စစ်ဘေး၊ ရေဘေးဒဏ်ကြား ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း စကောက်နေ

စစ်ဘေး၊ ရေဘေးနှင့် ကြုံတွေ့နေရသည့် သျှမ်းပြည်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်အတွက် စစ်ကောင်စီက သန်းခေါင်စာရင်းစတင်ကောက်ခံနေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် တန့်ယန်းမြို့အပါအဝင် မိုင်းတုံ၊ မိုင်းဆတ်နှင့် ဟိုပုံးမြို့တွင် စစ်ကောင်စီက သန်းခေါင်းစာရင်းကောက်ခံနေသည်ဟု ဒေသခံများထံမှသိရသည်။

တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ကြုံတွေ့နေရသော သျှမ်းပြည်မြောက်ပိုင်း မြို့နယ် အတော်များများတွင် အလုံးစုံ သန်းခေါင်စာရင်းကောက်နိုင်ရန်အတွက် ခဲယဉ်းနေသော်လည်း တန့်ယန်းမြို့တွင်မှု စစ်ကောင်စီက တစ်ရက်ကြိုပြီး ကောက်ခံခဲ့သည်ဟု တန့်ယန်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က လာကောက်တယ်လို့တော့ကြားတယ်။ ဒါပေမဲ့ ကျနော်ဆီမှာတော့ မရောက်သေးဘူး” ဟု တန့်ယန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော မိုင်းတုံ၊ မိုင်းဆတ်မြို့တွင်လည်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုကို လူဝင်မှုကြီးကြပ်ရေးဌာနဝန်ထမ်းများက တာဝန်ယူပြီးကောက်ခံပေးနေသည်ဟု မိုင်းတုံမြို့ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တယ်။ ဒီနေ့ သန်းခေါင်စာရင်း စကောက်နေပြီ။ အလုပ်တွေတော့ အရမ်းရှုပ်နေတယ်” ဟု မိုင်းတုံမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စာရင်းကောက်ခံသူများက အမည်၊ အသက်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင် အပန်းရောက်ကတ် ကိုင်ဆောင်ခြင်း ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းပြီး ကောက်ခံနေသည်ဟုဆိုသည်။

အောက်တိုဘာ ၁ရက်နေ့မှ ၁၅ရက်နေ့ထိကောက်ယူသွားမည်ဖြစ်ပြီး လိုအပ်ပါက ရက်တိုးကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

အလားတူ ဟိုပုံးမြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၁ ရက်က အကြောင်းကြားခဲ့သည်ဟု ဟိုပုံးမြို့ဒေသခံတစ်ဦးက ပြောသည်။

“မနက်ဖြန်ကျရင် အိမ်ထဲဝင်ပြီးလာကောက်မယ်လို့တော့ ပြောတယ်။ ဒီနေ့တော့ အကြောင်းကြားစာတွေ လာပို့ထားတယ်” ဟိုပုံးမြို့ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမှုအကြောင်းပြချက်ဖြင့် စစ်တပ်က ၂၀၂၁ ခုနစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်းမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ကြပ်တည်းမှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် နိုင်ငံရေးနည်းလမ်းဖြင့် ထွက်ပေါက်ရှာနိုင်ရန်အတွက် ရွှေးကောက်ပွဲကို ပြန်လည်ကျင်းပခြင်း ဖြစ်သည်။

ထိုသို့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်အတွက် အကြမ်းဖက်အဖွဲ့များ၊ သောင်းကျန်းသူများဟု စစ်ကောင်စီက သုံးနှုန်းထားသော တော်လှန်ရေးအင်းအားစုများ လက်နက်စွန့်၍ ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီက ကမ်းလှမ်းထားသည်။

သို့သော် စစ်ကောင်စီ၏ ရွေးကောက်ပွဲကမ်းလှမ်းချက်ကို လက်မခံနိုင်ဟု တော်လှန်ရေး အင်းအားစုများက တုံ့ပြန်ထားသည်။

“စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို ကိုင်ဆွဲပြီး တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်မယ်ဆိုတာက မဖြစ်နိုင်တာပါ။ တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှုမရှိသေးသ၍တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်သေးသ၍၊ တိုင်းရင်းသာ တန်းတူညီမျှမရှိရေးအတွက် မလုပ်နိုင်သေးသ၍ ဒီနိုင်ငံမှာ တော်လှန်မှုတွေ၊ စစ်ပွဲ၊ တိုက်ပွဲ ပဋိပက္ခတွေ ပေါ်ပေါက်ဦးမှာပဲ” ဟု တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်အတွက် လိုအပ်သော အချက်လက်များကို ကောက်ယူခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် အချက်လက်အလွဲသုံးမှုတို့ မဖြစ်ပေါ်စေရန် ဥပဒေဖြင့် ကာကွယ်ပေးထားသည်ဟု စစ်ကောင်စီက ဆိုသော်လည်း အာဏာသိမ်းမှု ဆန့်ကျင်သူ အများအပြားက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။

“ သန်းခေါင်စာရင်းလာကောက်တာ အိမ်တွေဆို ဂရန်လား၊ ၁၀၅ လား၊ အရပ်စာချုပ်လား။ ကားဆိုရင်လည်း လိုင်စင်လား၊ အလွတ်လား။ မိသားစုဘယ်နှစ်ယောက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်လား လာမေးသွားဖူးတယ်။ အခုလည်း ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတော့ ကိုယ်တွေကတော့ ပူးပေါင်းမှာမဟုတ်ဘူး” ဟု တောင်းကြီးမြို့ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ချင်းလက်နက်ကိုင် ၆ ဖွဲ့ ပါဝင်သည့် ချင်းညီနောင်အဖွဲ့က ၎င်းတို့ဒေသအတွင်း သန်းခေါင်စာရင်း ကောက်ယူမှုကို တားမြစ်ပြီး ပူးပေါင်းပါဝင်သူတို့ကို အရေးယူမည်ဟု စက်တင်ဘာ ၃၀ တွင် ကြေညာချက် ထုတ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...