မုံးကိုးမြို့ပေါ် ကြံတင်ကားသမားများထံ ငွေကြေး အဆမတန် ကောက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်မှ ကြံတင်ကားသမားများထံ ဒေသခံပြည်သူ့စစ်နှင့် စစ်ကောင်စီ တပ်ဖွဲ့က ငွေကြေး အဆမတန် ကောက်ယူနေကြောင်း စုံစမ်းသိရသည်။

ကြံကားသမားများထံ ငွေတောင်းခံနေသည့်ပုံ

မုံးကိုးမြို့ ၀င်ဂိတ်ကို ကျော်ဖို့အတွက် တစ်စီးလျှင် တရုတ်ယွမ် ၃၀၀ (မြန်မာပေါက်ငွေ ၈၁၆၃၀ ကျပ်)ပေးဆောင်ရကာ တချို့ကားသမားများက မပေးဆောင်နိုင်သဖြင့် လမ်းခရီးကြန့်ကြာမှုများရှိနေကြောင်း အမည်မဖော်လိုသည့် ကားသမားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကားတွေအရမ်းများတော့ တန်းစီပြီးစောင့်ရတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ ပြည်သူ့စစ်တွေကို ပိုက်ဆံပေးပြီး အလှည့်ကိုကျော်ဝင်ပါတယ်၊ ယွမ်ငွေ ၃၀၀ ဆိုရင် ကား ၁၀ စီးလောက်ပဲ ကျော်ရတယ်၊ ပြည်သူ့ စစ်တွေလုပ်စားတာပါ။ ပိုက်ဆံမပေးနိုင်ရင် ကားကိုမ‌ရွေ့ရတာ” ဟု အထက်ပါ ကားသမား အမျိုးသားက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဦးစီးပြီး ဖွင့်ထားသည့် မုံးကိုးမြို့အဝင်နားရှိ စစ်ဆေးရေးဂိတ်တွင် လည်း ကားသမားများ ကိုဗစ် စစ်ဆေးခ တစ်ဦးလျှင် ယွမ်ငွေ ၅၀ (မြန်မာငွေ ၁၅၀၀၀ ကျပ်) ပေးရသည့်အပြင် ကားသမားဝတ်ဆင်ရန် PPE ဝတ်စုံများလည်း ၎င်းတို့ထံမှ ဝယ်ယူရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အထက်ပါ ကားသမားက ဆက်လက်ပြောသည်။

မုံးကိုးမြို့ပေါ်မှ ကြံကားများ

“မြို့နယ်/ ထွေအုပ်တွေက ကိုဗစ်စစ်ခဆိုပြီး ကားသမားတစ်ယောက်ကို ယွမ် ၅၀ တောင်းပါတယ်၊ ပြီးတော့ အဲ့နားမှာ ဘီးလိမ့်ခွန်ကောက်တဲ့ ဂိတ်တစ်ခုရှိသေးတယ်၊ အဲ့မှာက ကားတစ်စီးကို ၁၀၀၀ ကျပ်ကောက်ပါတယ်။ ကားသမားတွေ ဝတ်ဖို့ PPE ဝတ်စုံကိုလည်း တရုတ်ပြည်က အလကားပေးလာတာကို တစ်စုံ ၁၅၀၀၀ ကျပ် ဆိုပြီး မဝယ်မနေရဝယ်ရတယ်” ဟု ၎င်းက ပြောပြထားသည်။

ထို စစ်ဆေးမှုနှင့် အခွန်တောင်းခံမှုများ တင်းကြပ်သည့်အပြင် ကားသမားတချို့က ၁၀ ရက်ကျော်အထိ တန်းစီစောင့်ဆိုင်းရသည့်အတွက် ကြံများအနံ့ထွက်ကာ တစ်စီးလုံးသွန်ပစ်လိုက်ရသည့် ကြံကားများလည်း ရှိကြောင်း သတင်းသိရသည်။

“အဲ့လို တန်းစီပြီးစောင့်ရတော့ တချို့ကားသမားတွေက ၁၀ ရက်ကျော်အထိ စောင့်ရတာရှိတယ်၊ အဲ့ကြောင့် ကြံတွေအပုပ်နံ့ထွက်ပြီး သွန်ပစ်လိုက်ရတာမျိုးတွေရှိတယ်၊ အဲ့လိုအကြာကြီး စောင့်ရတဲ့ ကားသမားအများစု က မူဆယ် နမ့်ခမ်းနဲ့ မော်တောင်းဘက်က ဖြစ်တယ်၊ သူတို့က ယွမ် ၃၀၀ ကို မပေးလို့ မဝင်ရတာပေါ့၊ အဲ့ကြောင့် မဝင်မချင်းစောင့်ရတယ်” ဟု မုံးကိုးမြို့ပေါ်မှ ကြံစိုက်တောင်သူ အမျိုးသားက ပြောသည်။

မုံးကိုးမြို့ပေါ်ရောက် ကြံကားများ

နမ့်ဖတ်ကာနှင့် ၁၀၅ မိုင်မှ ကြံစိုက်တောင်သူများသည် မုံးကိုးဘက်သို့သာ ကြံများကို ရောင်းချနိုင်သဖြင့် မြို့ထဲ ဝင်ရောက်နိုင်ရန်အတွက် ကြံတင်ကားသမားများက ရက်အတော်ကြာ တန်းစီစောင့်ဆိုင်းနေရကြောင်း အမည်မဖော်လို ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မုံးကိုးမြို့မှ တဆင့် တရုတ်ပြည်သို့ ပို့ဆောင်မည့် ကြံများသည် မူဆယ်၊ နမ့်ခမ်း၊ မုံးပေါ်၊ ၁၀၅ မိုင်နှင့် မော်တောင်းဘက်မှ စိုက်ပျိုးသည့် ကြံများဖြစ်ကြောင်းသိရသည်။

အဆိုပါ လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ် အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA) ၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ဌာနေပြည်သူ့စစ်များ လှုပ်ရှားရာ နယ်မြေဖြစ်သည့် အပြင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နယ်မြေလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...