ရွာငံစစ်ဆေး‌ရေးဂိတ်တွင် ရဲများက ပြည်သူများကို ငွေ အဆမတန် ခြိမ်းခြောက်တောင်းနေ

သျှမ်းတောင်၊ ရွာငံမြို့ အထွက် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ၏ လက်အောက်ခံ ရဲများက လမ်းသွား ပြည်သူများကို ငွေအဆမတန် ခြိမ်းခြောက် တောင်းနေကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့ အထွက် တောင်ကြီး- အောင်ပန်းသွားလမ်းပေါ်ရှိ စစ်ဆေးရေး ဂိတ်တွင် မေလ ၁၇ ရက်၌ စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့ ဝင်များက ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးမှုများ ပြုလုပ်ပြီး အကြောင်းပြချက် အမျိုးမျိုးဖြင့် ဖမ်းဆီးပြီး ဒဏ်ငွေ ၃သောင်းမှ ၅သောင်း အထိ ခြိမ်းခြောက်ပြီး အတင်းအဓမ္မ တောင်းနေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ဒေသခံများက သျှမ်းသံတော် ဆင့်ကို ပြောသည်။

“ ကျနော်ဆို ပိုက်ဆံ (၅ သောင်း) တောင်းလို့ ပေးခဲ့ ရတယ်။ ဆိုင်ကယ် ဦးထုပ် မပါလို့တဲ့၊ ပိုက်ဆံမပေးရင် အချုပ်ထဲ ထည့်မယ် လို့ပါပြောတော့ ကျနော်လည်း ပိုက်ဆံပေးခဲ့ ရတယ်။ “ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသည်မှာ သုံးကြိမ်ရှိပြီ ဖြစ်ပြီး နှစ်ကြိမ်တွင် ငွေပေးခဲ့ရပြီး တစ်ကြိမ်တွင် ဆိုင်ကယ် ထားခဲ့ရကာ နှစ်ရက်လောက်နေမှ ငွေ ၁သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း ၎င်းအမျိုးသားက ဆိုပါသည်။

အလားတူ ဆိုင်ကယ် ဖမ်းခံရသည့် အမျိုးသမီး တစ်ဦးမှာလည်း ငွေမပေးနိုင်သော ကြောင့် တောင်းပန်ခဲ့ရပြီး အချိန်ကြာမြင့်စွာ စစ်ဆေးခံခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဂိတ်နားမှာ အရင်က ဆိုင်ကယ် ဆင်းမတွန်းရဘူး။ ဒါနဲ့ စီးသွားလိုက်တာ ဖမ်းခံလိုက်ရတယ်။ သူတို့က ဆိုင်ကယ်သော့ပါ သိမ်းသွားတယ်။ ပိုက်ဆံ (၃သောင်း) တောင်းတယ်။ ကိုယ့်မှာလဲ မပါလာတာနဲ့ မနဲတောင်းပန်ခဲ့ရတယ်။ ရဲတစ်ယောက်နဲ့ အရင်က သိဖူးတော့ ဒါနဲ့ ပြန်လွှတ်ပေးလိုက်တာ။”ဟု အမျိုးသမီးက ဆိုသည်။

ထို့အပြင် အမျိုးသားများကို ပို၍ စစ်ဆေးငွေတောင်းနေပြီး အမျိုးသမီးများစုကို အချိန်ကြာသည်အထိ စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်ပေးကြောင်း၎င်း အမျိုးသမီးက ဆက်ပြော သည်။

စစ်ကောင်စီ၏ လက်အောက်ခံ ရဲများသည် ယခုကဲ့သို့ စစ်ဆေး ငွေအဆမတန် ခြိမ်းဆောက်တောင်းနေသည်မှာ (၂)လခန့် ကြာလာပြီဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ကားနှင့် ဆိုင်ကယ် ( ၁၅) စီးကျော် ရှိကြောင်း ရွာငံဒေသခံများကပြောသည်။

ထို့ပြင် ယခင်တွင် ငွေတောင်းခံမှု ပမာဏသည် ကျပ်ငွေ ၁သောင်းလောက်ရှိခဲ့ သော်လည်း ယခုကာလတွင် ငွေတောင်းခံမှု ပမာဏသည် ကျပ်ငွေ ၅သာင်း အထက် ပိုများလာကြောင်းစုံစမ်းသိရှိရပါသည်။

လက်ရှိတွင် ရွာငံမြို့နယ်ရှိ ကျေးရွာအများစုတွင် စစ်ကောင်စီများ တပ်စွဲထားပြီး ပေါ်တာဆွဲမှုများ ပြုလုပ်လျက် ရှိကာ ဧပြီလ ၂၁ ရက်တွင် စစ်ကောင်စီနှင့်ဂျိုးဖြူ PDF (JPRF) အဖွဲ့တို့ဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များက နွားပန်းကြီး ကျေးရွာတွင် လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

အလုပ်သင်သတင်းထောက်ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...