စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကာလ ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များ သက်တမ်းကုန်ဆုံးချိန်ဖြစ် 

ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းသိမ်းယူထားသည့် စစ်ကောင်စီမှ ဦးစီးကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ လဆန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

မတ်လ (၉) ရက်နေ့တွင် ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်တွင်းအခြေစိုက် မီဒီယာများနှင့် အင်တာဗျူးဖြေကြားစဉ် ပါတီစုံ ဒီမိုကရေစီစနစ်ကို အမှန်တကယ် လိုချင်ပါက ကဏ္ဍကောစ (အတိုက်အခံ) မလုပ်ဘဲ ပူးပေါင်းကြရန် ထည့်သွင်းပြောဆိုခဲ့သည်။

အလားတူ မတ်လ (၇) ရက်တွင် ဘီလာရုစ်နိုင်ငံ သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာ ပြုလုပ်စဉ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

“သန်းခေါင်စာရင်း ကောက်ထားပေမယ့် အခုချိန်ထိ မဲပေးပိုင်ခွင့် အကျုံးဝင်သူစာရင်း မထုတ်ပြန်နိုင်သေးဘူး။ နစက လုပ်မယ့် ရွေးကောက်ပွဲက မှန်းထားတဲ့ အချိန်ဇယားအရ ဆိုရင် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ဖြစ်ဖို့များမယ်။ အဲ့အချိန်လုပ်ရင် အရင်က ၂၀၂၀ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေလည်း သက်တမ်းကုန်သွားပြီ၊ ဒါမှပဲ တရားဝင်မှုပိုင်းရော ဥပဒေရေးရာမှာရော ပွတ်တိုက်မှု မဖြစ်နိုင်မှာ”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြို့ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

အလားတူ လာမည့်ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းမှ ၂၀၂၆ ဇန်နဝါရီ ဒုတိယပတ်အတွင်း ကျင်းပမည်ဖြစ်ပြီး ရုရှားနှင့် ဘီလာရုစ်နိုင်ငံများမှ အားပေးထောက်ခံကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာမှတဆင့် ထပ်မံအတည်ပြု ပြောဆိုထားသည်။

နိုင်ငံတဝှမ်း နယ်မြေထက်ဝက်ကျော် လက်လွတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် ရွေးကောက်ပွဲကို မြို့နယ်အားလုံးပေါင်း (၃၃၀) တွင် ကျင်းပနိုင်မည် မဟုတ်ဘဲ လွှတ်တော်အတွင်း ၎င်းတို့ လိုအပ်မည့် ကိုယ်စားလှယ်အရေအတွက် ပြည့်မီရုံသာ စီစဉ်ပြီး ကျင်းပသွားနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

“စစ်တပ်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ရပြီးသား ရှိတယ်။ လွှတ်တော် အထမြောက်ဖို့ လိုတဲ့ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကျော်ကို နိုင်ငံရေးပါတီ သုံးခု၊ လေးခုလောက်က ဝိုင်းရံပေးလိုက်ရင် သူ့အတွက် လုံလောက်ပြီ။ မြို့နယ် ၃၂၅ ခုမှာ အားလုံး မလုပ်နိုင်ရင်တောင် တစ်ဝက်ပေါ့၊ အဲ့ထက်လျော့ရင်တော့ လေးပုံတစ်ပုံပေါ့။ မြို့နယ် ၈၀ လောက်နဲ့ ရွေးကောက်ပွဲ လုပ်ပြီး အစိုးရ ဖွဲ့သွားနိုင်တယ်”ဟု ၎င်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

ထို့ကြောင့် စစ်ကောင်စီသည် အထွေထွေရွေးကောက်ပွဲကို မြို့နယ်ပေါင်း (၃၃၀) ရှိသည့် အနက် ထက်ဝက်ဖြစ်သည့် (၁၆၇) မြို့နယ် သို့မဟုတ် လေးပုံတစ်ပုံဖြစ်သည့် မြို့နယ် (၈၀) ကျော်တွင်သာ စီစဉ်ကျင်းပသွားနိုင်မည်ဟု ဆိုသည်။

စစ်ကောင်စီသည် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များ၏ ထိုးစစ်ကို ရင်ဆိုင်နေရပြီး အရေးပါသည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ)နှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် (နပခ) တို့ကို လက်လွတ်ထားရပြီး မြို့ပေါင်း (၁၀၀) နီးပါးကိုလည်း တော်လှန်ရေးတပ်ဖွဲ့များထံ ဆုံးရှုံးထားသည်။

ယာယီသမ္မတ ရာထူး ရယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်အေးချမ်းမှု လိုအပ်ဟု အကြောင်းပြကာ ဇန်နဝါရီလ (၃၁) ရက်တွင် နိုင်ငံတော်အရေးပေါ် အခြေအနေကို (၇) ကြိမ်မြောက် သက်တမ်းတိုးခဲ့သည်။ 

လက်ရှိတွင် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ (၅၀) ကျော် ရှိနေပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းထားသည်။ 

၎င်းတို့အထဲမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) တို့ကို တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်နိုင်ငံတို့ ယမန်နှစ် ၂၀၂၄ ဇူလိုင်လအတွင်း လေ့လာရေးခရီး ဖိတ်ခေါ်ခဲ့သည်။

၂၀၂၅ အတွင်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် အချို့လည်း ဆန့်ကျင်ကန့်ကွက်ထားပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ဦးစားမပေးဘဲ အပစ်အခတ် ရပ်စဲပြီး တွေ့ဆုံဆွေးနွေးပွဲ စတင်နိုင်ရန် ဇန်နဝါရီ (၁၉) ရက်တွင် တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...