ရွာငံ

ရွာငံ နဘန်းကြီးဒေသခံများ စစ်ကောင်စီဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်း

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။ စစ်ကောင်စီ မှ အပြစ်မဲ့ပြည်သူများဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာငံမြို့နယ် ရဲစခန်းသို့ ချုပ်နှောင်ကာ ငွေကြေးအဆမတန်တောင်းယူနေကြောင်း ငွေကြေးချမ်းသာသည့် မိသားစုဝင်ကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။  “ နဘန်းကြီးရွာဘက်မှ ငွေကြေးချမ်းသာတဲ့မိသားစုတွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းနေကြတာပါ။ ရွာငံမြို့မရဲစခန်းမှာ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းပြီး ငွေကြေးအဆမတန်တောင်းခံနေတာတွေရှိတယ်။ ဆိုင်ကယ်ဝပ်ရှော့က အကိုတစ်ယောက်...

ရွာငံစစ်ရှောင် ကူညီရန်သွားသူများ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားဆီးပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများနှင့် စစ်ဘေးသင့်ပြည်သူ များထံ စားနပ်ရိက္ခာတချို့ ကူညီထောက်ပံ့ရန်သွားသည့် လူမှုကူညီရေးအသင်းများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ် အရောက်တွင် နောက်ပြန်လှည့်လာခဲ့ရကြောင်း သတင်းသိရသည်။အောင်ပန်း - ရွာငံလမ်းမပေါ်မှ ကျုံးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်းခြင်း ခံရပြီး ရိက္ခာနှင့်ဆေးဝါးတချို့သယ်ဆောင်လာကြောင်းပြောဆိုသော်လည်း လက်မခံသဖြင့် နောက်ကြောင်း...

ရွာငံ PDF စခန်းတစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်စီးနင်း

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီမှ ရှာဖွေတွေ့ရှိသွားပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့( ဧပြီလ ၂၀ )ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ အနောက် ဘက်ရှိ တောင်ကြားအတွင်း ရှိနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း...

ရွာငံမြို့နယ်အတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဓါးဖြင့်ထိုးသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှ ဒလန်ဟု သတ်မှတ်ခံရသူသည် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညနေ(၃)နာရီခွဲဝန်းကျင်တွင် ၎င်း၏နေအိမ်အတွင်း၌ရှိနေစဉ် အသတ်ခံလိုက်ရကြောင်း သိရသည်။ အသတ်ခံရသူမှာ ကိုနိုင်ဦး ဖြစ်ပြီး ယခင်က စစ်သားလုပ်ခဲ့ဖူးသူဖြစ်ကြောင်း ရွာငံဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အသတ်ခံရသူက အရင် စစ်သားတွေကို ရွာထဲခေါ်ဝင်ဖူးတယ်၊...

ကိုဗစ်-၁၉ ကြောင့် Lockdown ခံရသည့် ရွာငံ ပြည်သူများအတွက် အလှူငွေကောက်ခံ

တောင်ကြီးမြို့ Ocean ရှေ့တွင် ယနေ့ (နိုဝင်ဘာ ၁၆)ရက် မနက်ပိုင်းတွင် ကိုဗစ်-၁၉ ကြောင့် lockdown ချခံပြည်သူများအတွက် အလှုငွေကောက်ခံသည့် ကမ်းပိန်တစ်ခုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထို့သို့အလှူငွေကောက်ခံရာတွင် ကိုဗစ် ၁၉‌ ကြောင့် ရွာငံမြို့ နယ် အတွင်းရှိ မြို့ကြီးကျေးရွာတွင် ရောဂါကူးစက် ပြန့်ပွားမှူကြောင့် lockdown...

ရွာငံ ကိုဗစ်-၁၉ လူနာ ဆေးရုံဆင်းခွင့်ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံတွင် ကိုဗစ်- ၁၉ အတည်ပြု လူနာ တစ်ဦး ဆေးရုံမှ ဆင်းခွင့်ရကြောင်း သိရသည်။   အဆိုပါ လူနာ အမှတ် ၂၃၀ သည် ဇွန်  ၂၄  ရက် က ဆေးရုံမှ ဆင်းခွင့်ရပြီး ရွာငံမြို့နယ်ရှိ Community...

သျှမ်းပြည်တွင် မိုးသီးကျမှုကြောင့် နေအိမ် ၊ သီးနှံစိုက်ခင်း ပျက်စီးမှု များ

သျှမ်းပြည်နယ် တွင် ယမန်နေ့ မိုးသည်းထန်စွာ ရွာသွန်းကာ မိုးသီးများ ကျသဖြင့် နေအိမ်များ၊ သီးနှံစိုက်ခင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ညနေပိုင်းတွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် နှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ မြို့ တွင် မိုးသီးများကျကာ နေအိမ်ခေါင်မိုးများ နှင့်...

ဖွံ့ဖြိုးတိုးတက်နေတဲ့ ကနေ့ခေတ်ထဲက ဖွံ့ဖြိုးမှုမရှိသေးတဲ့ ကျမတို့ သျှမ်းရွာ

မြို့တော်တောင်ကြီးအခြေစိုက်ရာ ခရိုင်အတွင်းက ကတ္တရာလမ်းရဲ့အဆုံးမှာ သျှမ်းရွာနှစ်ရွာရှိပါတယ်။ တပင် ပျော် ကျေးရွာနဲ့ ငှက်သောက်ကျေးရွာ နှစ်ရွာရဲ့အဝင်လမ်းဟာ မြေသားလမ်းဖြစ်ပြီး ချိုင့်ခွက်တွေပေါများလွန်း လှပါတယ်။ ပြောမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်နေတဲ့ ကနေ့ခေတ်မှာ ဖွ့ံဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ကျမတို့ သျှမ်းရွာတွေပဲ ဖြစ်ပါတယ်။ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရဲ့ မြောက်ဘက် ၁၇ မိုင်အကွာမှာရှိတဲ့ရွာဖြစ်ပြီး...

Latest news