Wednesday, January 28, 2026

ငွေအဆမတန်ကောက်နေ

မိုင်းဖြတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ငွေအဆမတန်ကောက်ခံနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးဝေးသို့ ဆက်သွားမည့် ကားများကိုသာ ငွေအဆမတန် ကောက်ခံနေသည်ဟု စုံစမ်းသိရသည်။ မိုင်းဖြတ်မြို့အဝင် ဟိုနား(စောမွန်)ရွာရှိ စစ်ဆေးရေးဂိတ်တွင် ခရီးဝေးသို့ ဆက်သွားမည့် ခရီးသည်တင် ကားများနှင့် လူမျိုးဘာသာကို စစ်မေးပြီး ငွေအဆမတန် ကောက်ခံနေသည်ဟု ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံဆော်ဆင့်ကို ပြောသည်။ အဆိုပါ ကောက်ခံနေသည့်...

ရွာငံစစ်ဆေး‌ရေးဂိတ်တွင် ရဲများက ပြည်သူများကို ငွေ အဆမတန် ခြိမ်းခြောက်တောင်းနေ

သျှမ်းတောင်၊ ရွာငံမြို့ အထွက် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ၏ လက်အောက်ခံ ရဲများက လမ်းသွား ပြည်သူများကို ငွေအဆမတန် ခြိမ်းခြောက် တောင်းနေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့ အထွက် တောင်ကြီး- အောင်ပန်းသွားလမ်းပေါ်ရှိ စစ်ဆေးရေး ဂိတ်တွင် မေလ ၁၇ ရက်၌ စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့...

မုံးကိုးမြို့ပေါ် ကြံတင်ကားသမားများထံ ငွေကြေး အဆမတန် ကောက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်မှ ကြံတင်ကားသမားများထံ ဒေသခံပြည်သူ့စစ်နှင့် စစ်ကောင်စီ တပ်ဖွဲ့က ငွေကြေး အဆမတန် ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ မုံးကိုးမြို့ ၀င်ဂိတ်ကို ကျော်ဖို့အတွက် တစ်စီးလျှင် တရုတ်ယွမ် ၃၀၀ (မြန်မာပေါက်ငွေ ၈၁၆၃၀ ကျပ်)ပေးဆောင်ရကာ တချို့ကားသမားများက မပေးဆောင်နိုင်သဖြင့် လမ်းခရီးကြန့်ကြာမှုများရှိနေကြောင်း အမည်မဖော်လိုသည့် ကားသမားတစ်ဦး...

Latest news