လမ်းပျောက်နေသည့် စစ်ကောင်စီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ပြင်ဆင်ပြန်

နိုင်ငံတဝှမ်း စစ်ရှုံးပြီး နိုင်ငံရေးအရ လမ်းပျောက်နေသည့် စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ် အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း စစ်ကောင်စီ လက်အောက်ခံ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

အထွေထွေ ရွေးကောက်ပွဲ အခြေခံ မဲစာရင်း ပြုစုနိုင်ရေး ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်ထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်ရေး တရုတ်၊ အိန္ဒိယနှင့် အာဆီယံ တို့က အကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း ၄င်းကဆိုသည်။

“အခုနှစ်ကုန်ပိုင်း သန်းခေါင်စာရင်း ကောက်မယ်။ ဒီစာရင်းအပေါ် အခြေခံပြီး မဲစာရင်းပြုစုမှာပါ။ လာမယ့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာမှာ လုပ်မယ်လို့ လျာထားပါတယ်။ ၅ နှစ် တကြိမ် ရွေးကောက်ပွဲ ကွင်းဆက် မပြတ်အောင်ပေါ့။ ဘယ်နှစ်မြို့နယ် လုပ်နိုင်မယ်၊ မဲဘယ်လိုပေးမယ် စသဖြင့်ပေါ့ ပြောဖို့ ခက်ပါသေးတယ်” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

ပြီးခဲ့သည့် သီတင်းပတ် အတွင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr Alounkeo Kittikhoun ၊ အာဆီယံ အတွင်းရေးမှူးချုပ် Dr Kao Kim Hourn တို့နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံခဲ့ပြီး ယင်းမတိုင်မီ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုများတွင် မြန်မာနိုင်ငံ အခြေအနေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးနှင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပရေး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယခုနှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်မည်ဟုဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန် မေလ ဒုတိယ အပတ် အတွင်းက ရန်ကုန်မြို့သို့ လာရောက်ခဲ့သည့် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း ကလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို အမိန့်ပေးထားသည်။

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီထံ ပြန်လည် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ တစ်ခုမှ အမည်ဖော်ပြလိုခြင်း မရှိသည့် တာဝန်ရှိသူ တစ်ဦးက “သတင်းတော့ ကြားတယ်။ ကော်မရှင်က တရားဝင် အကြောင်းကြားတာမျိုးတော့ မရှိသေးပါဘူး။ အခုနှစ်ကုန်ပိုင်းလောက် တရားဝင် ကြေညာမယ်လို့တော့ မှန်းတယ်ပေါ့။ ခုအခြေအနေက ဒီကြားထဲလည်း အပြောင်းအလဲ တခုခု ဖြစ်သွားနိုင်တယ်လေ” ဟုမှတ်ချက်ပြုသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အနေဖြင့် ဒီမိုကရေစီ ခိုင်မာရေး ရွေးကောက်ပွဲ အမြန်ဆုံး ပြန်လုပ်ပေးမည်ဟု အကြိမ်ကြိမ် ပြောဆိုနေသော်လည်း ယနေ့တိုင် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလ တိတိကျကျ ထုတ်ပြန် ကြေညာခြင်း မရှိဘဲ အတိုက်အခံများကို နှိမ်နင်းနေဆဲ ဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၏ အကျိုးဆက် အဖြစ် နိုင်ငံတဝှမ်း တော်လှန်မှုများ ကြုံတွေ့နေရပြီး နယ်မြေ အများအပြား လက်လွှတ်နေရသည့် စစ်ကောင်စီ အနေဖြင့် ရွေးကောက်ပွဲ ဆိုသည်မှာ နိုင်ငံရေး ထွက်ပေါက် အဖြစ် အသုံးချမည့် လက်နက် တစ်ခုသာ ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...