ရေကြီး၊မြေပြိုမှုများကြောင့် ရွာငံ ဆန်ပြတ်လပ်မှု စတင်ကြုံနေရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိကျေးရွာအများစုတွင် ရေကြီး၊မြေပြိုမှုများကြောင့် ဆန်ပြတ်လပ်မှု စတင်ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ လယ်ပိုင်းမှစပြီး သျှမ်းပြည်နယ်တောင်ပိုင်း နှင့် မြန်မာနိုင်ငံနေရာအချို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊မြေပြိုမှုဆက်တိုက်ဖြစ်ပွားပြီး လမ်းများပျက်စီးကာ ကုန်သွယ်စီးဆင်မှု ပြတ်တောက်မှု ရှိလာသည်။

ထိုသို့ ကုန်သွယ်စီးဆင်းမှု ပြတ်တောက်လာသဖြင့် ရွာငံမြို့နယ်အတွင်း အဓိကစားသုံးကုန်ဖြစ်သည့် ဆန်များ ပြတ်လပ်လာပြီး ယခုရက်ပိုင်း ဆန်ဆိုင်များ ဆန်ရောင်းရန် မရှိသည့်အထိ ပြတ်လပ်လာသည်။

“ဆန်တွေ ခုထိမရောက်လာသေးဘူး။ ကလောနားမှာ လမ်းတွေပိတ်နေတော့ လာလို့မရဘူးထင်တယ်။ ဆန်က ရန်ကုန်ဘက် ကနေယူတာ။ ဘယ်ရက်နေ့ရောက်မလဲ တိကျမသိသေးဘူး။ အခု ရောင်းဖို့လည်း မကျန်တော့ဘူး။” ဟု ကုန်စုံဆိုင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဟံမြင်မိုရ် – ရွာငံ သွားတဲ့ လမ်းမကြီး

ရွာငံမြို့နယ်အတွင်းသို့ တင်သွင်းသည့် ဆန်သည် ရန်ကုန်နှင့် မန္တလေးဒေသဘက်မှ ဆန်များဖြစ်ပြီး ယခုလမ်းများ ပြတ်တောက်နေတာကြောင့် ကုန်ကားများလာရောက်ခြင်းမရှိသည့်အပြင် ဆန်များလည်း ဝင်ရောက်လာခြင်းမရှိကြောင်း ၎င်းအမျိုးသမီးက ဆိုသည်။

ထိုဆန်များပြတ်လပ်လာသည့်အတွက် ပိုက်ဆံရှိသူများသည် ဆန်ကိုဝယ်စုဆောင်းခြင်းပြုလုပ်သဖြင့် နေ့စားလုပ်ကိုင် စားသောက်သူများအတွက် အခက်အခဲများစွာဖြစ်နေသည်။

“ ပိုက်ဆံရှိတဲ့သူကတော့ ဆန်တွေကို ဝယ်စုကြတယ်။ ကျမတို့လို နေ့စားတွေကျတော့ ဆန်တွေကို ဘယ်လိုဝယ်စုနိုင်မှာလဲ။ အလုပ်လည်းမရှိနောက် ဆန်လည်း ပြတ်နေတော့ အငတ်ဘေးဆိုက်နိုင်တယ်” ဟု ရွာငံ ဒေသခံနေ့စားအမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့ပြင် လက်ရှိမှာ အိမ်ထဲတွင် ဆန်(၅)ပြည်သာ ကျန်ရှိတော့ကြောင်း၊ ဆန်များ မဝယ်နိုင်သည့်အတွက် ကျန်ရှိနေသည့် ဆန်များကို ပြောင့်ဖူးစေ့နှင့် ရောချက်စားသောက်နေရကြောင်းလည်း ၎င်းက နေ့စားအမျိုးသမီးက ပြောသည်။

“အခုဆို အိမ်မှာ ဆန်( ၅ )ပြည်လောက်ပဲ ကျန်တယ်။ ဆန်ကလည်း ပြည်ကောက်နဲ့ပဲ ဝယ်စားနေရတယ်။ ပိုက်ဆံနည်းနည်းရှိရင် နည်းနည်းဝယ်စား။ မရှိပဲရင် ငတ်နေရုံပဲပေါ့။ အရင်ကလိုမျိုး ပြောင်းဖူးစေ့နဲ့ထမင်း ရောချက်စားရမယ်ထင်တယ်။” ဟု ဒေသခံမျိုးသမီးတစ်ဦးက ပြောသည်။

ရွာငံဒေသခံများသည် လိမ္မော်နှင့် အခြားသောသီးနှံပေါ်သည့် အချိန်မှသာလျှင် ဆန်များကို တစ်နှစ်စာဝယ်ယူစုဆောင်းကြပြီး လိမ္မော်ခြံမရှိသည့် အခြေခံနေ့စားသမားများမှာ တစ်နေ့လုပ် တစ်နေ့ဝယ်စားရတာကြောင့် စုဆောင်းထားမှု မရှိကြပေ။

ယခင်နှစ်များတွင် ရေကြီးမှုမှာ အနည်းငယ်သာရှိခဲ့သော်လည်း ယခုနှစ်များတွင် စံချိန်တင် ရေကြီးမှုကြောင့် လယ်ယာ စပါးများပျက်စီးဆုံးရှုံးခဲ့ရကာ ဆန်ကုန်သည်များမှာလည်း သိုလှောင်ထားမှုအနည်းငယ်သာ ရှိကြောင်းသိရသည်။

“ဒီနှစ်စပါးက သုံးပုံတစ်ပုံ လောက်ပဲ ရတော့မယ်ထင်တယ်။အရင်နှစ်ကစပါးအတော်ရတယ်။ အခုက အမြင့်ပိုင်းဒေသမှာပဲ ကျန်တယ်။ စပါးကလောက်ငှတော့မှာမဟုတ်ဘူး။ “ ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ယခုလက်ရှိ ရွာငံတွင်ဆန်တစ်အိတ်လျှင် မြန်မာကျပ်ငွ ၁သိန်းခွဲမျှဈေးရှိနေပြီး အခြားသောစားသောက်ကုန်များမှာလည်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာသည်။

ဆန်အဓိကထွက်သည့် သျှမ်းတောင် ပုံးအင်းဒေသတွင် စပါးဧက ထောင်ပေါင်းများစွာနှစ်မြှုပ်သွားတာကြောင့် ဆန်စပါးပို၍ရှားပါးခက်ခဲလာနိုင်ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင်ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...