ မြေပြင်ကွင်းဆင်း စည်းရုံးမှုတွေ ပြီးတော့ တခြား အခက်အခဲတွေက ရှိနေသေးတယ်၊ ဒါကြောင့် ဘယ်တော့ မှတ်ပုံတင် မလဲဆိုတာတော့ မပြောတတ်ဘူး၊ ရွေးကောက်ပွဲ ဝင်မဝင်က နောက်ထပ် တစ်ကဏ္ဍ ဖြစ်သွားတယ်ပေါ့” ဟု ဦးကျော်အောင် က ဆိုသည်။

TNP ပါတီမှ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေး ပါတီ မှတ်ပုံတင်ခြင်း နှင့် ပတ်သက်ပြီး တချို့သော တအာင်း (ပလောင်) အရပ်သား အဖွဲ့အစည်းများက ကန့်ကွက်နေကြောင်းလည်း သိရသည်။

ထို့အပြင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၏ ဒု ဥက္ကဌ ဗိုလ်ချုပ် တားဂျုတ်ဂျားကလည်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ် မပြုသည့်အကြောင်း ရွှေဖီမြေ သတင်းဌာနကို ပြောဆိုခဲ့ဖူးသည်။

စစ်ကောင်စီမှ အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေသစ်များကြောင့် နိုင်ငံရေး ပါတီ တင်သွင်းဖို့ရန်အတွက် အခက်အခဲ ဖြစ်စေသည့်အပြင် မူရင်း မဲဆန္ဒရှင်များကိုလည်း ဆုံးရှုံးရကြောင်း TNP ပါတီ၏ ဗဟို အထွေထွေ အတွင်းရေးမှူး ဦးကျော်အောင် က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အရင်က ကျနော်တို့ TNP ပါတီဆိုရင် ပြင်ဦးလွင်ခရိုင်က မိုးကုတ်မြို့နယ်မှာ လုံးကျွတ်နိုင်ခဲ့ဖူးတယ်၊ အခုတော့ နိုင်ငံရေးပါတီများဆိုရာ ဥပဒေသစ် ပြဌာန်းချက်တွေကြောင့် အဲ့နေရာတွေကို မဝင်နိုင်တော့ဘူး၊ မဲဆန္ဒရှင်တွေကို ဆုံးရှုံးရတယ်၊” ဟု ဦးကျော်အောင် က ပြောသည်။

တအောင်း (ပလောင်) အမျိုးသားပါတီ (TNP) သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နှင့် မြို့နယ် ၅ မြို့နယ်မှ လွှတ်တော်အမတ် (၁၂) နေရာ ကို အနိုင်ရရှိထားသည့် နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မှာလည်း ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ နှင့် လူထုပါတီတို့ကလည်း နိုင်ငံရေးပါတီ ဆက်လက် တည်ထောင်ခွင့် နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်များ အရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၂၁ ပါတီ ရှိနေပြီး ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၅ ပါတီ၊ ပြည်နယ်တစ်ခု အတွင်း စည်းရုံးမည့် နိုင်ငံရေး ပါတီ ၁၆ ပါတီအထိ ရှိထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...